Home သတင်း MOU စနစ်ဖြင့် လုပ်သား‌ခေါ်ယူ‌ရေးကိစ္စ ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနချင်း ‌တွေ့ဆုံရန်ရှိ

MOU စနစ်ဖြင့် လုပ်သား‌ခေါ်ယူ‌ရေးကိစ္စ ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနချင်း ‌တွေ့ဆုံရန်ရှိ

1315

နိုဝင်ဘာ ၁၇ ရက် ၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

နှစ်နိုင်ငံသ‌ဘောတူစာချုပ် MOU စနစ်ဖြင့် လုပ်သား‌ခေါ်ယူ‌ရေးကိစ္စနှင့် စပ်လျဉ်း၍ ထိုင်း-မြန်မာ အလုပ်သမားဝန်ကြီးဌာနချင်း လာမည့် နိုဝင်ဘာ ၂၂ ရက်‌နေ့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးရန်ရှိ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ‌ရွှေ့‌ပြောင်းလုပ်သား ၈၀၀၀ဝ ခန့်ကို MOU စနစ်ဖြင့် ‌ခေါ်ယူရန် လာမည့် ဒီဇင်ဘာလအတွင်း လုပ်ငန်းစတင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr.Suchat Chonklin က နိုဝင်ဘာလ ၃ ရက်‌နေ့က ထိုင်းနိုင်ငံရှိ အလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီ (၄) ခုနှင့် ‌တွေ့ဆုံ‌သော အစည်းအ‌ဝေးတွင် ‌ပြောကြားခဲ့သည်ဟု ‌အေဂျင်စီများ အသိုင်းအဝိုင်းမှ သိရသည်။

ထိုသို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးမှ လုပ်သား‌ခေါ်ယူ‌ရေးကိစ္စ ‌ပြောကြားပြီး‌နောက် မြန်မာဘက်ခြမ်းတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်‌နေ့က ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေရှိ စစ်‌ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနရုံးတွင် ဝန်ကြီးနှင့် ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး‌အေဂျင်စီများအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများ ‌တွေ့ဆုံခဲ့ကြ‌ကြောင်း MOEAF အဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်‌နေ့က ‌နေပြည်‌တော်မှာ အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးနဲ့ MOEAF အဖွဲ့က တာဝန်ရှိသူ ၃ ဦး တို့ ‌တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီ‌တွေ့ဆုံပွဲမှာ ထိုင်းသို့ လုပ်သား‌စေလွှတ်‌ရေးကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအ‌နေနဲ့ ‌အေဂျင်စီများကို တိတိကျကျ ညွှန်ကြားတာ‌တော့ မရှိ‌သေးပါဘူး။ ဒါ‌ပေမယ့် လာမယ့် နိုဝင်ဘာ ၂၂ ရက်‌နေ့မှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများမှ လုပ်သား‌ခေါ်ယူ‌ရေးကိစ္စနဲ့ပတ်သက်ပြီး အ‌သေးစိတ် ‌ဆွေး‌နွေးကြမယ်လို့ သိရပါတယ်။ “ဟု ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲပြီးမှသာ လုပ်သား‌စေလွှတ်မှုနှင့်ပတ်သက်ပြီး ညွှန်ကြားချက် ထွက်လာမည်ဟု ယူဆရ‌ကြောင်း၊ ယခုအချိန်ထိ ဝန်ကြီးဌာနအ‌နေဖြင့် ‌အေဂျင်စီးများအား မည်သည့်ညွှန်ကြားချက်မှ ပြုလုပ်ခြင်းမရှိ‌သေး‌ကြောင်း ၎င်းပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီလုပ်ငန်းရှင်ကဆက် ‌ပြောသည်။

ထိုသို့ မြန်မာဘက်ခြမ်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ‌အေဂျင်စီများအ‌ပေါ် တိကျသည့် ညွှန်ကြားမှုမရှိ‌သေး‌သော်လည်း ထိုင်းဘက်ခြမ်းတွင်မူ လုပ်သား‌ခေါ်ယူ‌ရေးနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာ ၁ ရက်‌နေ့မှ စတင်ကာ နယ်‌မြေ အလုပ်သမားရုံး နှင့် အလုပ်သမားဝန်ကြီးဌာနရုံးများတွင် စာရွက်စာတမ်းတင်ခြင်းများကို ‌ဆောင်ရွက်နိုင်‌ကြောင်း ညွှန်ကြားထားသည်။

ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် မတ်လ မတိုင်မီက MOU စနစ်ဖြင့် ထိုင်းသို့ လုပ်သား‌စေလွှတ်ရန် ‌အေဂျင်စီ ၁၀ဝ ‌ကျော်မှ ‌ရွှေ့‌ပြောင်းလုပ်သား ၆၀၀၀ဝ ‌ကျော်အား စာချုပ်ချုပ်ဆို ထားပြီး ဖြစ်‌သော်လည်း ကိုဗစ်ဂယက်‌ကြောင့် ပိတ်ထားခဲ့သဖြင့် ယခုအခါ MOU စနစ်ဖြင့် ပြန်လည်တင်ပို့ခွင့် ရမည်ပါက အဆိုပါ စာချုပ်ချုပ်ပြီးသား လုပ်သား ၆ဝ၀၀ဝ ခန့်အား ဦးစား‌ပေးအ‌နေဖြင့် ‌စေလွှတ်ခွင့်ပြု‌စေချင်‌ကြောင်း မြန်မာဘက်ခြမ်း ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး ‌အေဂျင်စီ များက လိုလား‌နေကြသည်။