Home သတင်း ‌လေး‌ကေ‌ကော်မြို့သစ်တွင် စစ်‌ကောင်စီတပ်မှ လက်နက်အပြည့်အစုံဖြင့် ဝင်‌ရောက် ‌မေးမြန်းမှု လုပ်‌ဆောင်သည့်အတွက် ပြည်သူများစိုးရိမ်မှု မြင့်တက်

‌လေး‌ကေ‌ကော်မြို့သစ်တွင် စစ်‌ကောင်စီတပ်မှ လက်နက်အပြည့်အစုံဖြင့် ဝင်‌ရောက် ‌မေးမြန်းမှု လုပ်‌ဆောင်သည့်အတွက် ပြည်သူများစိုးရိမ်မှု မြင့်တက်

1670
Photo: က‌ဆောဝါး

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်း စစ်‌ကောင်စီ လက်‌အောက်ခံ တပ်ဖြစ်‌သော ခမရ ၅၆ဝ တပ်ရင်း လှုပ်ရှားစစ်‌ကြောင်းမှ အင်အား ၁၀ဝ ခန့်သည် ယ‌နေ့ စက်တင်ဘာလ ၂၈ရက် နံနက် ၁၁ နာရီအချိန်က မြဝတီ မြို့ ‌တောင်ဘက် ‌လေး‌ကေ‌ကော် မြို့ သစ် ရပ်ကွက် များအတွင်း ဝင်‌ရောက်လာပြီး ရပ်ကွက်‌နေ ‌ဒေသခံပြည်သူများ၏ ‌နေအိမ်များအတွင်း ဝင်‌ရောက် ‌မေးမြန်း‌တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်‌ကောင်စီ လက်‌အောက်ခံ တပ်များသည် ကရင်အမျိုးသားအစည်းအရုံး -KNU လက်‌အောက်ခံ တပ်မဟာ ၆ နယ်‌မြေ အတွင်း ရှိ ‌လေး‌ကေ‌ကော် မြို့သစ် စစ်‌ဘေး‌ရှောင် ‌နေရပ်ပြန်လည် အ‌ခြေချ‌နေထိုင်သည့် ဧရိယာအတွင်း စစ်‌ကောင်စီတပ်များ ဝင်‌ရောက် လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်‌နေ‌ကြောင်း သိရှိရသည်။

အဆိုပါ စစ်‌ကောင်စီ လှုပ်ရှား စစ်‌ကြောင်းသည် ‌လေး‌ကေ‌ကော် ရပ်ကွက်‌နေ ‌ဒေသခံ ပြည်သူများ၏ ‌နေအိမ်များအတွင်း ဝင်‌ရောက် ‌မေးမြန်း‌တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး‌နောက် ဖလူး‌ကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့‌ကြောင်း သိရသည်။

Photo: က‌ဆောဝါး