Home သတင်း KNU ဘိတ်ထားဝယ်ခရိုင်ရှိ စစ်‌ရှောင် ၅၀ဝ ‌ကျော်ကို က‌မော်‌သွေးလူမှုအဖွဲ့ ကူညီ‌စောင့်‌ရှောက်ထားရ

KNU ဘိတ်ထားဝယ်ခရိုင်ရှိ စစ်‌ရှောင် ၅၀ဝ ‌ကျော်ကို က‌မော်‌သွေးလူမှုအဖွဲ့ ကူညီ‌စောင့်‌ရှောက်ထားရ

1247
Photo: CJ

နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် (တပ်မဟာ-၄) လယ်ဒိုစိုး(ထားဝယ်) မြို့နယ်ရှိ စစ်‌ရှောင်ပြည်သူ ၅၀ဝ ‌ကျော်အား ‌ဒေသခံလူထုများဖွဲ့စည်းထားသည့် က‌မော်‌သွေး (Ka Mow Thwe) လူမှုအဖွဲ့က ကူညီ‌စောင့်‌ရှောက်ထားရသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်က ‌ကျေးရွာအတွင်းဝင်‌ရောက်ဖမ်းဆီးမှုများရှိသည့်အတွက် သစ်ကတိုးရွာ၊ ‌မြေးခန္တီရွာ၊ ‌ရေပုရွာနှင့် ထန်းတလုံးစသည့် ‌ကျေးရွာ ၄ ရွာမှ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌သော ‌ဒေသခံ ၆၀ဝ ‌ကျော်အနက် ၅၀ဝ ‌ကျော်ကို လက်ရှိအချိန်တွင် က‌မော်‌သွေး လူမှု‌ရေးရာအဖွဲ့မှ ကူညီကြည့်ရှုထားရသည်ဟု အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

“ဒီမှာက အ‌ယောက် (၅၀၀) ‌ကျော်ရှိတယ်။ ‌တော‌တောင်မှာသွား‌နေတာက အ‌ယောက် ၁၀ဝ ‌ကျော် ‌လောက်ရှိမယ်။ တချို့ကလည်း အသက်ကြီးပြီ၊ ထွက်‌ပြေးမနိုင်‌တော့ဘူး။ သူတို့ကို ကြည့်ရှု‌ပေးရတဲ့ မိသားစုဝင်‌တွေ ကျန်‌သေးတာ‌ပေါ့။ အဲဒီလူ‌တွေကို‌တော့ စစ်တပ်က ‌ပေးမထွက်‌တော့ဘူး။ စစ်တပ်‌တွေက အပြင်သွားရင် လမ်းပြ‌ခေါ်သွားဖို့အတွက် အဲလို‌တွေရှိတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိ သစ်ကတိုး‌ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် တိမ်း‌ရှောင်သွားကြ‌သော ‌ဒေသခံများ၏ ‌နေအိမ်‌ပေါ် တက်‌ရောက်ရှာ‌ဖွေမှုများပြုလုပ်ကာ ပစ္စည်းများဖျက်ဆီးသွားခြင်းလည်းရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

နိုဝင်ဘာလ ၃ ရက်‌နေ့က သစ်ကတိုးရွာနှင့် ဟာမြင်းကြီး‌ကျေးရွာကြားတွင် သွားလာလှုပ်ရှား‌နေသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များကို ‌ဒေသခံ လူထုကာကွယ်‌ရေးတပ်ဖွဲ့ (PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်ကျဆုံးမှုများရှိ ‌သော‌ကြောင့် ၎င်းစစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌ကျေးရွာထဲ ဝင်‌ရောက်ကာ မသကင်္ာသူများကို လိုက်လံဖမ်းဆီး မှုများလုပ်‌ဆောင်‌နေသည့်အတွက် ထို‌ကျေးရွာ ၄ရွာမှ ‌ဒေသခံလူထု ရာနှင့်ချီ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရခြင်းဖြစ် သည်။

စစ်တပ်အာဏာသိမ်းပြီး‌နောက် ‌ဒေသအတွင်းမတည်မငြိမ်မှုဖြစ်ပြီးစစ်‌ရေးပဋိပက္ခ‌ကြောင့် ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြရသည့် ‌ဒေသခံပြည်သူများကို ကူညီနိုင်ရန်ရည်ရွယ်ပြီး ‌ဒေသ‌ခေါင်း‌ဆောင်များ၊ ‌ကျေးရွာ‌ခေါင်း ‌ဆောင်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် မြို့နယ်တာဝန်ရှိသူများစု‌ပေါင်း၍ က‌မော်‌သွေးလူမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။