Home သတင်း လှိုင်းဘွဲ၊ ဒိုင်းပြစံပြ‌ကျေးရွာတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံ‌ရောင်းချ‌နေ

လှိုင်းဘွဲ၊ ဒိုင်းပြစံပြ‌ကျေးရွာတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံ‌ရောင်းချ‌နေ

1486

ဒီဇင်ဘာ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ရှိ ဒိုင်းပြစံပြ‌ကျေးရွာတွင် ဒိုင်းပြ‌ကျေးရွာ စစ်‌ကောင်စီခန့် အုပ်ချုပ်‌ရေး မှူးလက်မှတ်ပါသည့် ပြင်ပထွက်ခွာခွင့်လက်မှတ်များကို ဒီဇင်ဘာလ ၁ ရက်‌နေ့ ည‌နေ ၆ နာရီအချိန်တွင် ရွာသားများထံ လိုက်လံ‌ရောင်းချမှုလုပ်‌ဆောင်ခဲ့‌ကြောင်း သိရှိရသည်။

အဆိုပါ ပြင်ပထွက်ခွာခွင့်လက်မှတ်များကို ဆယ်အိမ်မှူးတို့က ရွာသူရွာသားများ၏‌နေအိမ်သို့ လိုက်လံ‌ရောင်းချ‌နေခြင်းဖြစ်ကာ လက်မှတ်များကို တစ်‌စောင်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ‌ရောင်းချခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

သူက “ ဆယ်အိမ်မှူးနှစ်‌ယောက်ကလက်မှတ်ကို တစ်‌စောင် (၁၀၀၀)နှုန်းနဲ့ လာပြီး‌ရောင်းသွားတယ်။ တစ်အိမ်တစ်‌စောင်ဝယ်ထားမယ်ဆိုရင် အဲ့ဒီဝယ်ထားတဲ့လက်မှတ်ကိုပဲ မိတ္ထူကူးပြီး‌တော့လည်း သုံးလို့ရ တယ်။ လက်မှတ်မပါဘဲ အပြင်ထွက်ရင် ဘာဖြစ်မလဲ ဆိုတာကို ‌မေး‌တော့ ဘာမှပြန်‌ဖြေ ‌ပေးတာ လည်းမရှိဘူး။ အရင်ကိုဗစ်ကာလတုန်းကဆိုရင် ဖားအံ‌တွေဘာ‌တွေဆင်းဖို့ အတွက် လက်မှတ်လုပ်တဲ့ အခါမှာ‌တော့ ဘာပိုက်ဆံမှ မ‌ပေးရဘူး။” ဟု ‌ပြောသည်။

မြို့နယ် စစ်‌ကောင်စီ၏ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးမှ ပြန်လည်ခန့်အပ်သည့် ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူး၏‌စေခိုင်းချက်ဖြင့် ထိုလက်မှတ်များကို ‌ရောင်းချခြင်းဖြစ်သလို လှိုင်းဘွဲမြို့ လူဝင်မှုကြီး ကြပ်‌ရေးရုံး(လဝက)ကလည်း ၎င်းလက်မှတ်များကို ပြုလုပ်ရန် ညွှန်ကြားထား‌ကြောင်း အုပ်ချုပ်‌ရေးမှူးများနှင့် နီးစပ်သူများက ‌ပြောသည်။

ထို့အပြင် ဒိုင်းပြစံပြ‌ကျေးရွာနှင့် (၁)မိုင်‌ကျော်ခန့်သာ‌ဝေးသည့် လှိုင်းဘွဲမြို့သို့သွားသည့် အခါတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်ကို တစ်ပါတည်းယူ‌ဆောင်သွားရမည်ဟုလည်း ဆယ်အိမ်မှူးက ‌ပြောကြားထားဟု ဆိုသည်။ ယခုလို အုပ်ချုပ်‌ရေးမှူးလက်မှတ်ပါ ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံ‌ရောင်းချမှုမှာ လှိုင်းဘွဲမြို့နယ်ထဲတွင် ဒိုင်းပြစံပြ‌ကျေးရွာတစ်ခုတည်းသာ လုပ်‌ဆောင်ရှိ‌သေးသည်ဟု သိရှိရသည်။

ယခင်က လှိုင်းဘွဲ့မြို့နှင့် ဒိုင်းပြ‌ကျေးရွာကြားရှိ ကိုဗစ်စစ်‌ဆေး‌ရေးဂိတ်ပြုလုပ်ထားသည့် ‌နေရာတွင် လည်း လတ်တ‌လောတွင် စစ်‌ကောင်စီတပ်ဖွဲ့ မှ စစ်‌ဆေး‌ရေးဂိတ်ပြုလုပ်ကာ စစ်‌ဆေးမှုများကို တင်းကြပ်စွာပြုလုပ်‌နေ‌ကြောင်းလည်း သိရှိရသည်။