Home သတင်း စစ်‌ကောင်စီ၏ (၅) လတာ အပစ်ရပ်‌ကြောင်း ‌ကြေညာချက်အ‌ပေါ် သူတို့အမြင်

စစ်‌ကောင်စီ၏ (၅) လတာ အပစ်ရပ်‌ကြောင်း ‌ကြေညာချက်အ‌ပေါ် သူတို့အမြင်

2822

စစ်‌ကောင်စီ၏ (၅) လတာ အပစ်ရပ်‌ကြောင်း ‌ကြေညာချက်အ‌ပေါ် သူတို့အမြင်

အာဏာသိမ်းစစ်‌ကောင်စီက ၅ လတာ အပစ်ရပ်‌ပေး‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာချက် နှင့်ပတ်သက်၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း (NCA-S EAO)နှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ‌လေ့လာ‌စောင့်ကြည့်အကဲခတ်သူအချို့၏ အမြင်သ‌ဘောထားများကို စုစည်းတင်ပြလိုက်ပါသည်။

ပဒို‌စော‌တောနီး (KNU ဗဟို နိုင်ငံခြားဆက်ဆံ‌ရေးဌာနမှူး)
သူတို့ရဲ့ အပစ်ရပ်တယ်ဆိုတာက ကျ‌နော်တို့အတွက် ဘာမှ မထူး‌တော့တဲ့ ကိစ္စရပ်ပါပဲ။ အခုမှ မဟုတ်ဘူး၊ အရင်က တည်းက သူတို့ ‌ပြော‌ပြော‌နေတာပဲ။ မနက်ကျ‌တော့ အပစ်ရပ်တယ်‌ပြောပြီး ည‌နေပိုင်းဆို လာတက်တိုက်ပြီ။ ဒါကို ကျ‌နော်တို့ ‌ခေါင်းထဲမှာကို မထည့်ထားတာ။ ကျ‌နော်တို့ နယ်အပြင် တခြား‌ဒေသ‌တွေမှာလည်း အဲ့လိုပဲ အ‌ပြောတမျိုး အလုပ်တမျိုးလုပ်လာခဲ့တာ ကြာပြီ။ ကိုယ်‌ပြောတဲ့အတိုင်း မလုပ်ဘဲနဲ့‌တော့ ယုံကြည်မှုလည်း ဘယ်‌တော့မှ ရှိလာမှာ မဟုတ်ဘူး။ ‌နောက်တစ်ခုက ဒီအပစ်ရပ်တဲ့အ‌ပေါ်မှာ စဉ်းစားမိတာက အခုတိုင်းပြည်အ‌ခြေအ‌နေအရ မငြိမ်းချမ်းဘူး၊ ဆန့်ကျင်‌တော်လှန်မှု‌တွေကလည်း ပိုများလာတယ်။ အားလုံးသိတဲ့အတိုင်း ဒီပြဿနာကို ‌ဖြေရှင်းဖို့ကလည်း နည်းလမ်းမရှိ‌တော့သ‌လောက်ဖြစ်‌နေတဲ့အ‌ပေါ်မှာ ဒီဖြစ်‌နေတဲ့ တိုက်ပွဲ‌တွေက ကျ‌နော်တို့ ကရင်ဘက်မှာလည်းမကဘူး။ တခြား‌ဒေသဖြစ်တဲ့ စစ်ကိုင်းလို၊ မ‌ကွေးလို ‌ဒေသကစလို့ ချင်းပြည်နယ်တို့ ‌ဒေသ‌တွေအထိ စစ်မျက်နှာကို ဖွင့်လာရတဲ့ အတွက် တစ်ဖက်မှာ သူတို့က အပစ်ရပ်တယ်‌ပြောပြီး သူတို့ ယာယီအားဖြင့် အချိန်ယူပြင်ဆင်ပြီး ခဏ‌နေရင် သူတို့က ပြန်တိုက်ဖို့ လုပ်မှာပဲဖြစ်တဲ့အတွက် ဒီအပစ်ရပ်တယ်ဆိုတာကလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာသိတယ်။ သူတို့ အပစ်ရပ်‌ပြောဆိုတဲ့အတိုင်း တခါမှ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲ့‌တော့ သူတို့ အပစ်ရပ်တဲ့အ‌ပေါ်မှာ‌တော့ အယုံအကြည်မရှိဘူး။ ဒါ‌တွေကိုလည်း ကျ‌နော်တို့ အများကြီးကြုံ‌တွေ့ခဲ့ဖူးပြီးပြီ။

ပြီး‌တော့ သူတို့က အကြမ်းဖက်သမား‌တွေ ဖြစ်တယ်ဆိုတာကိုလည်း တစ်ကမာ္ဘလုံးက သိ‌နေကြပြီး။ ဒါ‌တွေကိုလည်း UN အစည်းအ‌ဝေးပွဲ‌တွေမှာ‌ကော၊ နိုင်ငံတကာ တိုင်းပြည်‌တွေမှာ‌ကော ‌ပြောဆို‌ဆွေး‌နွေး လာ‌နေရတဲ့ အ‌နေအထား‌တွေ ၊ ‌ဒေသတွင်းမှာလည်း ‌ပြောဆို‌ဆွေး‌နွေး‌နေရတဲ့ အ‌နေအထား‌တွေမှာ သူတို့အ‌နေနဲ့ သူတို့ရဲ့ လွတ်‌မြောက်မှုအတွက်ပဲ ကြည့်ပြီးကြိုးပမ်းလုပ်‌ဆောင်‌နေတာကို ရှင်းရှင်းလင်းလင်းကို လူတိုင်း သိ‌နေပြီ။ သူတို့ ဘယ်လိုပဲ ‌ပြော‌နေ၊ ‌ပြော‌နေ ကျ‌နော်တို့ ပြည်သူလူထု‌တွေက ဘာလုပ်သင့်သလဲဆိုတာကို‌တော့ ‌ကောင်း‌ကောင်းကြီး နားလည် သ‌ဘော‌ပေါက် ‌နေပါပြီး။

ဗိုလ်မှူး စိုင်းခမ်းစံ (RCSS ‌ပြော‌ရေးဆိုခွင့်ရှိသူ)
သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပစ်ခတ်ရပ်စဲလုပ်တယ်ဆိုတာ ဒီတစ်ကြိမ်ထုတ်တာမှ မဟုတ်တာ။ (၁၀) ကြိမ်‌ကျော်ပြီး ခဏခဏထုတ်တယ်။ တစ်လ သက်တမ်းတိုးတယ်။ ‌နောက်သုံးလ၊ ‌နောက်‌ခြောက်လ အဲ့လိုမျိုးပဲ လုပ်လာတဲ့အ‌ပေါ်မှာ သူတို့ထုတ်ပြန်ချက်ထုတ်တဲ့ အရင်က ထုတ်တဲ့စာကို ပြန်ကြည့်လိုက်လို့ရှိရင် ထုတ်ပြန်တာက သပ်သပ်၊ သူတို့တိုက်တာ မတိုက်တာကသပ်သပ်။ သူတို့ထုတ်ပြန်တာဆိုရင် သူတို့အပစ်အခတ် တကယ်ရပ်ဖို့ထုတ်ပြန်တာလို့ ကျ‌နော်မမြင် ဘူး‌လေ။ သူတို့တိုက်တဲ့‌နေရာကျ‌တော့ သူတို့သူတို့တိုက်‌နေတာပဲ။ အပစ်အခတ်ရပ်တဲ့‌နေရာဆိုလည်း သူတို့ တိုက်‌နေတာပဲ။ သူတို့မရပ်ဘူး‌လေ‌နော်၊ ပထမတစ်ချက်။ ‌နောက်တစ်ချက်ကျ‌တော့ ကျ‌နော်မြင်တာက ဒီ UN အစည်းအ‌ဝေးနီးလာတဲ့အချိန်ကျ‌တော့ သူက နိုင်ငံတကာအမြင်‌ကောင်း‌အောင် သူတို့က message ပို့ချင်တဲ့သ‌ဘောအ‌နေနဲ့ သူတို့ထုတ်တာလို့ ကျ‌နော်မြင်တယ်‌လေ။ အဲ့‌တော့ နိုင်ငံ‌ရေးအရ သူက ထုတ်တာလို့ ကျ‌နော်မြင်တယ်။ စစ်‌ရေးအရကျ‌တော့ ရပ်တာ‌တော့ မ‌တွေ့မိဘူးခင်ဗျာ့။

‌နော်ဝါးခူရှီး ( ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်)
ဒီလို အပစ်အခတ်ရပ်စဲ‌ရေး ထပ်တိုး‌ကြေညာခဲ့‌ပေမယ့် တိုက်ပွဲ‌တွေက ‌နေ့တိုင်းလိုလို ဖြစ်တာတာပဲ‌လေ။ ဒါက အ‌ပြော သက်သက်ပဲ ရှိပါတယ်။ အ‌ခြေအ‌နေအမှန်က အဲလို ရှိမ‌နေပါဘူး။ တိုင်းရင်းသားနယ်‌မြေ‌တွေမှာ ထိုးစစ်ဆင်တာ၊ ပြည်သူလူထု‌တွေအ‌ပေါ် ဆန့်ကျင်လုပ်‌ဆောင်တာ‌တွေက တစ်ခုမှ ရပ်တန့်‌နေတာ မ‌တွေ့ရပါဘူး။ သူတို့က ဒီလို ထုတ်ပြန်‌ကြေညာခဲ့‌ပေမယ့် တစ်ခုမှ အဓိပ္ပါယ်မရှိပါဘူး။ သူတို့က ထုတ်ပြန်‌ကြေညာတာက လွဲပြီး ‌မြေပြင်မှာ ဘာမှ အ‌ပြောင်းအလဲ တစ်စုံတစ်ရာမရှိပါဘူး ။

‌စောကပိ-(Director of Salween Institute for Public Policy)
ဒီထုတ်ပြန်ထားတဲ့ရလဒ်‌တွေက အဲ့‌လောက်ထိထူးခြားမှုမရှိပါဘူး။ ဘာ‌ကြောင့်အပစ်ရပ်စာကို ထုတ်ပြန်‌ကြေညာ လိုက်လဲဆိုတာက ပြန်ကြည့်မယ်ဆိုရင် အချက်-၂ ချက်ရှိမယ်။ ပထမတစ်ချက်က‌တော့ စစ်‌ကောင်စီကို အားလုံးက အကြမ်းဖက်အဖွဲ့လို့မြင်ကြတယ်။ သူတို့ကိုယ်တိုင်ကလည်း ပြည်သူလူထု‌တွေအ‌ပေါ်၊ တိုင်းရင်းသား‌တွေအ‌ပေါ် အမှန်တကယ်ရက်စက်ယုတ်မာတဲ့သူ‌တွေဖြစ်တယ်။ ဒီအ‌ပေါ်မှာ စစ်‌ကောင်စီက ငြိမ်းချမ်း‌ရေးကို လိုလားတဲ့ အဖွဲ့ဖြစ်တယ်လို့ နိုင်ငံတကာက မြင်‌အောင်ထုတ်ပြန်‌ကြေညာခြင်းဖြစ်တယ်။ နိုင်ငံ‌ရေးအမြတ်ထုတ် တာဖြစ်တယ်။

ဒုတိယတစ်ခုက နယ်‌မြေအားလုံးမှာ သူတို့ စစ်မျက်နှာ ရင်ဆိုင်‌နေတယ်။ FDF တို့ရှိမယ်။ ချင်းပြည်နယ်၊ ကရင်နီပြည်နယ် နယ်‌မြေ‌တော်‌တော်များများမှာ ရင်ဆိုင်‌နေရတယ်။ ပြီး‌တော့ နိုင်ငံ‌ရေးဖိအား‌တွေလည်း အများကြီးကြုံ‌တွေ့‌နေရတယ်။ အဲ့ဒီအတွက် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့‌တွေက သူတို့ကိုလာပြီး မ‌နှောင့်ယှက်‌အောင် သူတို့ ဒီ‌ကြေညာချက်စာကို ထုတ်လိုက်တာဖြစ်တယ်။ ‌နောက်တစ်ချက်က အပစ်အခတ်ရပ်စဲလိုက်တဲ့‌ကြေညာချက်ထုတ်တယ် ။ အခြားတစ်ဖက်မှာ စစ်မျက်နှာ ပြန်ဖွင့်တယ်။ ဒီဟာ‌တွေက တိုင်းရင်သားလက်နက်ကိုင် အဖွဲ့‌တွေကို စိတ်ဝမ်းကွဲ‌အောင်လုပ်တဲ့နည်းဗျူ ဟာ‌တွေပဲဖြစ်တယ်။ သူက ကရင်မှာအပစ်ရပ်လိုက်ရင် ကချင်နဲ့ချင်း၊ ရခိုင်‌ဒေသမှာ ထိုးစစ်ဆင်တယ်။ အဲ့မှာမှ ကရင်က သွားမကူညီဘူးဆိုရင် တစ်ဖက်နဲ့တစ်ဖက်စိတ်ဝမ်းကွဲ‌အောင်လုပ်တဲ့အရာ‌တွေပဲဖြစ်ပါတယ်။