Home သတင်း သထုံ၊ မရမ်းကုန်း‌ကျေးရွာအုပ်စုရှိ ရွာသားနှစ်ဦးကို စစ်‌ကောင်စီတပ် ဖမ်းဆီးနှိပ်စက်‌နေ

သထုံ၊ မရမ်းကုန်း‌ကျေးရွာအုပ်စုရှိ ရွာသားနှစ်ဦးကို စစ်‌ကောင်စီတပ် ဖမ်းဆီးနှိပ်စက်‌နေ

1092
Photo: ‌ဒေသခံ

စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

သထုံခရိုင်၊ သထုံမြို့နယ် မရမ်းကုန်း‌ကျေးရွာအုပ်စုရှိ ‌ဒေသခံရွာသားနှစ်ဦးကို ယ‌နေ့ စက်တင်ဘာလ ၂၉ရက်‌နေ့ ည‌နေ ၄ နာရီခွဲအချိန်တွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးပြီး ကြိုးတုပ်ကာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ လုပ်‌ဆောင်လျက်ရှိသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပိန္နဲ‌တောအ‌ခြေစိုက် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ- ၄၀၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ‌ဝေယံဉီးနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ‌ကျော်‌ကျော်လှတို့ဦး‌ဆောင်သည့် စစ်‌ကောင်စီ လှုပ်ရှားတပ်ဖွဲ့သည် ဝီ‌ရော‌ကျေးရွာအုပ်စုရှိ ကားလမ်းမ‌ပေါ်တွင် ၎င်းရွာသား နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားနှစ်ဦးမှာ နိုပလယ်ပျူရွာသား ‌စောဖန်းဘိုကြီး ၃၂ နှစ်နှင့် ထီးညာ လူရွာသား ‌စော‌ကျော်သက်ဦး ၂၇ နှစ်တို့ဖြစ်ကြသည်ဟု သိရသည်။

Photo: ‌ဒေသခံ

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ” ဒီည‌နေ ၄ နာရီခွဲ‌လောက်က လမ်းမ‌ပေါ်မှာ ဖမ်းဆီးပြီး‌တော့ ကြိုးတုပ်ပြီး အသားကုန်ရိုက်နှက်‌တော့တာပဲ။ အခုချိန်ထိ ပြန်မလွှတ်‌ပေး‌သေးဘူး‌နော်။ ဖမ်းတဲ့အ‌ကြောင်းအရင်းက မသိပါဘူး။ တကယ်‌တော့ သူတို့က ရွာသားပဲ။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဒုတိယဗိုလ်မှူးကြီး ‌ဝေယံဉီးနှင့် ဗိုလ်မှူး‌ကျော်‌ကျော်လှတို့ ဦး‌ဆောင်သည့် စစ်‌ကောင်စီတပ် ခမရ ၄၀၆ တပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ရက်‌နေ့ကလည်း သထုံခရိုင်၊ သထုံမြို့နယ်၊ ဝီ‌ရော‌ကျေးရွာအုပ်စု၊ ထုံးဘို‌လေးရွာရှိ ရွာဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နှင့် လူ‌နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှု လုပ်‌ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။