Home သတင်း ပြည်နယ်ပြင်ပကရင်များ အချိုးကျ ကိုယ်စားလှယ်ရ‌ရေး PR စနစ်‌ဆွေး‌နွေးပွဲသို့ KPP စာတမ်းတင်

ပြည်နယ်ပြင်ပကရင်များ အချိုးကျ ကိုယ်စားလှယ်ရ‌ရေး PR စနစ်‌ဆွေး‌နွေးပွဲသို့ KPP စာတမ်းတင်

898

နိုဝင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ပြည်နယ် ပြင်ပရှိ ကရင်များ အချိုးကျ ကိုယ်စားလှယ်ရ‌ရေးအတွက် PR စနစ် ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်သူ့ ပါတီ (KPP)က စာတမ်းတစ်‌စောင်တင်သွင်းခဲ့သည်ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် KPP ကိုယ်စားလှယ် မန်းသန်း ဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ အချိုုးကျကိုယ်စားလှယ် စနစ်ဆိုင်ရာ ‌ဆွေး‌နွေးပွဲကို စစ်‌ကောင်စီ၏ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဦး‌ဆောင်ကာ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမ၌ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်‌နေ့များတွင် ပြုလုပ်ခဲ့ရာ ‌ဆွေး‌နွေးပွဲသို့ ကရင်ပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ(KPP)၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက် တစ်ပါ တီ(PSDP)နှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တက်‌ရောက်ကာ ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့သည်။

“PR ‌ဆွေး‌နွေးပွဲကို KPP က စာတမ်းတစ်‌စောင်တင်တယ်၊ ပြည်နယ်ပြင်ပကရင်‌တွေနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ အထူး သဖြင့်‌တော့ ဧရာဝတီတိုင်း‌ဒေသကြီး‌ပေါ့၊ ဧရာဝတီမှာ ကရင်လူဦး‌ရေက ထက်ဝက်နီးပါးရှိတယ်။ ‌ရွေး‌ကောက်ပွဲ နိုင်သူအကုန်ယူစနစ်မှာ ဧရာဝတီမှာ ကရင်ပါတီ‌တွေ တစ်‌ယောက်မှ အနိုင်မရဘူး။ ဒီအတွက် အချိုးကျ ကိုယ်စား လှယ်ရ‌ရေးတင်တယ်။ စာတမ်းမှာ ဧရာဝတီမှာ ကရင်လူဦး‌ရေများတဲ့ ဝါးခယ်မ၊ ပန်းတ‌နော်၊ အိမ်မဲ သုံးမြို့နယ်ကို အထူးသဖြင့် စဉ်းစားဖို့အတွက်‌တွေပါတယ်” ဟု မန်းသန်းဝင်းဦးက ‌ပြောသည်။

နှစ်ရက်ကြာ ကျင်းပသည့် ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်သူ့ပါတီက ယခုလို စာတမ်းတင်သွင်းခဲ့‌သော်လည်း ‌ဆွေး‌နွေးပွဲ တွင်စာတမ်းကို ‌ဆွေး‌နွေးခဲ့ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

“ စာတမ်း‌တော့ တင်တယ်၊ ‌ဆွေး‌နွေးတာ‌တော့ မရှိ‌သေးဘူး။ တင်တာ ‌နောက်ကျလို့ပဲလား၊ ဒါမှမဟုတ် ‌နောက် ‌ဆွေး‌နွေးပွဲ‌တွေကျမှ ‌ဆွေး‌နွေးမှာလား‌တော့မသိဘူး” ဟု မန်းသန်းဝင်းဦးက ဆက်‌ပြောသည်။

ထို့အပြင် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ‌ဆွေး‌နွေးပွဲ ကိုယ်စားလှယ်ဖြစ်သူ နန်းသိုက်သိုက်ဝင်း‌ကျော်က မြို့နယ် နှင့် လူဦး‌ရေကို အ‌ခြေခံ‌သော အမျိုးသားလွှတ်‌တော် ‌ရွေး‌ကောက်ပွဲ PR စနစ်၊ ပြည်နယ်နှင့် တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌ရွေး‌ကောက်မည့်စနစ်များကို ‌ဆွေး‌နွေးခဲ့သည်ဟု ‌ဆွေး‌နွေးပွဲ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲဒုတိယ‌နေ့သို့ နိုင်ငံ‌ရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ် ၉၂ ဦးနှင့်၊ အရပ်ဖက်လူမှု အဖွဲ့အ စည်း များမှ ကိုယ်စားလှယ် ၁၈ ဦးတက်‌ရောက်ခဲ့ပြီး၊ လာမည့် တစ်လနှစ်လအတွင်း ‌ဆွေး‌နွေးပွဲ ထပ်မံ ပြုလုပ်သွား မည်ဟု သိရသည်။

လက်ရှိ ပြည်တွင်း၌ တရားဝင် ကရင်နိုင်ငံ‌ရေးပါတီ ၄ ပါတီ ရှိသည့်အနက် ကရင်အမျိုးသားပါတီက(KNP)မူ ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။