Home သတင်း ‌လေး‌ကေ‌ကော်ဘက် တိုက်ပွဲဖြစ်ပွားချိန် မြဝတီမြို့၌ ‌လောင်းကစားဝိုင်းနှင့်ပွဲ‌တော်များ ကျင်းပ‌နေမှုအ‌ပေါ် ‌ဝေဖန်မှုမြင့်တက်

‌လေး‌ကေ‌ကော်ဘက် တိုက်ပွဲဖြစ်ပွားချိန် မြဝတီမြို့၌ ‌လောင်းကစားဝိုင်းနှင့်ပွဲ‌တော်များ ကျင်းပ‌နေမှုအ‌ပေါ် ‌ဝေဖန်မှုမြင့်တက်

1443

ဒီဇင်ဘာ ၁၆ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့၏ ‌တောင်ဘက် ၉ မိုင် အကွာရှိ ‌လေး‌ကေ‌ကော် ဘက်တွင် နယ်‌မြေခံ ကရင်‌တော်လှန်‌ရေးတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့ တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိ‌နေ‌သော်လည်း မြဝတီမြို့တွင်း၌ အာဝါ‌ဒေး‌လောင်း ကစားဝိုင်းများနှင့် ‌ဈေးပွဲ‌တော်များ ကျင်းပပြုလုပ်မှု ရှိ‌နေသည့်အ‌ပေါ် ‌ဒေသခံပြည်သူများအကြား ‌ဝေဖန်မှု မြင့်တက်လျက် ရှိ‌နေသည်။

ဇာတ်ပွဲများသွင်းကာ ‌လောင်းကစားနည်းမျိုးစုံဖွင့်ထား‌သော ‌ဒေသအ‌ခေါ် (အာဝါ‌ဒေးပွဲများ) ကို မိုးအကုန်‌ဆောင်းအကူး ယခုလို ပွင့်လင်းရာသီ‌ရောက်တိုင်း မြဝတီမြို့တွင် နှစ်စဉ် ပြုလုပ်ခဲ့‌လေ့ရှိပြီး ယခုတစ်လအတွင်း မြို့‌ပေါ်နှင့် မြို့ပြင်‌နေရာ ၁ဝ ခု‌ကျော်တွင် ဖွင့်လှစ်ထားလျက်ရှိသည်ဟု မြို့ခံများက ‌ပြောသည်။

“အရင်ရက်‌တွေက‌တော့ ‌ရောင်ပြန် ရုပ်ရှင်ပိတ်ကား‌တွေနဲ့ပဲလုပ်တာ၊ အခု ဒီတစ်ပတ်အတွင်းမှာ ဇာတ်ပွဲ‌တွေ ပါလာပြီး‌လေ။ ပွဲသံ‌တွေ‌ကြောင့် အိပ်‌ရေးပျက် တာ‌တွေရှိသလို အခုလို မြို့ပြင် ‌လေး‌ကေ‌ကော်ဘက်မှာ တိုက်ပွဲ‌တွေဖြစ်‌နေလို့ ပြည်သူ‌တွေ ထိတ်လန့်‌နေချိန်မှာ ဇာတ်ပွဲ‌တွေ သွင်းပြီး ‌လောင်းကစားဝိုင်း ပြုလုပ်တာ‌တွေဟာမဖြစ်သင့်ပါ” ဟု မြဝတီ‌ဒေသခံ တစ်ဦးက ‌ပြောသည်။

အဆိုပါ ‌လောင်းကစားဝိုင်းများ‌ကြောင့် ပြည်သူများ အိပ်‌ရေးပျက်ရသလို ခိုးဆိုးလုနှိုက်မှုများလည်း ပိုများလာပြီး ပြည်သူများ၏ လူ‌နေမှုဘဝ လုံခြုံမှု ပို၍ကင်းမဲ့လာသည်ဟု မြဝတီ‌ဒေသခံပြည်သူများအကြား ‌ပြောဆိုမှုများရှိသည်။

“မြို့‌ပေါ်ရပ်ကွက်‌တွေမှာဆိုရင် ဟန်းဖုန်း‌တွေအစ ဆိုင်ကယ်‌တွေ ကား‌တွေအထိ သုခိုး အခိုးခံရမှု ပိုပြီး‌တော့ ဖြစ်လာတယ်။ ဒီရက်ထဲ ခိုးမှု‌တွေ အ‌မြောက်အများရှိခဲ့ ‌ပေမယ့် သူခိုး‌တွေကို သက်ဆိုင်ရာက ဖမ်းဆီးရမိတဲ့ သတင်းက မကြားမိသ ‌လောက်ပါပဲ။ ဖြစ်နိုင်ရင် ဒီ‌လောင်းကစားဝိုင်း‌တွေကို မရှိ‌စေချင်ဘူး” ဟု အခြား မြို့‌နေပြည်သူ တစ်ဦးကလည်း‌ပြောဆိုသည်။

လက်ရှိမြဝတီမြို့တွင် ‌ဒေသခံ လက်နက်ကိုင်အဖွဲ့တို့ မှ ဖွင့်လှစ်ထား‌သော အာဝါ‌ဒေး‌လောင်း ကစားဝိုင်း ၁ဝ ပွဲ ‌ကျော်ရှိ‌နေသည်ဟု မြို့ခံလူထုထံမှ သိရသည်။ ၎င်းအပြင် မြဝတီမြို့‌ပေါ် ဓိဌာန်‌အောင်ဘုရားကွင်းတွင်လည်း လာမည့် ဒီဇင်ဘာ ၁၇ ရက်‌နေ့မှစ၍ (၅) ရက်တိုင်တိုင် ‌ဈေး‌ရောင်းပွဲ‌တော် ကျင်းပပြုလုပ်ရန် ပြင်ဆင်လျက်ရှိဟု သိရသည်။

“ဒီလိုကာလမှာ ဒီပွဲ‌တွေကို မသွားတာ အ‌ကောင်းဆုံးပဲ ။ မြို့ပြင်က စစ်မီးက မြို့တွင်းကို မကူးစက်နိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မ‌ပြောနိုင်ဘူး။ ဖြစ်နိုင်ရင် အိမ်မှာဘဲ မိသားစုနဲ့‌နေပြီး သတင်းများကို မပြတ်နားစွင့်ကာ စစ်‌ရေးသတိရှိကြဖို့ လိုအပ်တယ်” ဟု အမည်မ‌ဖော်လိုသူ မြို့မိ၊ မြို့ဖ တစ်ဦးက ‌ပြောသည်။

သို့‌သော်လည်း မြဝတီမြို့အနီး ၉ မိုင်အကွာ ‌လေး‌ကေ‌ကော်ဘက်မှာဒီဇင်ဘာ ၁၅ ရက်‌နေ့မှစ၍ ယ‌နေ့ထိ KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့ နှင့် စစ်‌ကောင်စီတပ်များ ထိ‌တွေ့တိုက်ပွဲများပြင်းထန်လျက်ရှိသည်။ တိုက်ပွဲ‌ကြောင့် ‌လေး‌ကေ‌ကော်နှင့် အနီးဝန်းကျင်ရှိ ‌ကျေးရွာ‌ပေါင်း (၈) ရွာခန့်မှ ‌ဒေသခံပြည်သူ (၁၀၀၀၀) ဝန်းကျင်ခန့်မှာ စစ်‌ဘေးဒုက္ခများခံစား‌နေရပြီး နယ်ခြား‌သောင်ရင်းမြစ် တဖက်ကမ်း ထိုင်းနယ်စပ်အပါအဝင် နီးစပ်ရာသို့ တိမ်း‌ရှောင်‌နေရ‌ကြောင်း သိရသည်။

ထိုသို့‌သော အ‌ခြေအ‌နေတွင် မြဝတီမြို့တွင်းမှာ အာဝါ‌ဒေး ‌လောင်းကစားပွဲများနှင့် ‌ဈေးပွဲ‌တော်များကိုရပ်နားထားသင့်‌သော်လည်း ယခု မြို့ပြင်တွင် မငြိမ် သက်ဖြစ်ချိန် မြို့တွင်း၌ တည်ငြိမ်‌အေးချမ်း သ‌ယောင် စစ်‌ကောင်စီက ခွင့်ပြု ဖန်တီး‌နေသည့်ပုံစံသက်‌ရောက်‌နေ‌ကြောင်း မြို့ခံလူထုများအကြား ‌ဝေဖန်‌ပြောကြားမှုများ ရှိ‌နေသည်။

ထို့အပြင် ကရင်ပြည်နယ် ဖားအံ၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ စသည့်မြို့နယ်များ တွင်လည်း ‌ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများမှ ဦး‌ဆောင်ကာ အလားတူ အာဝါ‌ဒေး‌လောင်းကစားပွဲ‌တော်များ ကျင်းပလျက်ရှိသည်ဟု သိရသည်။