Home သတင်း အာရှလမ်းတွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် ‌ကော့ကရိတ်မြို့အနီး တိုက်ပွဲများဆက်ဖြစ်

အာရှလမ်းတွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် ‌ကော့ကရိတ်မြို့အနီး တိုက်ပွဲများဆက်ဖြစ်

990
Photo: KNLA

ဒီဇင်ဘာ ၁၆ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ-‌ကော့ကရိတ် အာရှလမ်းတွင် စစ်‌ကောင်စီတပ်ကား ၅ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး‌နောက် ‌ကော့ရိတ်မြို့‌တောင်ဘက် ‌ကော့နွဲ့ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ‌ကြောင်း သိရသည်။

ယ‌နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီဘက်သို့ အင်အားဖြည့်ရန် တက်လာသည့် စစ်‌ကောင်စီ ကား ၅ စီး ခန့်အား KNLA အဖွဲ့မှ အာရှလမ်း ‌တော‌နော်‌ရေတံခွန်အနီးနှင့် ‌မွေးမြူ‌ရေးဇုန်‌နေရာတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်‌ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအဝင် ၁ဝ ဦးခန့်‌သေဆုံးခဲ့‌ကြောင်း နယ်‌မြေခံ သတင်းရင်းမြစ် တစ်ခုက ‌ပြောသည်။

ထိုသို့ အာရှလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး‌နောက် ယ‌နေ့ ည‌နေ ၆ နာရီခန့်တွင် ‌ကော့နွဲ့ရွာဘက်ခြမ်းကို စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်‌နေ‌ကြောင်း ‌ကော့နွဲ့‌ကျေးရွာအနီး‌နေသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ည ၆ နာရီ မှာ အလုံးကြီး‌တွေစပစ်‌နေပြီး။ ‌ကော့နွဲရွာနားကျ‌လောက်တယ်” ဟု ၎င်း‌ဒေသခံက ‌ပြောသည်။ လက်ရှိ အ‌ခြေအ‌နေအရ စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ ၆ မဟာမိတ်ပူး‌ပေါင်းအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲများ ဆက်ဖြစ်‌နေပြီး တိုက်ပွဲအရှိန်ပိုမို ကြီးထွားလာနိုင်သည့်အတွက် မြဝတီ-‌ကော့ကရိတ် အာရှလမ်း‌ပေါ်တွင် ခရီးသွားလာမှုများ မပြုလုပ်ကြရန် တိုက်တွန်းနှိုး‌ဆော်လျက်ရှိသည်။

Photo: KNLA