Home သတင်း ‌လေး‌ကေ‌ကော်တွင် တိုက်ပွဲ ထပ်မံဖြစ်ပွား‌နေ၊ ‌လေး‌ကေ‌ကော်နှင့် အနီးနားရှိ ‌ကျေးရွာမှ‌ဒေသခံ ၁၀၀ဝ နီးပါးတိမ်း‌ရှောင်‌နေရ၊

‌လေး‌ကေ‌ကော်တွင် တိုက်ပွဲ ထပ်မံဖြစ်ပွား‌နေ၊ ‌လေး‌ကေ‌ကော်နှင့် အနီးနားရှိ ‌ကျေးရွာမှ‌ဒေသခံ ၁၀၀ဝ နီးပါးတိမ်း‌ရှောင်‌နေရ၊

2303

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့‌တောင်ဘက် ၉ မိုင်အကွာအ‌ဝေးရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ယ‌နေ့ ည‌နေ ၆နာရီအချိန်က တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်‌ကောင်စီတပ်ဘက်က ကရင်လက်နက်ကိုင်တပ်ဖွဲ့များရှိသည်ဟု ယူဆသည့်‌နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် ‌လေး‌ကေ‌ကော်မြို့သစ် ရပ်ကွက်‌နေပြည်သူနှင့် အနီးအနားရှိ ‌ကျေးရွာများမှ ‌ဒေသခံ ၁၀၀ဝ နီးပါးမှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်ဟု သိရသည်။

‌လေး‌ကေ‌ကော် ရပ်ကွက် ၆ ခုမှ ပြည်သူများနှင့် ဖလူး၊ ရ‌သေ့ဂူ၊ ထီးမယ်ဝါးခီး စသည့်‌ကျေးရွာများမှ ‌ဒေသခံ တစ်‌ထောင်နီးပါးသည် နီးစပ်ရာ ‌ကျေးရွာရှိ ဘုန်းကြီး‌ကျောင်း၊ စာသင်‌ကျောင်းများတွင် လူစုခွဲပြီး ‌နေရာချထား‌ပေးရသည်ဟု ‌ဒေသခံလူငယ်များက ‌ပြောသည်။

“ရပ်ကွက်ထဲမှာ ပြည်သူ‌တွေ အများစုက လွတ်‌မြောက်မယ်လို့ ယူဆတဲ့‌နေရာ‌တွေမှာ တိမ်း‌ရှောင်‌နေကြပြီ‌လေ။ အချို့‌လောက်ပဲ ကျန်မယ်။ ကျမနဲ့ က‌လေး‌တွေကို‌တော့ လွတ်‌မြောက်တဲ့‌နေရာ ‌ရောက်ရှိ‌နေပါပြီ”ဟု ‌ဘေးလွတ်ရာတစ်‌နေရာတွင် ‌ရောက်ရှိ‌နေသည့် အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့နံနက် ၁၁ နာရီခွဲတွင် ‌လေး‌ကေ‌ကော် အမှတ် ၆ ရပ်ကွက်ကို စစ်‌ကြောင်းထိုး ဝင်‌ရောက် စစ်‌ဆေးမှုများ လုပ်‌ဆောင်လာသည့် စစ်‌ကောင်စီတပ်ဖွဲ့များသည် ယင်းရပ်ကွက်အ‌နောက်ဘက်ရှိ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်( KNLA) နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့-KNDO တပ်စခန်းများဘက်ကို နယ်‌မြေ ‌ကျော်လွန်ဝင်လာ‌သော‌ကြောင့် ၃ ‌နေရာထက်မနည်း ထိ‌တွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်‌ကောင်စီတပ်ဖွဲ့ဘက်က အရာရှိများ အပါအဝင် ၆ ဦးကျဆုံးပြီး ၈ ဦးထက်မနည်း အရှင်ဖမ်းမိခဲ့သည်ဟု ကရင်လက်နက်ကိုင်တပ်ဖွဲ့နှင့် နီးစပ်သည့်သတင်းများအရ သိရှိရ‌သော်လည်း ‌ကေအိုင်စီ-ကရင်သတင်းဌာနအ‌နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

မွန်းလွဲ ၁ နာရီ‌ကျော်တွင် တိုက်ပွဲများ ငြိမ်သက်သွားပြီး တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို လူ နာတင်ကား ၄ စီးဖြင့် မြဝတီမြို့ဘက်ကို ပြန်လည်သယ်‌ဆောင်သွားသလို မြဝတီမှ မယ်‌ထော်သ‌လေး -‌လေး‌ကေ ‌ကော်ဘက်သို့ စစ်ကား ၁ဝ စီးခန့် အင်အားဖြည့် ထပ်မံဝင်‌ရောက်လာသည်ဟုလည်း ကိုယ်တိုင်မြင်‌တွေ့ရသူများက ‌ပြောသည်။