Home သတင်း လှိုင်းဘွဲ၊ ‌ရွှေဂွန်းတွင် BEd ‌နောက်ဆုံးနှစ် ‌ကျောင်းသူ မထူးစံ‌အောင် ဖမ်းဆီးခံရ

လှိုင်းဘွဲ၊ ‌ရွှေဂွန်းတွင် BEd ‌နောက်ဆုံးနှစ် ‌ကျောင်းသူ မထူးစံ‌အောင် ဖမ်းဆီးခံရ

940
Photo: CJ

နိုဝင်ဘာ ၆ ရက်၊ ၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ရွှေဂွန်းတိုက်နယ် ရွာသစ်(၁)ပိုင်းတွင် ‌နေထိုင်သည့် BEd ‌နောက်ဆုံးနှစ် ‌ကျောင်းသူ မထူးစံ‌အောင်ကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-PDF အား အကူအညီ‌ပေး‌နေသည်ဟု စွပ်စွဲချက်ဖြင့် ယ‌နေ့ နိုဝင်ဘာလ ၆ရက်‌နေ့၊ နံနက်တွင် ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းခံခဲ့ရသည်ဟု သိရှိရသည်။

စစ်‌ကောင်စီခန့် အုပ်ချုပ်‌ရေးမှူးနှင့်ဒလန်တို့ သတင်း‌ပေးမှု‌ကြောင့် ဖားအံရဲတပ်ဖွဲ့နှင့် ‌ရွှေဂွန်းရဲ တပ်ဖွဲ့တို့ပူး‌ပေါင်းပြီး ယ‌နေ့ နံနက် (၆)နာရီဝန်းကျင်တွင် သူမ၏‌နေအိမ်သို့ လာ‌ရောက်ဖမ်းဆီး ‌ခေါ်‌ဆောင်သွားခဲ့ခြင်းဖြစ်‌ကြောင်း နီးစပ်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့မိသားစုဝင်‌တွေက ‌ဈေးကြီးမှာ ‌ဈေးဆိုင်ဖွင့်ထား‌တော့ အကုန်လုံး‌ဈေးသွားကြတယ်။ သူအိမ်မှာ တစ်‌ယောက်ထဲရှိ‌နေတဲ့အချိန် ဖားအံက ရဲနဲ့ ‌ရွှေဂွန်းက ရဲ‌တွေလာဖမ်းသွားတယ်။ အင်အား ‌တော့များတယ်။ ‌ရွှေဂွန်း အုပ်ချုပ်‌ရေးမှူး ဟိန်းဇာစိုးနဲ့ ရပ်ကွက်က ဒလန်‌တွေတိုင်လိုက်တာ။ သူကလိုင်း‌ပေါ်မှာ PDF ‌တွေကို ကူညီ‌နေ‌ပေးတယ်ဆိုပြီး‌တော့ စွပ်စွဲပြီး ဖမ်းသွားတာ။ သူ့ဖုန်းနဲ့ Laptop ကိုလည်း သိမ်းသွားတယ်။ သူ့ကို‌တော့ အခု ဖားအံကို ‌ခေါ်သွားလိုက်ပြီ။”ဟု သူမနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

မထူးစံ‌အောင်ကို ဖားအံသို့ ‌ခေါ်‌ဆောင်သွားသည်ဟု ‌ပြောဆိုကြ‌သော်လည်း လက်ရှိအချိန်ထိ မိသားစုဝင်များမှ သူမနှင့်အဆက်အသွယ်မရရှိ‌သေး‌ကြောင်းလည်း အဆိုပါ နီးစပ်သူက ဆက်‌ပြောသည်။

လှိုင်းဘွဲမြို့နယ် ‌ရွှေဂွန်းတိုက်နယ်တွင် ပြီးခဲ့သည့် ‌မေလတုန်းကလည်း ‘စစ်ကျွန်ပညာ‌ရေးအလိုမရှိ’ဆိုသည့် စာသားများကို စာသင်‌ကျောင်းများတွင် လိုက်ကပ်သည်ဟု စွပ်စွဲခံရသည့် လူငယ် ၃ ဦးအား စစ်‌ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ဖူးသည်။ ထိုဖမ်းဆီးခံရသည့် လူငယ်များအနက် နှစ်ဦးမှာ ပြန်လည်လွတ်‌မြောက်လာပြီးဖြစ်‌သော်လည်း ကျန်တစ်ဦးမှာ ‌ထောင်ဒဏ် ၂ နှစ် အမိန့်ချခြင်းခံခဲ့ရသည်ဟု သိရှိရသည်။