Home သတင်း စစ်ဦးစီးချုပ် မတင်‌မြှောက်နိုင်‌သေးခင် DKBA ကို EC က ယာယီဦး‌ဆောင်မည်

စစ်ဦးစီးချုပ် မတင်‌မြှောက်နိုင်‌သေးခင် DKBA ကို EC က ယာယီဦး‌ဆောင်မည်

3727

ဩဂုတ် ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေး ကွယ်လွန်ပြီး‌နောက် အဖွဲ့ ၏ စီမံအုပ်ချုပ်မှုအပိုင်းကို စစ်ဦးစီးချုပ်အသစ် တရားဝင် မတင်‌မြှောက်နိုင်‌သေးသည့် ကြားကာလတွင် အဖွဲ့၏ဗ ဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ (EC)မှ ယာယီ ဦး‌ဆောင်မှု ပြုသွားမည်ဖြစ်‌ကြောင်း DKBA ဗဟို၏ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များကို ‌ပေးပို့သည့် အ‌ကြောင်းကြားစာအရ သိရသည်။

ယခင်လ ၂၁ ရက်‌နေ့က DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးသည် ကိုဗစ်-၁၉ ‌ရောဂါဖြင့်ကွယ်လွန်သွား ခဲ့ပြီး ၎င်း‌နေရာတွင် စစ်ဦးစီးချုပ်အသစ် အစားထိုးခန့်အပ်ရန် လတ်တ‌လောအချိန်တွင် ကိုဗစ် ကပ်‌ရောဂါ‌ကြောင့် ခရီးသွားလာရန် အခက်အခဲနှင့် အဖွဲ့အစည်းအတွင်း အစည်းအ‌ဝေး မပြုလုပ်နိုင်‌သေးသည့် ကြားကာလတွင် EC ‌ကော်မတီမှ အဖွဲ့ကို စီမံအုပ်ချုပ်သွားမည်ဖြစ်‌ကြောင်း ၎င်းစာ၌ ‌ဖော်ပြထားသည်။

DKBA ဗဟို စစ်ဦးစီးမှူး ဒုတိယတန်းမှ ဗိုလ်မှူး ‌စောစမင်း “အခု‌လော‌လောဆယ် ဒီကပ်‌ရောဂါအ‌ခြေအ‌နေအရနဲ့ အခုကလည်း မိုးကြီး‌ရေလွမ်း‌နေ‌တော့ သက်ဆိုင်ရာ တပ်ဖက်‌ခေါင်း‌ဆောင်‌တွေ အစည်းအ‌ဝေးတက်ဖို့ အဆင်မ‌ပြေ‌သေးဘူး။ ဒါ‌ပေမဲ့ အချိန်ကျရင်‌တော့ ‌တွေ့ဆုံ ‌ဆွေး‌နွေးပြီး အတည်ပြုမှုလုပ်ရမှာ‌ပေါ့။ ဖွဲ့စည်းပုံ အရ‌တော့ ဒုစစ်ဦးစီးချုပ် ‌စောစတီးက ဦးစီးချုပ် ဖြစ်လာမှာ‌ပေါ့။”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်ကြီး‌စောမို‌ရှေး၏ လစ်လပ်‌နေရာကို ဖွဲ့စည်းပုံအရ ဒုစစ်ဦးစီးချုပ်မှ တာဝန်ယူသွားရမည်ဖြစ် ‌သော်လည်း ၎င်း ဒု-စစ်ဦးစီးချုပ်‌နေရာတွင် အစားထိုးခန့် အပ်သွားရမည့်သူအတွက် သက်ဆိုင်ရာ ‌ခေါင်း ‌ဆောင်များ အ‌သေအချာ ‌တွေ့ဆုံ ‌ဆွေး‌နွေးပြီးမှ ‌ရွေးချယ်တင်‌မြှောက်ရမည်ဖြစ်‌ကြောင်းလည်း ဗိုလ်မှူး ‌စောစမင်း က ဆက်‌ပြောသည်။

အဆိုပါ DKBA ‌ခေါင်း‌ဆောင်သစ်ပြန်လည်‌ရွေးချယ်တင်‌မြှောက်နိုင်ရန် အဖွဲ့တွင်း အစည်းအ‌ဝေးကြီးကို ယခု လကုန်ပိုင်းအတွင်း ကျင်းပနိုင်ရန် ‌မျှော်လင့်ထား‌သော်လည်း ကိုဗစ် ကူးစက်မှု အ‌ခြေအ‌နေ အ‌ပေါ်မူတည်၍ ‌ပြောင်းလဲ ကျင်းပရနိုင်‌ကြောင်းလည်း DKBA ဘက်က ဆိုသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးသည် ကိုဗစ်‌ရောဂါ ကူးစက်ခံရမှု‌ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်‌နေ့ ည‌နေပိုင်းက ရန်ကုန်မြို့ မဂင်္လာဒုံ စစ်‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူ‌နေစဉ်အတွင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

အလားတူ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC) ၏ စစ်‌ရေးချုပ် ဗိုလ်ချုပ်‌စော‌နေစိုးမြ (ခ) ‌တေး‌လေး သည်လည်း ယမန်‌နေ့ ဩဂုတ်လ ၃ရက်‌နေ့ ညပိုင်းက ကိုဗစ်‌ရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ကွယ်လွန် သွားခဲ့သည်။