Home သတင်း ကိုဗစ်ကူးစက်ခံရသူ အမျိုးသားတစ်ဦး ထပ်မံ‌သေဆုံး၍ မြဝတီမြို့တွင် တပတ်အတွင်း ကိုဗစ်‌ကြောင့် ‌သေဆုံးသူ ၃ ဦးထိရှိလာ

ကိုဗစ်ကူးစက်ခံရသူ အမျိုးသားတစ်ဦး ထပ်မံ‌သေဆုံး၍ မြဝတီမြို့တွင် တပတ်အတွင်း ကိုဗစ်‌ကြောင့် ‌သေဆုံးသူ ၃ ဦးထိရှိလာ

1349

ဇူလိုင်၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်‌ရောဂါကူးစက်ခံရသူ အမျိုးသားတစ်ဦး ယ‌နေ့ ဇူလိုင် ၄ ရက်‌နေ့က ‌သေဆုံးခဲ့၍ ယခုတပတ်အတွင်း မြဝတီမြို့တွင် ကိုဗစ်‌ရောဂါပိုး ကူးစက်ခံရပြီး ‌သေဆုံးသူ ၃ ဦးထိ ရှိလာပြီးဖြစ်‌ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ၊ အ‌လောင်းဘုရားလမ်း‌နေ အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး ယ‌နေ့ Covid- 19 ‌ရောဂါဖြင့် ‌သေဆုံးခဲ့သည်ဟု မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ကိုဗစ်‌ကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် ‌နေ့တွင် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ဇူလိုင် ၁ ရက်‌နေ့တွင်လည်း အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ‌သေဆုံးခဲ့၍ ယခု တပတ်အတွင်း မြဝတီမြို့တွင် ကိုဗစ်‌ကြောင့် ‌သေဆုံးသူ ၃ ဦး ထိရှိလာပြီး ဖြစ်သည်။

မြဝတီမြို့တွင် ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၃ ရက်‌နေ့အထိ မြဝတီခရိုင်‌ဆေးရုံ၏ ‌ဆေးစစ်ချက် အရ Coviid-19 ‌ရောဂါပိုး‌တွေ့ရှိသူ ၂၇ဝ ‌ကျော်ခန့်ရှိ‌နေပြီးဟု မြဝတီမြို့ လူမှုကူညီ‌ရေး အသင်းအဖွဲ့များထံမှ သိရသည်။

ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိသူများကို မဲကနယ်ကွက်သစ်ရှိ Covid Center နှင့် အမှတ် ၄ ရပ်ကွက် ‌ကျောက်လုံးကြီးစခန်း Covid Center တို့တွင် ထားရှိပြီး ‌ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ ထိုသို့ Center မှာ ‌နေစဉ်အတွင်း စားစရိတ်အ‌နေဖြင့် တစ်ရက်လျှင် ၃၅၀ဝ ကျပ်နှုန်း နှင့် ကိုဗစ်စစ်‌ဆေးခ နှစ်ကြိမ်စာ ‌ငွေ ၂၀၀၀ဝ ကျပ် ကို လူနာများက ‌ပေး‌ဆောင်ရသည်။

၎င်းအပြင် ကိုဗစ်လူနာများနှင့် ထိ‌တွေ့ခဲ့သူများကိုလည်း Center တွင် ၁ဝ ရက်ကြာ Quarentine ထားရှိပြီး စားစရိတ် တစ်ရက်လျှင် ၃၅၀ဝ ကျပ် နှုန်း နှင့် ကိုဗစ်စစ်‌ဆေးခ နှစ်ကြိမ်စာ ‌ငွေ ၂၀၀၀ဝ ကျပ် ကို Contant Persons များက အလားတူ ‌ပေး‌ဆောင်ရသည်ဟု သိရသည်။

“‌ရောဂါမဖြစ်ရင်‌တောင် ထိ‌တွေ့မှုရှိခဲ့သူဆိုပြီး Center ကို ပို့ခံရသူ တစ်‌ယောက်အ‌နေနဲ့ ဘယ်လိုမဆို ‌ငွေ ၅၅၀၀ဝ ကျပ် ရှိမှ အဆင်‌ပြေမယ့်သ‌ဘောပါ။ အရင်လို ‌ငွေ‌ကြေးကုန်ကျမှု မရှိခဲ့စဉ်က သံသယလူနာ‌တွေကို သွား‌ခေါ်ရာမှာ ၎င်းတို့ဟာ မလိုက် ချင်လို့ ‌ရှောင်တိမ်းရန်‌တွေ့မှု‌တွေနဲ့ အခက်အခဲ အမျိုးအမျိုးကြုံခဲ့ရတာပါ။
အခုလို ‌ငွေ‌ကြေးကုန်ကျမှုပါ ရှိလာ‌တော့ ပိုပြီး‌တော့ ‌ခေါ်ရခက်သွားပြီး ‌ရောဂါထိန်းချုပ်မှုအတွက်ကိုပါ အဟန့်အတား ဖြစ်လာ‌စေနိုင်တယ် “ဟု မြဝတီခရိုင် ကိုဗစ်‌ရောဂါကာကွယ် ထိန်းချုပ်‌ရေးတွင် တစိုက်မတ်မတ် ‌ဆောင်ရွက်‌နေသည့် လူမှုကူညီ‌ရေး အသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်‌ပြောဆိုသည်။