Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသကို ယ‌နေ့ စစ်‌ကောင်စီ တိုက်‌လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

‌လေး‌ကေ‌ကော်‌ဒေသကို ယ‌နေ့ စစ်‌ကောင်စီ တိုက်‌လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

1582

ဒီဇင်ဘာ ၂၄ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့၏ ‌တောင်ဘက်ခြမ်း ၉ မိုင်ခန့်အကွာရှိ ‌လေး‌ကေ‌ကော်‌ဒေသကို ယ‌နေ့ မွန်းလွဲ ၃း၄ဝ အချိန်ခန့်က စစ်‌ကောင်စီအဖွဲ့မှ တိုက်‌လေယာဉ်ဖြင့် လာ‌ရောက်ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

“တိုက်‌လေယာဉ် ၂ စီးနဲ့ လာထပ်ပစ်တာ။ ဒီ‌နေ့ မွန်းလွဲ ၃း၄၅ အချိန်ထိ နှစ်ချက်ရှိသွားပြီး ။ လက်ရှိ ‌လေး‌ကေ‌ကော်‌ဒေသအနီးမှာ စစ်‌ရှောင်‌နေသူ‌တွေ ရှိ‌နေတဲ့အတွက် စိတ်ပူမိတယ်” ဟု ၎င်း‌ဒေသခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်‌ဒေသသို့ ယမန်‌နေ့ည ၁ဝ နာရီဝန်းကျင်ကလည်း စစ်‌ကောင်စီဘက်မှ တိုက်‌လေယာဉ်ဖြင့် လာ‌ရောက် ဗုံးကြဲခဲ့၍ ‌ဒေသခံပြည်သူ တစ်‌ထောင်ဝန်းကျင် ထိုင်းဘက်သို့ ညတွင်းချင်း စစ်‌ရှောင်‌ပြေးခဲ့ရပြီဖြစ်သည်။

ယ‌နေ့ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီဝန်းကျင်မှစ၍ စစ်‌ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်‌ဆောင်‌နေပြီး ယခု မွန်းလွဲ ၃ နာရီခွဲ‌ကျော်တွင် တိုက်‌လေယာဉ်ဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်မှုအ‌ခြေအ‌နေကို‌တော့ လတ်တ‌လော အ‌ခြေအ‌နေအရ အတည်မပြုနိုင်‌သေးပါ။