Home သတင်း မြဝတီမြို့၌ နှစ်ပတ်‌ကျော်ကာလအတွင်း Covid-19 လူနာ ၅၅ဝ ‌ကျော်ရှိပြီး ‌သေဆုံးသူ ၁၇ ဦးအထိရှိလာ

မြဝတီမြို့၌ နှစ်ပတ်‌ကျော်ကာလအတွင်း Covid-19 လူနာ ၅၅ဝ ‌ကျော်ရှိပြီး ‌သေဆုံးသူ ၁၇ ဦးအထိရှိလာ

2113
Photo: CJ

ဇူလိုင် ၈ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၇ ရက်‌နေ့အထိ Covid-19 ‌ရောဂါအတည်ပြုလူနာ ၅၅ဝ ရှိခဲ့ပြီး ယ‌နေ့ (ဇူလိုင် ၈ ရက်)‌နေ့လည်ပိုင်းအထိ နှစ်ပတ်‌ကျော်ကာလအတွင်း ကိုဗစ်ပိုး‌တွေ့ ‌သေဆုံးလူနာ ၁၇ ဦးအထိရှိလာပြီးဟု သိရသည်။

လက်ရှိ Covid- 19 အတည်ပြုလူနာ အမျိုးသား ၂၆၃ ဦးနှင့် အမျိုးသမီး ၂၈၇ ဦး စုစု‌ပေါင်း ၄၄ဝ ဦးအား မဲ ကနယ်တိုးချဲ့ကွက်သစ်ရှိ ကိုဗစ်စင်တာ နှင့် အမှတ် ၄ ရပ်ကွက်ရှိ ‌ကျောက်လုံးကြီး ကိုဗစ်စင်တာတို့တွင် ကုသ ‌ပေးလျက်ရှိရာ ထိုထဲမှ အထူးကြပ်မတ်ကုသရန် လိုအပ်သည့်လူနာများအား မြဝတီခရိုင် ပြည်သူ့ ‌ဆေးရုံကြီးနှင့် သဃင်္န်းညီ‌နောင် တိုက်နယ်‌ဆေးရုံတို့တွင် ကုသ‌ပေးလျက်ရှိသည်။

ကိုဗစ်စင်တာတွင်‌နေစဉ်အတွင်း ‌ဆေးဝါးကုသမှုအား အခမဲ့‌ဆောင်ရွက်‌ပေး‌သော်လည်း စားစရိတ်အတွက် တစ်ရက်လျှင် ၃၅၀ဝ ကျပ်နှင့် ကိုဗစ်စစ်‌ဆေးခ နှစ်ကြိမ်စာ ၂၀,၀၀ဝ ကျပ်အား လူနာများက ‌ပေး‌ဆောင်ရသဖြင့် မရှိနွမ်းပါး လူနာရှင်များအ‌နေဖြင့် အခက်အခဲများ ရှိ‌နေ‌ကြောင်း သိရသည်။

ထိုသို့ ‌ရောဂါကူးစက်ပြန့်ပွားမှု များလာသဖြင့် မြဝတီမြို့အတွင်းရှိ စား‌သောက်ဆိုင်များအားလုံး ဆိုင်ထိုင်စား ‌သောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြု‌ပေးခြင်း၊ အ‌ခြေခံပညာ‌ကျောင်းများအား နှစ်ပတ် ပိတ်ထားခြင်း၊ ကျန်းမာ‌ရေး အနှိပ်ခန်းများ၊ KTV အား ပိတ်ထားရန် ညွှန်ကြား စာထုတ်ခြင်း၊ Mask များ အခမဲ့‌ပေး ‌ဝေခြင်းနှင့် စသည့်ကိုဗစ်အသိပညာ‌ပေးမှုများနှင့် စည်းကမ်းချက်များထုတ်ထားသည်။

သို့‌သော်လည်း မြဝတီမြို့တွင်းရှိ ကာစီနိုရုံနှင့်ငါးဂိမ်း‌လောင်းကစားရုံများမှာ ယ‌နေ့တိုင် ဖွင့်လှစ်ထားဆဲ ဖြစ်၍ ‌ဒေသခံပြည်သူများ ‌ဝေဖန်မှုများ ရှိ‌နေ‌ကြောင်း သိရသည်။

Photo: CJ