Home သတင်း လက်နက်ကြီး‌ကြောင့် ကျွဲ၊ နွားများ ထိမှန်‌သေဆုံးပြီး လူ‌နေအိမ်အချို့ထိခိုက်ပျက်စီး

လက်နက်ကြီး‌ကြောင့် ကျွဲ၊ နွားများ ထိမှန်‌သေဆုံးပြီး လူ‌နေအိမ်အချို့ထိခိုက်ပျက်စီး

1927
လက်နက်ကြီး ထိမှန်ခဲ့သည့် ကျွဲနှင့် လူ‌နေအိမ် (Photo_‌ဒေသခံ)

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဗိုလ်လှကြိုင် ဦး‌ဆောင်သည့် နယ်ခြား‌စောင့်တပ် -BGF ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ယ‌နေ့ နိုဝင်ဘာလ ၁၇ရက်တွင် ‌ကေအဲန်ယူ မူ‌တြော်( ဖာပွန်)ခရိုင် ၊ ဒွယ်လိုးမြို့နယ်ရှိ ပိုမာဟဲ နှင့် နို့‌ဖောထီး ‌ကျေးရွာထဲသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ကျွဲ၊ နွားများထိမှန်‌သေဆုံးပြီး လူ‌နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယ‌နေ့ နိုဝင်ဘာလ ၁၇ရက်၊ ‌နေ့လည် ၁၂ နာရီနှင့် မွန်းလွဲ ၂နာရီအချိန်ခန့်တွင် လက်နက်ကြီး အချက်‌ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ကျွဲ ၄ ‌ကောင်နှင့် နွား တစ်‌ကောင် ကျည်ထိမှန်‌သေဆုံးခဲ့ပြီး လူ‌နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားများမှာ မိမိ‌နေအိမ်အတွင်း ‌နေထိုင်မရဲကြ‌တော့ဘဲ ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်ပုန်း‌အောင်းခဲ့ကြရ‌ကြောင်းလည်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။