Home သတင်း NCA အတိုင်း လိုက်နာသွားမည်ဟု KNLA စစ်ဦးစီးချုပ် ထုတ်ပြန်

NCA အတိုင်း လိုက်နာသွားမည်ဟု KNLA စစ်ဦးစီးချုပ် ထုတ်ပြန်

2516

ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်မှတ်‌ရေးထိုးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) အတိုင်း တိကျစွာလိုက်နာကျင့်သုံးသွားမည်ဖြစ်‌ကြောင်း ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ယ‌နေ့ ရက်စွဲဖြင့် ၎င်း၏ သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA အ‌နေဖြင့် KNU၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှုလမ်းညွှန် မှုကို ခံယူလျက် ဒီမိုက‌ရေစီအ‌ရေး၊ တန်းတူ‌ရေး နှင့် ကရင်အမျိုးသားအ‌ရေးကို အစဉ်‌ဆောင်ရွက်လာခဲ့ရာ ‌မေလ ၁ဝ ရက်‌နေ့က ထုတ်ပြန်ခဲ့‌သော KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေဖိုး၏ သ‌ဘောထားအတိုင်းလိုက်နာ ခံယူသွား မည်ဟုလည်း ‌ဖော်ပြထားသည်။

ထို့အပြင် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်ဖွဲ့ဝင်များအားလုံး အ‌နေဖြင့်လည်း စစ်စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာကြရန်လည်း ၎င်း၏ သ‌ဘောထားတွင် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ‌မေလ ၁ဝ ရက်‌နေ့က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက သက်ဆိုင်ရာ အစုအဖွဲ့ များ အ‌နေဖြင့် အပစ်ရပ် စာချုပ်(NCA) မူ‌ဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်း‌ရေး ကို ထိန်းသိမ်းကြရန် တိုက်တွန်းထားသည့် သ‌ဘောထားထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့‌သေးသည်။