Home သတင်း မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန်ကြိုဆိုမှု တန်‌ဆောင်တိုင်ကာလ ၅ ရက် နားမည်

မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန်ကြိုဆိုမှု တန်‌ဆောင်တိုင်ကာလ ၅ ရက် နားမည်

895
Photo: CJ

နိုဝင်ဘာ ၁၅ ရက် ၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲ‌ဆောက် အမှတ် ၂ ချစ်ကြည်‌ရေးတံတား မှတဆင့် ထိုင်းနိုင်ငံမှ ပြန်လာသည့် ‌နေရပ်ပြန် မြန်မာလုပ်သားများအား ကြိုလက်ခံမှုအား တန်‌ဆောင်တိုင်ကာလ ပိတ်ရက်အဖြစ် (၅) ရက် ‌ခေတ္တနားမည်ဟု သိရသည်။

“နိုဝင်ဘာ ၁၆ ရက် ‌နေ့ မှ ၂ဝ ရက်‌နေ့ထိ တန်‌ဆောင်တိုင်ကာလ ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ‌နေရပ်ပြန်ကြိုဆိုမှုအား ၅ ရက် ‌ခေတ္တပိတ်တာပါ။ နိုဝင်ဘာ ၂၁ ရက်‌နေ့မှ ပြန်ဖွင့်မယ်။ ထိုင်းကပြန်လာသူ‌တွေကို ပုံမှန်အတိုင်း တစ်ရက်ခြား လူ ၅၀ဝ ကို လက်ခံကြိုဆိုသွားမယ်”ဟု မြဝတီ-မဲ‌ဆောက် အမှတ် ၂ ချစ်ကြည်‌ရေး တံတား မြန်မာဘက်ခြမ်းမှ ‌နေရပ်ပြန် ကြိုဆိုလက်ခံ‌ရေး‌ဆောင်ရွက်‌နေသည့် တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန်လာသူများအား ကိုဗစ်-၁၉ ‌ရောဂါပိုးရှိမရှိ စစ်‌ဆေးပြီး ‌ဆေးဝါးကုသ‌ပေးခြင်းနှင့် Quarentine ထားရှိခြင်းများ ‌ဆောင်ရွက် လျက်ရှိသည်ဟု ကိုဗစ်စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Photo: CJ

ထိုသို့ စစ်‌ဆေးရာတွင် ‌ရောဂါပိုပိုး‌တွေ့ရှိသူများကို မြဝတီမြို့ရှိ ‌ရွှေမြဝတီ ကိုဗစ် စင်တာ၊ ‌ကျောက်လုံးကြီး ကိုဗစ်စင်တာနှင့် မဲကနယ်(တိုးချဲ့) ကိုဗစ်စင်တာတို့မှာ ထားရှိပြီး ‌ဆေးဝါးကုသမှု ‌ဆောင်ရွက်‌ပေးသလို ‌ရောဂါပိုးမ‌တွေ့ရှိသူများကိုမူ အဆိုပါ ကိုဗစ်စင်တာများတွင် ၂ ပတ်ခန့် Quarentine ထားရှိပြီး ၎င်းတို့ပြန်လိုသည့် ပြည်နယ်နှင့်တိုင်းအလိုက် ကားအစီအစဉ်များဖြင့် ပြန်လည် ပို့‌ဆောင်‌ပေး လျက်ရှိ‌ကြောင်း မြဝတီနယ်စပ် ကိုဗစ်စင်တာမှ တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

၂၀၂ဝ မတ်လမှစ၍ ယ‌နေ့နိုဝင်ဘာလ ၁၅ရက်‌နေ့အထိ ကိုဗစ်ကာလ ၂ နှစ် နီးပါး အတွင်း ထိုင်းမှ‌နေရက်ပြန်လာသူ မြန်မာလုပ်သား နှစ်သိန်းဝန်းကျင်ခန့် ရှိပြီး ထိုသို့ ပြန်လာသူများအ‌နေဖြင့် ထိုင်းသို့ တရားဝင်ပြန်ထွက်ခွင့် မရသဖြင့် တရား မဝင်လမ်း‌ကြောင်းများမှ သွား‌ရောက်ကြ၍ ထိုင်းအာဏာပိုင်များ၏ ‌နေ့စဉ် ဖမ်းဆီးခြင်းကို ခံ‌နေကြရသည်။