Home သတင်း မြဝတီမြို့၌ တစ်ရက်လျှင် ၄ဝ လီတာဆန့် ‌အောက်ဆီဂျင်အိုး ၁၀ဝ ဝန်းကျင် ဖြည့် သွင်းနိုင်မည့် ‌အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

မြဝတီမြို့၌ တစ်ရက်လျှင် ၄ဝ လီတာဆန့် ‌အောက်ဆီဂျင်အိုး ၁၀ဝ ဝန်းကျင် ဖြည့် သွင်းနိုင်မည့် ‌အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

1174

ဩဂုတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့၌ တစ်ရက်လျှင် ၄ဝ လီတာဆန့် ‌အောက်ဆီဂျင်အိုး အ လုံး‌ရေ ၁၀ဝ ဝန်းကျင်ထိ ဖြည့်သွင်းနိုင်မည့် ‌အောက်ဆီဂျင်စက်ရုံကို ယမန်‌နေ့ (ဩ ဂုတ် ၂၆ ရက်) ညပိုင်းမှစ၍ ‌အောက်ဆီဂျင် ထုတ်လုပ်သည့် လုပ်ငန်း စတင်‌ဆောင် ရွက်‌နေပြီးဟု သိရသည်။

အဆိုပါ ‌အောက်ဆီဂျင်စက်ရုံကို မြဝတီမြို့ရှိ အများပြည်သူ အလှူရှင်များ၏ အလှူ‌ငွေများဖြင့် မြဝတီ ‌ဖောင်‌ဒေးရှင်းမှ ဦးစီးဦး‌ဆောင်ကာ အမှတ် ၆ ရပ်ကွက် တွင် တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်။

မြဝတီ‌ဖောင်‌ဒေးရှင်းအဖွဲ့ဝင် ကိုနိုင်က ” မ‌နေ့ မနက်ပိုင်းက စက်‌တွေကို စတင်တပ်ဆင်ခဲ့ပြီး ညပိုင်းမှာ ‌အောက်ဆီဂျင် ထုတ်လုပ် ခြင်းလုပ်ငန်းကို စတင်‌ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒီစက်ရုံကထွက်တဲ့ ‌အောက်ဆီဂျင်‌တွေက ပုံမှန်အ‌နေအထားမှာဆိုရင်‌တော့ မြဝတီမြို့ တစ်မြို့အတွက်‌တော့ လုံ‌လောက်မှုရှိပါတယ်။ ” ဟု ‌ပြောသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် လပိုင်းတွင် ကိုဗစ်လူနာများအပြင် အခြား‌အောက်ဆီ ဂျင်လိုအပ်သည့် လူနာ များစွာရှိခဲ့ခြင်း‌ကြောင့် မြို့တွင်း ‌အောက်ဆီဂျင်လိုအပ်မှုမှာ ၄ဝ လီတာ အိုးအလုံး‌ရေ ၂၀ဝ မှ ၃၀ဝ ကြားရှိခဲ့သလို ထိုလိုအပ်သည့် ‌အောက်ဆီ ဂျင်များကို မြဝတီတဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ သွား‌ရောက်ဖြည့်ဆည်းခဲ့ရာတွင် ၄ဝ လီတာတစ်အိုးလျှင် ထိုင်းဘတ်‌ငွေ ၄၂ဝ ဘတ် (မြန်မာ‌ငွေ ကျပ် ၂၀၀၀ဝ ‌ကျော်) ကုန်ကျမှုရှိသည်ဟု လူမှုကယ်ဆယ်‌ရေး အဖွဲ့များထံမှ သိရသည်။

ယခု ဒီစက်ရုံမှ ထုတ်လုပ်သည့် ‌အောက်ဆီဂျင်များကို ပြင်ပ‌ဈေးထက် ၂ ဆ‌ကျော် ‌လျှော့ပြီး ‌ရောင်းချ‌ပေးသွားမည်ဟု ‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေး ဦးစီး‌ဆောင်ရွက်‌နေသည့် မြဝတီ‌ဖောင်‌ဒေးရှင်းအဖွဲ့မှ အလုပ်အမှု‌ဆောင်များက ‌ပြောသည်။

“ဒီစက်ရုံက အများပြည်သူအလှူ‌ငွေနဲ့ တည်‌ဆောက်ခဲ့တာပါ။ ဒါ‌ကြောင့် လိုအပ်တဲ့ ပြည်သူ‌တွေကို ဖြစ်နိုင်ရင် အခမဲ့ ဖြန့်‌ဝေ‌ပေးချင်ပါတယ်။ သို့‌သော် စက်ရုံ‌ရေရှည် လည်ပတ်နိုင်ဖို့နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမား ငှါးရမ်းခ၊ မီးခ အစရှိတဲ့ အ‌ထွေ‌ထွေ ကုန်ကျစရိတ်‌တွေရှိလို့ ပြင်ပ‌ဈေးထက် နှစ်ဆ‌ကျော် ‌လျှော့ပြီး ‌ရောင်း ချ‌ပေးဖို့ ကနဦး စဉ်းစားထားကြပါတယ်။”ဟု မြဝတီ‌ဖောင်‌ဒေးရှင်းအဖွဲ့ဝင် ကိုနိုင်က ဆက်‌ပြောသည်။

Covid-19 တတိယလှိုင်းနှင့်အတူ ‌ရောဂါကူးစက်မှုမြင့်မားခဲ့‌သော မြဝတီမြို့တွင် ပြီး ခဲ့သည့် ဇူလိုင်လအတွင်းက ‌အောက်ဆီဂျင် လိုအပ်သည့် ကိုဗစ်လူနာများစွာ ရှိခဲ့ သလို ကိုဗစ်ဖြင့် ‌သေဆုံးခဲ့ရသည့် လူနာ ၂၀ဝ ‌ကျော်ရှိခဲ့‌ကြောင်း သိရသည်။