Home သတင်း ကိုဗစ်ပိုးစက်မှုနှင့် ‌သေဆုံးသူ ဦး‌ရေ မြှင့်တက်လာသည့် မြဝတီမြို့ကို Stay at Home ‌ကြေညာထားပြီး စည်းကမ်းများတင်းကြပ်

ကိုဗစ်ပိုးစက်မှုနှင့် ‌သေဆုံးသူ ဦး‌ရေ မြှင့်တက်လာသည့် မြဝတီမြို့ကို Stay at Home ‌ကြေညာထားပြီး စည်းကမ်းများတင်းကြပ်

1683

ဇူလိုင် ၁၄ ရက်၊၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို တွင် ယခု တစ်လအတွင်း ကိုဗစ် လူနာ ၈၀ဝ ခန့် နှင့် ‌သေဆုံးသူ ၅ဝ ဝန်းကျင်ခန့် ရှိလာပြီးဖြစ်၍ Stay at Home ‌နေထိုင်ရန် ‌ကြေညာထားပြီး စည်းကမ်းချက်များ ယခင်ကထက် ပိုမိုတင်းကြပ်ထား‌ကြောင်း သိရသည်။

Stay at Home ကာလကို ယမန်‌နေ့ ဇူလိုင် ၁၃ ရက်‌နေ့က စတင်သတ်မှတ်ခဲ့ရာ အဖွဲ့အစည်းကုမ္ပဏီများအ‌နေဖြင့် လုပ်ငန်း‌ဆောင်တာများကို ‌နေအိမ်တွင် ‌ဆောင်ရွက်ရန်၊ ‌ဈေးဝယ်သွားလာမှုအတွက် တစ်ဦးသာသွားရန်၊ ‌ဆေးရုံ ‌ဆေးခန်း သွားလာရာတွင် လူနာနှင့် အ‌ဖော်တစ်ဦးသာသွားရမည်ဖြစ်ပြီး ‌မော်‌တော်ယာဉ်နှင့် သွားလာပါက ကား တစ်စီးလျှင် သုံးဦးသာသွားလာရမည်ဟု မြို့‌နေပြည်သူများ လိုက်နာရန် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါ တည်ဆဲဥပ‌ဒေအရ အ‌ရေးယူသွားမည်ဟု ‌ဒေသအာဏာပိုင်များက ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် ယ‌နေ့ ဇူလိုင် ၁၄ ရက်‌နေ့တွင် မြဝတီစည်ပင်သာယာ‌ရေးနယ်နိမိတ်အတွင်းရှိ ‌ဈေးများ ပိတ်ထားရန် ညွှန်ကြားထားပြီး ‌နေအိမ်မှ ပြင်ပမဖြစ်မ‌နေ ‌ဈေးဝယ်ရန်အပြင်ထွက်လိုသူများအတွက် တစ်အိမ်လျှင် တစ်ဦးနှုန်း သာ သွားလာရမည်ဖြစ်ကာ မိမိ‌နေထိုင်ရာ ရပ်ကွက်မှ ထုတ်‌ပေးမည့် ‌ဈေးဝယ်အပြင် ထွက်ခွင့် ကဒ်အား တစ်ပါတည်းယူ‌ဆောင်သွားမည်ဟု ထပ်မံထုတ်ပြန်ထားသည်။

“ယခု လို Stay at Home ကာလ ဘယ်အထိ ကြာမယ်မှန်းမသိဘူး။ ‌ဈေး‌တွေပိတ်ထားပြီး တစ်ချို့စား‌သောက် ကုန်စုံ ဆိုင်‌တွေလည်းပိတ်ထားကြ‌တော့ စား‌ရေး‌သောက်‌ရေးမှာ အခက်အခဲ‌တွေရှိ‌နေသလို စား‌သောက် ကုန်‌ဈေးနှုန်း‌တွေလည်း ထိုးတက်‌နေပါတယ်။ ဒါ့အပြင် အိမ်ထဲမှာပဲ‌နေရမယ် ဘာအလုပ်မှ မလုပ်ရဘူးဆို‌တော့ အ‌ခြေခံလူတန်းစားများအဖို့ ‌ရေရှည်များ စားဝတ်‌နေ‌ရေးအတွက် အခက်အခဲ‌တွေရှိလာပြီး စိတ်ကျ‌ရောဂါ သည်‌တွေပါ တိုးလာနိုင်ပါတယ်။ ” ဟု မြဝတီမြို့ခံတစ်ဦးက ‌ပြောသည်။

ယခုအချိန်တွင် ‌ရောဂါထိန်းချုပ်မှုသည် အ‌ရေးကြီး‌သော်လည်း လက်လုပ်လက်စား အ‌ခြေခံ လူတန်း စားများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်‌ဆောင်ရွက်မှုများလုပ်‌ဆောင်သင့်ပြီး ထိုသို့မလုပ်‌ဆောင်‌ပေးပါက ကိုဗစ်‌ကြောင့်မဟုတ်ဘဲ အစာအာဟာရ ပြတ်ပြီး ငတ်‌သေမည့်သူများ ထပ်တိုးလာဖွယ်ရှိ‌ကြောင်း မြို့‌နေလူထုများက ‌ပြောသည်။