Home သတင်း မဲ‌ဆောက်မြို့နယ်အတွင်း Lock down ချခံ မြန်မာအလုပ်သမားများအတွက် အ‌ရေး‌ပေါ်ကူညီ‌ပေးမှုများ ပြုလုပ်

မဲ‌ဆောက်မြို့နယ်အတွင်း Lock down ချခံ မြန်မာအလုပ်သမားများအတွက် အ‌ရေး‌ပေါ်ကူညီ‌ပေးမှုများ ပြုလုပ်

1245
Photo-Yaung Chi Oo Workers Association

ဇူလိုင် ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့နယ်အတွင်း စားနပ်ရိက္ခာ အ‌ရေး‌ပေါ်အကူအညီများ လိုအပ်‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများကို မဲ‌ဆောက်အ‌ခြေစိုက် ‌ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နှင့် အခြားအလှူရှင်များပူး‌ပေါင်း၍ အ‌ရေး‌ပေါ် အကူအညီများ လိုက်လံ‌ပေးအပ်‌နေ‌ကြောင်း သိရသည်။

မဲ‌ဆောက်မြို့နယ်အတွင်း ကိုဗစ် ကပ်‌ရောဂါကူးစက်မှုဆက်တိုက် မြင့်မားလာခြင်း‌ကြောင့် ယခုလအတွင်း lockdown ဧရိယာအဖြစ် သတ်မှတ်ထားခြင်းနှင့်အတူ ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းမှု‌ကြောင့် သွားလာရခက်ခဲသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့်အ‌ရေး‌ပေါ် အကူအညီများကို လိုက်လံ ကူညီပို့‌ဆောင်‌ပေးခြင်းဖြစ်‌ကြောင်း ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ‌ပြောခွင့်ရ ဦးမိုး‌ကျော်က ယခုလို‌ပြောသည်။

“အဓိက လုပ်‌ပေးတာက‌တော့ အ‌ရေး‌ပေါ်အ‌ခြေအ‌နေ‌ပေါ့၊ မဲ‌ဆောက်‌ဒေသထဲမှာ lockdown ချခံထားရတဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ၊ ပြီးရင် အခုရက်ပိုင်း မိုးရွာသွန်းမှု ‌ရေချိန်မြှင့်လာပြီး ‌ရေးကြီးပြီး‌တော့ သွားလာ‌ရေး ခက်ခဲ‌နေတဲ့ အလုပ်သမား‌တွေ စား‌ရေး‌သောက်‌ရေး ခက်ခဲ‌နေတဲ့ အလုပ်သမား‌တွေကို ကျ‌နော်တို့က စားနပ်ရိက္ခာ ‌ထောက်ပံ့တဲ့ အစီအစဉ်ကို လုပ်‌ဆောင်‌နေပါတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှဦး‌ဆောင်ပြီး အ‌ဝေး‌ရောက် ဧရာဝတီအသင်း(OIA)၊ Burma Lawyers’ Council (BLC)နှင့် Migrants Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့နှင့် ချိတ် ဆက်ခြင်းအပြင် ‌ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကပါ ထည့်ဝင်လှူဒါန်းမှုဖြင့် ယခုလို လိုက်လံကူညီ‌ပေးခြင်းဖြစ်‌ကြောင်းလည်း ဦးမိုး‌ကျော်က ဆက်‌ပြောသည်။

ယခင်ဇွန်လကုန်ခါနီးမှစ၍ lockdown ချခံထားရသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အများစုရှိရာ စက်ရုံ အလုပ်ရုံများကို လူဦး‌ရေအ‌ပေါ်မူတည်ပြီး လိုအပ်သည့် စားနပ်ရိက္ခာများကို ခွဲ‌ဝေလှူဒါန်းခြင်းဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ နှင့် ဟင်းများချက်ပို့‌ပေးခြင်းအပြင် အမျိုးသမီးများအတွက် လစဉ်သုံး ပစ္စည်းများကိုပါ ဆက်သွယ်လာမှု အ‌ပေါ် မူတည်၍ ‌ပေးပို့ လှူဒါန်းခြင်းလည်းဖြစ်သည်။


Photo-Yaung Chi Oo Workers Association

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား တစ်ဦးက “ကျ‌နော်တို့ lockdown ချခံထားရတာ အရင်လ ၂၈ ရက်က‌နေ ၂၃ ရက်‌နေ့အထိ တစ်လနီးပါးရှိပြီး‌ပေါ့။ အဲ့ကာလမှ ဒီရပ်ကွက်ထဲကလူ‌တွေက အပြင်လည်းထွက်မရဘူး။ စားဝတ် ‌နေ‌ရေးက မြို့နယ်ရုံး‌တွေက လာလှူတာလည်းရှိတယ်။ ဒီမှာ အခက်အခဲရှိတာက ၅ဝ ရာခိုင်နှုန်း‌လောက် က‌တော့ ခက်ခဲ‌နေကြသူ‌တွေဖြစ်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကပ်‌ရောဂါအ‌ခြေအ‌နေ ဆက်လက်မြှင့်တက်‌နေခြင်းနှင့် ‌ရေ‌ဘေးများပါ ဆက်လက်ကြုံ‌တွေ့ရပါက ရပ်တည် ‌ရေးအတွက် အခက်အခဲသွားမည်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့အစည်း အလှူရှင်များ၏ စားနပ်ရိက္ခာဖြင့်သာ ရပ်တည် ‌နေကြရပြီး တချို့အလုပ်လက်မဲ့ဖြစ်‌နေသည့် မိသားစုများအတွက် ‌နေအိမ်အခန်းခများကို ‌ပေး‌ဆောင်ရန် အခက်အခဲများရှိ‌နေကြ‌ကြောင်းလည်း အဆိုပါ မြန်မာအလုပ်သမားက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ် ကူးစက်ခံရမှု မြင့်မား‌နေပြီး မဲ‌ဆောက် မြို့နယ်အတွင်း ကူးစက်ခံရသူ‌ပေါင်း ‌ထောင်ချီရှိ ‌နေပြီးဖြစ်သလို ‌နေ့စဉ်ကူးစက်မှုများ ဆက်လက်ရှိ‌နေ‌သော‌ကြောင့် ရပ်ကွက် ‌နေအိမ်တချို့ကို သွားလာမှု ကန့်သတ်ထားသည်။ အလားတူ ယခု ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုဖြစ်‌ပေါ်‌နေကာ ‌သောင်ရင်းမြစ် ‌ရေလျှံ၍ ကမ်းနား‌နေ ပြည်သူအချို့ ‌ရေကြီးမှုဒဏ်ကိုပါ ခံ‌နေကြရ‌ကြောင်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက် သူများထံမှ သိရသည်။