Home သတင်း ခလယ်-တံခွန်တိုက်နယ် ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွား

ခလယ်-တံခွန်တိုက်နယ် ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွား

1820

ဇွန်လ ၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်-တံခွန်တိုင် တိုက်နယ် ရဲစခန်းအနီးတွင် ယ‌နေ့ ဇွန်လ ၄ ရက် ‌နေ့လယ် ၁၂နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွား‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုသည် စစ်‌ကောင်စီ၊ ရဲ၊ BGF ပူး‌ပေါင်းတပ်ဖွဲ့နှင့် နယ်‌မြေခံ ‌ကေအဲန်ယူ တပ်ဖွဲ့တို့အကြား ပစ်ခတ်မှု ဖြစ် သည်ဟု ‌ဒေသခံများက ခန့်မှန်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ကာ လက်နက်ကြီး ၁ဝလုံးထက်မ နည်း ‌ပေါက်ကွဲသံများ ကြား‌နေရသည်ဟု ‌ဒေသခံရွာသားတစ်ဦးက ယခုလို ‌ပြောဆိုသည်။

“ဒီ‌နေ့ ‌နေ့လယ် ၁၂နာရီခန့်မှာ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်သံက ရဲစခန်းမှာကြားတယ်။ လက်နက်ကြီး ၁ဝလုံးထက်မ က ပစ်သံခတ်သံကြားရတယ်။ စစ်‌ကောင်စီ၊ ရဲနဲ့ BGF ပူး‌ပေါင်းတပ်ဖွဲ့နဲ့ ‌ကေအဲန်ယူနဲ့ ပစ်ကြတယ်လို့ပဲ ခန့်မှန်းကြတာ ‌ပေါ့‌နော်။”ဟု လုံခြုံ‌ရေးအရ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပစ်ခတ်မှု‌ကြောင့် လက်ရှိ ခလယ်နှင့် တံခွန်တိုင်ရှိ ‌ဒေသခံရွာသူရွာသားများမှာ ယခုအချိန်တွင် ရွာအပြင်ဘက်ရှိ လုံခြုံသည့်‌နေရာများတွင် အချို့ ယာယီတိမ်း‌ရှောင်‌နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ရက်‌နေ့က ခလယ်-တံခွန်တိုင်တိုက်နယ်ရဲစခန်းတွင် စစ်‌ကောင်စီတပ် ခလရ(၂၈၃) တပ်ရင်းနှင့် အမှတ်(၁၀၂၁) နယ်ခြား‌စောင့်တပ် ဖွဲ့ပူး‌ပေါင်း၍ လာ‌ရောက်တပ်စွဲထားကြသဖြင့် ပစ်ခတ်မှု ဖြစ်ပွားမည်ကို စိုးရိမ်သည့် အတွက် တပ်ပြန်လည်ဆုတ်‌ပေးရန် ‌ဒေသခံများက ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုခဲ့ကြ‌သော်လည်း တပ်မဆုတ်သည့်အပြင် ထပ်မံ၍ အင်အားတိုးချဲ့လာ‌ကြောင်း မြင်‌တွေ့ကြသူများက ‌ပြောသည်။

၎င်းတိုက်ပွဲမှာ စစ်‌ကောင်စီ ပူး‌ပေါင်းအဖွဲ့များနှင့် ‌ကေအဲန်ယူ လက်‌အောက်ခံ KNLA တပ်မဟာ(၆)၏ တပ်ရင်း(၁၆) တပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ အသိုင်းအဝိုင်းထံမှ သိရ‌သော်လည်း ဖြစ်ပျက်မှု အ‌သေးစိတ် မသိရှိ ရ‌သေး‌ပေ။