Home သတင်း ‌ရေတိုက်စားမှု‌ကြောင့် မိဇံကျွန်းရှိ အပန်း‌ဖြေစခန်း ဘန်ဂလို ‌မျောပါပျက်စီး

‌ရေတိုက်စားမှု‌ကြောင့် မိဇံကျွန်းရှိ အပန်း‌ဖြေစခန်း ဘန်ဂလို ‌မျောပါပျက်စီး

2108

‌အောက်တိုဘာ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ အပန်း‌ဖြေ‌နေရာတစ်ခုဖြစ်သည့် မိဇံကျွန်းတွင် ‌ရေတိုက်စားမှု‌ကြောင့် ‌အောက်တိုဘာလ ၄ ရက်‌နေ့က တည်းခိုသည့် ဘန်ဂလို‌မျောပါပြီး ပျက်စီးဆုံးရှုံးမှုအချို့ရှိသည်ဟု ၎င်းဝန်ထမ်းများထံမှ သိရှိရသည်။

သံလွင်မြစ်‌ရေတိုက်စားမှု‌ကြောင့် မိဇံကျွန်းအပန်း‌ဖြေစခန်းတွင် ‌ဆောက်လုပ်ပြီးစီးထားသည့် ဘန်ဂလိုတစ်လုံးနှင့် မြစ် ကမ်းနားရှိ တဲတစ်လုံး ‌ရေထဲ‌မျောပါသွား‌ကြောင်း ၎င်းအပန်း‌ဖြေစခန်းတွင် အလုပ်လုပ်‌နေသည့် ဝန်ထမ်းတစ်ဦးက ယခု လို ‌ပြောသည်။

၎င်းက “‌အောက်တိုဘာ ၄ရက်‌နေ့၊ ‌နေ့လည် ၂နာရီ‌လောက်မှာ ဖြစ်တာ‌ပေါ့‌နော်။ ‌ရေလိုက်ထိုးရင်း ပြိုကျသွားတာ။ ပြို တာက‌တော့ ရိုးရိုးတန်းတန်းပဲ ပြိုတာပါ။ ဘန်ဂလိုတစ်လုံးပါသွားတယ်။ ကျန်တဲ့အလုံး‌တွေကျ‌တော့ အ‌ရှေ့ပိုင်း နဲနဲစီပဲ ပါသွားတယ်။ တဲ‌လေးတစ်လုံးလည်း ပါသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က ‌ရေတိုက်စားမှုကို အကာအကွယ် လုပ်‌ဆောင်မှုများရှိခဲ့သည့် အဆိုပါကျွန်း၏ အပန်း‌ဖြေသည့်‌နေရာတွင် တည်‌ဆောက်ပြီးစီးသွားခဲ့သည့် ဘန်ဂလို သုံးလုံးရှိပြီး ကျန်‌လေးလုံးမှာ ‌ဆောက်လုပ်‌နေဆဲဖြစ်သည်။ အဆိုပါ ‌ရေဝဲက ‌တော့ တိုက်စားမှု‌ကြောင့် ‌ဆောက်လုပ်ပြီးထားသည့် ဘန်ဂလိုတစ်လုံးမှာ ‌ရေထဲ‌မျောပါပြီး ကျန်နှစ်လုံးမှာ အနည်းငယ် တိမ်း‌စောင်း‌နေပြီး ဆက်လက် ‌မျောပါသွားနိုင်သည့် အလားအလာဖြစ်‌နေသည်။

အပန်း‌ဖြေစခန်း မတည်‌ဆောက်မီက ကမ်းပြိုကျမှု မရှိခဲ့‌သော်လည်း ဘန်ဂလိုပြိုကျ‌မျောပါမသွားမှီ တစ်ရက်နှစ်ရက် ခန့်တွင် ညဘက်၌ မိုးရွာသွန်းမှုများရှိလာပြီး မြစ်ပြင်ဝဲက‌တော့များ ဖြစ်လာကာ ‌ရေတိုက်စားမှုများ‌ကြောင့် ‌မြေပြိုမှုများ ရှိလာခြင်းဖြစ်‌ကြောင်း မိဇံကျွန်းအပန်း‌ဖြေစခန်းရှိ အဆိုပါဝန်ထမ်းများက ဆက်လက် ‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုနှင့် မိဇံကျွန်းအ ပန်း‌ဖြေစခန်းကို ပြီးခဲ့သည့် ၂၀၁၉ခု နှစ်ကုန်ပိုင်း‌လောက်တွင် စတင်ဖွင့်လှစ်ခဲ့‌သော်လည်း ကိုဗစ်‌ရောဂါကူးစက်မှု ဖြစ် ပွားလာသည့် အ‌ခြေအ‌နေ‌ကြောင့် ၂၀၂ဝခုနှစ်၊ ဧပြီလမှစ၍ ယ‌နေ့အချိန်ထိ အပန်း‌ဖြေစခန်းကို ပိတ်ထားခဲ့ရာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိ‌သေး‌ကြောင်း ‌ဒေသခံရွာသူရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

သံလွင်မြစ်ကမ်းနံ‌ဘေးနှင့် မြစ်လယ်ရှိ ကျွန်းများကို ‌ရေတိုက်စားမှုများ‌ကြောင့် ဖားအံမြို့ အ‌နောက်‌တောင်ဘက်ရှိ တရုတ်လှကျွန်းမှာလည်း ဆယ်စုနှစ်နှင့်ချီ၍ ကျွန်း‌မြေများ ပြိုကျသည့်အတွက် ကျွန်း‌နေ‌ဒေသခံများ၏ ကိုင်းသီးနှံစိုက် ပျိုး‌မြေများနှင့် လူ‌နေအိမ်များ ပျက်စီးဆုံးရှုံးသွားသဖြင့် ‌နေရပ်စွန့်ခွာရခြင်းများ ရှိခဲ့သည်။