Home သတင်း ၂၀၂၁ ခုနှစ် Judith Lee Stronach Award ဆု WLB ရရှိ

၂၀၂၁ ခုနှစ် Judith Lee Stronach Award ဆု WLB ရရှိ

3700

ဇွန်လ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအ‌ရေး၊ ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးဆိုင်ရာလှုပ်ရှားမှုတွင် အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရန် ‌ဆောင်ရွက်‌ပေးသည့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ -Women’s League Burma (WLB) အဖွဲ့ကို ၂၀၂၁ Judith Stronach Award ဆု ‌ပေးအပ်ခြင်းခံရသည်ဟု သိရသည်။

အဆိုပါဆုကို The Center for Justice and Accountability အဖွဲ့အစည်းမှ ‌ပေးအပ်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့မှ ယခုနှစ်တွင်‌ပေးသည့် ဆု (၄) ဆုအထဲတွင် လူ့အခွင့်အ‌ရေးနှင့် ဖယ်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုအ‌ရေး အတွက် ‌ဆောင်ရွက်‌သော‌ကြောင့် WLB အဖွဲ့မှ (Judith Lee Stronach Award) ဆုကို ရရှိလိုက်ခြင်းဖြစ် သည်ဟု သိရသည်။

“ကျမတို့ WLB ရဲ့ နှစ်၂ဝ ‌ကျော်ကြာ လုပ်‌ဆောင်‌နေတဲ့လုပ်‌ဆောင်ချက်‌တွေ၊ ကျမတို့ အမျိုးသမီး‌တွေရဲ့ လှုပ်ရှားမှု‌တွေကို ကျမတို့ လူထု‌တွေက အသိအမှတ်ပြု‌ပေးတာမကဘဲ နိုင်ငံတကာ အဖွဲ့အစည်းကြီး ‌တွေကလည်း ကျမတို့ ‌ပေးဆပ်တာ‌တွေကို အသိအမှတ်ပြုလာတာ‌တွေ့ရတာ‌ပေါ့။ အဲဒီအတွက် ကျမတို့ရဲ့ လုပ်‌ဆောင်ချက်‌တွေကို နိုင်ငံတကာနဲ့အများအသိမှတ်ပြုလာ‌အောင် ပူး‌ပေါင်းလုပ်‌ဆောင်‌ပေး‌နေတဲ့ အဖွဲ့‌တွေကိုလည်း ‌ကျေးဇူးတင်ရမှာဖြစ်တယ်” ဟု WLB အဖွဲ့ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်ဆဲဆဲက ‌ကေအိုင်စီသို့‌ပြောသည်။

WLB အဖွဲ့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တရာမျှတသည့် လူ့အဖွဲ့အစည်းဖြစ်‌ပေါ်လာ‌စေ‌ရေး၊ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်‌ရေးနှင့် အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှုပ‌ပျောက်‌ရေး စသည့် လုပ်ငန်းများကို အဓိကထားလုပ်‌ဆောင်သည့် အဖွဲ့ဖြစ်ပြီး WLB အဖွဲ့ထဲတွင် လူမျိုးဘာသာမ‌ရွေး တိုင်းရင်းသား‌ဒေသအသီးသီးမှ အမျိုးသမီးအဖွဲ့ ‌ပေါင်း ၁၃ဖွဲ့ ပူး‌ပေါင်းပါဝင်သည်ဟု သိရသည်။

WLB အဖွဲ့ကို တိုင်းရင်းသား‌ဒေသရှိ အမျိုးသမီးများစု‌ပေါင်း၍ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင်စတင်တည် ‌ထောင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ကာ နှစ်‌ပေါင်း ၂ဝ ‌ကျော်အတွင်း ၂၀၀၅ ခုနှစ်မှ စတင်၍ ၂၀၂၁ခုနှစ်အထိ နိုင်ငံတကာမှ အသိမှတ်ပြု ချီးမြှင့်ခံရသည့် ဆု(၆)ခုရရှိ‌နေပြီဖြစ်သည်ဟု သိရသည်။