Home သတင်း ဖားအံမြို့ အမှတ်(၉)ရပ်ကွက်တွင် လူငယ်နှစ်ဦး ထိုးကြိတ်ပြီး ဖမ်းဆီးခံရ

ဖားအံမြို့ အမှတ်(၉)ရပ်ကွက်တွင် လူငယ်နှစ်ဦး ထိုးကြိတ်ပြီး ဖမ်းဆီးခံရ

1164
လူငယ်နှစ်ဦးဖမ်းဆီးခြင်းခံရသည့်‌နေရာ

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၉)ရပ်ကွက် ဇွဲကပင်(၁)ကုန်းတွင် ယမန်‌နေ့ နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်က လူငယ်နှစ်ဦး ထိုးကြိတ်ပြီး ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံခဲ့ရသည်ဟု မျက်မြင်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖြစ်စဉ်မှာ အမှတ် (၉) ရပ်ကွက် ဇွဲကပင်(၁) ကုန်းလမ်းထိပ်အုတ်ခုံ‌ပေါ်တွင် ဘီယာထိုင်‌သောက်‌နေသည့် ထို လူငယ်တစ်ဦးကို အိမ်စီးကားဖြင့် ‌ရောက်ရှိလာသည့် အရပ်ဝတ်နှင့် လူ ၇ ဦးခန့်က ဝင်‌ရောက် ဖမ်းဆီး ‌ခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ယခုလို ‌ပြောသည်။

“ရပ်ကွက်ထဲကလူငယ်‌တွေပဲ ညတိုင်းလိုလိုပဲ အဲဒီအုတ်ခုံမှာ ဘီယာထိုင်‌သောက်‌နေကြပါပဲ။ ခါတိုင်းဆိုရင် လူငယ်‌တွေအများကြီးစုထိုင်ပြီး ဘီယာထိုင်‌သောက်ကြတယ်။ ဒီညမှာကျ‌တော့ သူတို့နှစ်‌ယောက်ရှိ‌နေတဲ့အချိန်မှာ လာဖမ်းတာပါ။ ထိုးကြိတ်ပြီးဖမ်းသွားပါတယ်။ လူငယ်တစ်ဦးရဲ့ဆိုင်ကယ်တစ်စီးကိုလည်း ယူသွားပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရသည့် လူငယ်များမှာ အသက် ၂ဝ ဝန်းကျင်ရှိ ‌စောဝင်းသီဟထွဋ်နှင့် သူ၏ သူငယ်ချင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းလူငယ်နှစ်ဦးကို မည်သည့်‌နေရာတွင် ဖမ်းဆီး‌ခေါ် ‌ဆောင်သွားသည်ကို မသိရှိရ‌သေး‌ကြောင်း နီးစပ်သူများက ‌ပြောသည်။

ဖားအံမြို့တွင် လူ ၅ ဦးထက်ပိုပြီး စု‌ဝေးခြင်းမပြုရန်နှင့် ည ၁ဝ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရန် နိုဝင်ဘာလ ၁ ရက်‌နေ့ ရက်စွဲဖြင့် ပြည်နယ်စစ်‌ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

လူငယ်နှစ်ဦးဖမ်းဆီးခြင်းခံရသည့်‌နေရာ