Home သတင်း သထုံမြို့နယ်တွင် စစ်‌ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားနှစ်ဦး ပြန်လည်လွတ်‌မြောက်

သထုံမြို့နယ်တွင် စစ်‌ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားနှစ်ဦး ပြန်လည်လွတ်‌မြောက်

1559
Photo: Resident

စက်တင်ဘာ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

သထုံခရိုင်၊ သထုံမြို့နယ် မရမ်းကုန်း‌ကျေးရွာအုပ်စုအတွင်း ယမန်‌နေ့ စက်တင်ဘာလ ၂၉ရက်‌နေ့ ည‌နေတွင် စစ်‌ကောင်စီတပ်၏ ဖမ်းဆီးပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသည့် ‌ဒေသခံရွာသားနှစ်ဦးကို ထို‌နေ့ည ၇နာရီတွင် ပြန်လွတ်‌ပေးခဲ့သည်ဟု သိရသည်။

ပိန္နဲ‌တောအ‌ခြေစိုက် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ- ၄၀၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ‌ဝေယံဉီးနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ‌ကျော်‌ကျော်လှတို့ဦး‌ဆောင်သည့် စစ်‌ကောင်စီ လှုပ်ရှားတပ်ဖွဲ့က နိုပလယ်ပျူရွာသား ‌စောဖန်းဘိုကြီး ၃၂ နှစ်နှင့် ထီးညာ လူရွာသား ‌စော‌ကျော်သက်ဦး ၂၇ နှစ်တို့နှစ်ဦးအား ဝီ‌ရော‌ကျေးရွာ ကားလမ်းမ‌ပေါ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွာသားနှစ်ဦး ပြန်လည်လွတ်‌မြောက်လာမှုနှင့်ပတ်သက်၍ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ” မ‌နေ့ ညက ၇နာရီမှာ အဲဒီရွာသား နှစ်‌ယောက်ကို ပြန်လွတ်တယ်။ “ဟု ယ‌နေ့ စက်တင်ဘာလ ၃ဝရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ် ခမရ ၄၀၆ တပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ရက်‌နေ့ကလည်း သထုံခရိုင်၊ သထုံမြို့နယ်၊ ဝီ‌ရော‌ကျေးရွာအုပ်စု၊ ထုံးဘို‌လေးရွာရှိ ရွာဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နှင့် လူ‌နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှု လုပ်‌ဆောင်ခဲ့‌သေးသည်။