Home သတင်း KNU၏ လှုပ်ရှားမှုကို‌စောင့်ကြည့်သတင်း‌ပေးရန် BGFမှ ‌ဒေသခံများကို ယာယီ‌ကျေးရွာသူကြီး အတင်း အဓမ္မဖွဲ့စည်းခိုင်း‌နေ

KNU၏ လှုပ်ရှားမှုကို‌စောင့်ကြည့်သတင်း‌ပေးရန် BGFမှ ‌ဒေသခံများကို ယာယီ‌ကျေးရွာသူကြီး အတင်း အဓမ္မဖွဲ့စည်းခိုင်း‌နေ

1393

‌အောက်တိုဘာ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁)၏ လက်‌အောက်ခံတပ်ဖွဲ့ဝင်များ၏ လှုပ်ရှား‌ဆောင်ရွက်မှုများ ကို ‌စောင့်ကြည့်သတင်း‌ပေးရန် ‌ကျေးရွာ ၄ ရွာရှိ ‌ဒေသခံ‌ကျေးရွာသားများကို ယာယီ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး(အ ရပ်‌ခေါ်သူကြီး) ဖွဲ့စည်း‌ပေးရန် နယ်ခြား‌စောင့်တပ်(BGF)၏ (၁၀၁၄) တပ်ရင်းလက်‌အောက်ခံ တပ်ခွဲမှူးတစ်ဦးက အမိန့်‌ပေးညွှန်ကြားခဲ့‌ကြောင်း KNU တပ်မဟာ (၁) တာဝန်ရှိသူများထံမှ သိရသည်။

KNU တပ်မဟာ(၁)နယ်‌မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ်၊ တ‌ကောင်ဘိုး ‌ကျေးရွာအုပ်စုအတွင်းရှိ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတန်းကြီးနှင့် မီးပုံး‌ကျေးရွာမှ ‌ကျေးရွာရပ်မိရပ်ဖများနှင့် ‌ဂေါပကအဖွဲ့များကို BGF တပ်ရင်း (၁၀၁၄) တပ်ခွဲ (၂)မှူး ဗိုလ်တင်ဝင်းဆိုသူမှ ပြီးခဲ့သည့် ‌အောက်တိုဘာ ၃ ရက်‌နေ့က အစည်းအ‌ဝေး‌ခေါ်ယူ၍ ယာယီ‌ကျေးရွာလူ ကြီးခန့်အပ်ရန် အမိန့်‌ပေးညွှန်ကြားခဲ့‌ကြောင်း KNU ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြား‌ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “သူတို့ ရွာ ၄ ရွာကို တစ်လသူကြီး ၁၅ ရက် သူကြီးလုပ်‌ပေးဖို့ ‌ပြောတာ‌ပေါ့။ သူတို့ အခုလို ရွာသူကြီး‌တွေ ဖွဲ့ခိုင်းတာက ကျ‌နော်တို့ ‌ကော်သူး‌လေက လူ‌တွေသွားလာလှုပ်ရှားတာ‌တွေကို ‌တွေ့ရင် သူတို့ကို ဆက်သွယ် ခိုင်းဖို့ အတွက်ပဲ။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ဒေသခံ ‌ကျေးရွာသားများအ‌နေဖြင့် BGF သတင်း‌ပေးပုံစံဖြင့် ရွာသူကြီးပြုလုပ်ရန် အမိန့်‌ပေး‌စေခိုင်းသည့် အ‌ပေါ် KNU ဘက်မှ အထင်အမြင်လွဲမှားမှုများရှိလာမည့်အ‌ပေါ် စိုးရိမ်ကြသလို BGF ဘက်မှလည်း လက်နက် အားကိုး ဖြင့် အတင်းဖွဲ့စည်းခိုင်းသည့်အ‌ပေါ် မလွန်ဆန်နိုင်ကြခြင်း‌ကြောင့် ၎င်းတို့ ဆန္ဒမပါဘဲ ရွာသူကြီးများ ဖွဲ့စည်းကြရ ‌ကြောင်းလည်း ထိုတာဝန်ရှိသူက ဆက်‌ပြောသည်။

အဆိုပါ ‌ကျေးရွာသူကြီး ဖွဲ့စည်း‌ပေးရန် ဂျို့ပင်ဆိပ်‌ကျေးရွာတွင် တစ်လ သူကြီး (၂)ဦး၊ မြိုင်‌ကျေးရွာတွင် တစ်လသူကြီး(၂)ဦး၊ မီးပုံး‌ကျေးရွာတွင် တစ်လသူကြီး(၄)ဦး၊ ကုန်းတန်းကြီးတွင် (၁၅)ရက် သူကြီး(၃) ဦးကို ‌အောက်တိုဘာလ (၅)ရက်‌နေ့ ‌နောက်ဆုံးထားပြီး အသီးသီး ‌ရွေးချယ်ဖွဲ့စည်း‌ပေးရန် အမိန့်‌ပေးညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု KNU ဘက်က သတင်းထုတ်ပြန်‌ပြောဆိုထားသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံ ‌ကျေးရွာသား တစ်ဦးက “သူကြီးလုပ်ခိုင်းတဲ့ ရွာထဲမှာ ကျ‌နော်တို့ ရွာလည်းပါတာ‌ပေါ့။ သူတို့က လက်နက်ရှိတယ်‌လေ။ သူလို့ လုပ်ခိုင်း‌တော့လည်း လုပ်ရမှာ‌ပေါ့။ ရွာမှာ‌တော့ တစ်လသူကြီး လုပ်ခိုင်းတယ်။ ၃ ‌ယောက်လုပ်တယ်။ ရွာထိပ်တစ်‌ယောက်၊ ရွာလယ်ကတစ်‌ယောက် နဲ့ ရွာ‌အောက်ဘက်တစ်‌ယောက်‌ပေါ့။” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

လက်ရှိ ပဋိပက္ခ ကာလအတွင်း အဆိုပါ ‌ကျေးရွာများတွင် ယခင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများမှာ အသက် အန္တရာယ် ခြိမ်း‌ခြောက်ခံရမှုများ‌ကြောင့် နုတ်ထွက်သွားကြပြီးဖြစ်သလို လက်ရှိလာ‌ရောက်အမိန့်‌ပေး‌စေခိုင်း ရာတွင်လည်း အသက်အန္တရာယ်ခြိမ်း‌ခြောက်ခံရမည့်အ‌ပေါ် စိုးရိမ်မှုများရှိ‌ကြောင်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ‌မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစား ဆက်သွယ်‌သော်လည်း ‌ကေအိုင်စီသို့ ယ‌နေ့ ည‌နေပိုင်းအထိ ဖုန်းလက်ခံ ‌ဖြေကြားခြင်းမရှိ‌ပေ။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်‌နေ့ကလည်း အဆိုပါ BGF-၁၀၁၄ တပ်ရင်း၊ တပ်ခွဲမှူး ဗိုလ်တင်ဝင်းဆိုသူမှ ၎င်းတို့အတွက် တစ်ရွာလျှင်တစ်‌ယောက် စစ်မှုထမ်းရမည်ဟု ‌ကျေးရွာ (၃)ရွာမှ ရွာလူကြီးများကို ‌ပြောကြားခဲ့ ‌သေး‌ကြောင်း KNU၏ ထုတ်ပြန်သည့် သတင်းမှတ်တမ်းတွင် ‌ဖော်ပြထားသည်။