Home သတင်း ကံ‌ပေါက်‌ဒေသ တက်ကြွလူငယ်များ လူ့အခွင့်အ‌ရေး‌နေ့ တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်

ကံ‌ပေါက်‌ဒေသ တက်ကြွလူငယ်များ လူ့အခွင့်အ‌ရေး‌နေ့ တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်

968

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင် ‌ရေဖြူမြို့နယ် ကံ‌ပေါက်‌ဒေသအတွင်းရှိ ‌တော်လှန်‌ရေးတက်ကြွသူ လူငယ်အမျိုးသား အမျိုးသမီးများက ယ‌နေ့ ဒီဇင်ဘာလ ၁ဝရက်‌နေ့ နံနက် ၁ဝနာရီတွင် Black Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြ သည်။

အနက်‌ရောင်ဝတ်စုံများကို ဝတ်ဆင်ကာ လက်သုံး‌ချောင်း‌ထောင်၍ “ဆိတ်သုဉ်း‌နေတဲ့ လူ့အခွင့်အ‌ရေး ‌တော်လှန်‌ရေးနှင့် သိမ်းပိုက်ကြ” “စစ်အာဏာရှင်စနစ်‌အောက် ရှိ‌နေသမျှ လူ့အခွင့်အ‌ရေးအ‌ကြောင်း စကား‌တောင် ဟလို့မရ” “ငါတို့မြို့ ကို ငါတို့ပိုင်တယ်၊ ငါတို့ငြိမ်ချင်ငြိမ်မယ်၊ ငါတို့လှုပ်ချင်လှုပ်မယ်” “တိတ်ဆိတ်ခြင်းရဲ့ အကျယ်‌လောင်ဆုံး ဟစ်‌ကြွေးသံ ကို အာဏာရှင်‌တွေ ကြား‌စေရမယ်” ဟူ‌သော စာတန်းများဖြင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြခဲ့ကြသည်။

ဒီဇင်ဘာလ ၁ဝရက်‌နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့ ဖြစ်ပြီး အဆိုပါလှုပ်ရှားမှုတွင် လူငယ်‌မောင်မယ် ၁၅ဦးပါဝင်ခဲ့ကြသည်။

အလားတူ ကံ‌ပေါက်‌ဒေသရှိ ပြည်သူလူထုသည် ဆိုင်ခန်းများပိတ်ပြီး စစ်အာဏာရှင် ‌တော်လှန်‌ရေး အသံတိတ်သပိတ် တွင် ပါဝင်‌နေကြပြီး ယ‌နေ့တွင် ကံ‌ပေါက်တိုက်နယ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။