Home သတင်း မြဝတီ-‌ကော့ကရိတ်အာရှလမ်း‌ပေါ်ရှိ ‌ကော့နွဲတံတားတွင် မိုင်းတစ်လုံး‌တွေ့ရှိ၍ ယာဉ်ဖြတ်သန်းသွားလာမှု‌ခေတ္တပိတ်

မြဝတီ-‌ကော့ကရိတ်အာရှလမ်း‌ပေါ်ရှိ ‌ကော့နွဲတံတားတွင် မိုင်းတစ်လုံး‌တွေ့ရှိ၍ ယာဉ်ဖြတ်သန်းသွားလာမှု‌ခေတ္တပိတ်

1086
Photo: CJ

ဒီဇင်ဘာ ၂၄ ရက် ၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်း‌ကြောင်းဖြစ်‌သော မြဝတီ-‌ကော့ကရိတ် အာရှလမ်း‌ပေါ် ‌ကော့ကရိတ်ဘက်ခြမ်း‌ဒေါန‌တောင်‌ခြေရှိ ‌ကော့နွဲတံတားတွင် မိုင်းတစ်လုံး‌တွေ့ရှိ၍ စစ်‌ကောင်စီတပ်မှ မိုင်းရှင်းလင်း‌ရေး‌ဆောင်ရွက်‌နေချိန် ယာဉ်ဖြတ်သန်းသွားလာမှု ‌ခေတ္တပိတ်သွား‌ကြောင်း သိရသည်။

ယ‌နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ‌ကော့နွဲတံတား‌အောက်တွင် မိုင်းတစ်လုံး‌တွေ့ရှိပြီး‌နောက် ယာဉ်ဖြတ်သန်းသွားလာမှုကို ၃ နာရီနီးပါး ပိတ်ထားခဲ့ရသည်ဟု ယ‌နေ့ မြဝတီမှ ဖားအံသို့ ခရီးသွား‌နေသည့် ‌ဒေသခံတစ်ဦးက ‌ပြောသည်။

” ည‌နေ ၄ နာရီ‌ကျော်‌လောက်မှာ မိုင်းရှင်းလို့ ပြီးသွားပါတယ်။ မိုင်းရှင်းလင်း‌ရေး ‌ဆောင်ရွက်‌နေတဲ့ ကြာချိန် ၃ နာရီနီးပါး ယာဉ်ဖြတ်သန်း သွားလာမှု‌တွေ‌ပေးမလုပ်ပါဘူး။ အခု‌တော့ ယာဉ်‌တွေ ပုံမှန် သွားလာ‌နေကြပြီး။ ဒီမိုင်းက အလုံးကြီးတယ် ။ ချိန်ကိုက်မိုင်းဖြစ်ဖို့များတယ်။ တံတားကြမ်းခင်းကပ်လျက် ‌အောက်ဘက်မှာ ‌ထောင်ထားတာ။ တကယ်လို့သာ ‌ပေါက်ကွဲမှုဖြစ်ခဲ့ရင် တံတားကျိုးပျက် သွားနိုင်တယ် ”ဟု ၎င်းက ‌ပြောသည်။

ယခု မိုင်း‌တွေ့ရှိခဲ့သည့် မြဝတီ-‌ကော့ကရိတ် အာရှလမ်း‌ပေါ် ‌ကော့ကရိတ်ဘက်ခြမ်း ‌ဒေါန‌တောင်‌ခြေရှိ‌ကော့နွဲတံတားသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်‌နေ့ ညပိုင်းကလည်း မိုင်း‌ဖောက်ခွဲမှု ခံခဲ့ရပြီး တံတားမှာ ကျိုးပျက်သွားသည့် အ‌ခြေအ‌နေထိ မရှိခဲ့‌ကြောင်း သိရသည်။