Home သတင်း က‌လေးများကို ‌ကျောင်း‌ပေးတက်ရန် BGF ဖိအား‌ပေး‌ပြောဆို‌နေဟု ‌ဒေသခံဆို

က‌လေးများကို ‌ကျောင်း‌ပေးတက်ရန် BGF ဖိအား‌ပေး‌ပြောဆို‌နေဟု ‌ဒေသခံဆို

1734

ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မိဇိုင်း‌ကျေးရွာအုပ်စု၊ ဝဲပျံ‌ကျေးရွာရှိ ‌ဒေသခံ‌ကျေးရွာသားများကို နယ်ခြား ‌စောင့်တပ် (BGF)မှ ‌ခေါ်ယူ၍ ၎င်းတို့သားသမီးများကို ‌ကျောင်းတက်ခိုင်းရန် ဖိအား‌ပေး‌ပြောဆိုခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

စစ်‌ကောင်စီ ‌ထောက်ခံအား‌ပေးသည့် ‌ကျောင်းအုပ်ဆရာမနှင့် ‌ဒေသခံ‌ကျေးရွာသားတချို့၏ တိုင်တန်းမှု‌ကြောင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်‌နေ့က BGF မှ ဗိုလ်တင်ဝင်းဆိုသူက ‌ဒေသခံ‌ကျေးရွာသားများကို‌ခေါ်ယူ၍ က‌လေးများကို ‌ကျောင်းမထားလျှင် တိုင်တန်းအ‌ရေးယူခံရမည်ဟု ခြိမ်း‌ခြောက်‌ပြောဆိုခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံ တစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “ဒီမှာက ‌ကျောင်းမအပ်ရဲကြတဲ့သူ‌တွေရှိတယ်။ ‌ကျောင်းမအပ်ကြ‌တော့ အစည်းအ‌ဝေး‌ခေါ်တယ်။ တစ်အိမ် တစ်‌ယောက်ဆိုပြီး‌တော့ တနလင်္ာ‌နေ့က ‌ခေါ်ပြီး နင်တို့တ‌တွေ ‌ကျောင်းမအပ်ရင် သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး အ‌ရေးယူမယ်တဲ့။ အဲ့ဒါ မအပ်ချင်လည်း အပ်‌နေကြရတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဝဲပျံ‌ကျေးရွာတွင် အထက်တန်း‌ကျောင်းအဆင့်ထိရှိပြီး ယခင်က ‌ဒေသခံ ‌ကျောင်းသူ၊ ‌ကျောင်းသား ၃၀ဝ ‌ကျော်ပညာသင်ယူ‌နေ‌သော်လည်း လက်ရှိတွင် ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၀ဝ ‌ကျော်သာ ‌ကျောင်းအပ်ကြ ‌သော‌ကြောင့် ယခုလို ခြိမ်း‌ခြောက် ‌ပြောဆိုခံရခြင်းဖြစ်သလို ‌ကျောင်းအုပ်အပါအဝင် ‌ကျောင်းဆရာ၊ ဆရာမ အားလုံးကလည်း Non-CDM (အာဏာဖီဆန်‌ရေးမလုပ်သူ)များ ဖြစ်ကြ‌ကြောင်း အဆိုပါ ‌ဒေသခံက ဆက်‌ပြော သည်။

“‌ကျောင်းမှာ‌ကျောင်းသားက ၃၀ဝ ‌ကျော်‌လောက်ရှိတယ်။ ပထမက ‌ကျောင်းသား‌တွေက မတက်ရဲကြဘူး။ မတက် ရဲကြ‌တော့ ၁၀ဝ ‌ကျော်‌ကျော်ပဲတက်တယ်။ အဲ့ဒါ သူတို့က ပညာ‌ရေးနဲ့ နိုင်ငံ‌ရေး မတူဘူး။ ဘာမှ မဖြစ်ဘူး။ မတက်လို့လည်းမရဘူး။ လက်နက်အားကိုးနဲ့‌လေ။ ဒီမှာက ဘယ်သူမှ မတက်ချင်ကြဘူး။” ဟု ၎င်း‌ဒေသခံက ဖြည့်စွက်‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်‌နေ့ ‌ခေါ်ယူ‌တွေ့ဆုံမှုတွင် ‌ဒေသခံ‌ကျေးရွာသားများကိုလည်း ‌ကျောင်းလုံခြုံ ‌ရေးအတွက် တစ်ညလျင် ၂ဦးခန့် ကင်း‌စောင့်ခိုင်းပြီး လူစိမ်းများကိုလည်း အဝင်မခံဘဲ လူစိမ်း‌တွေ့ရှိပါက ဆက်သွယ်ရန် ‌ပြောဆိုခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ဝဲပျံ‌ကျေးရွာတွင် စစ်‌ကောင်စီ ‌ထောက်ခံအား‌ပေးသူ(ဒလန်)များစွာရှိ‌နေ‌သော‌ကြောင့် စစ်‌ကောင်စီကို ‌ထောက်ခံအား‌ပေးမှုမရှိသည့် ‌ဒေသခံများအ‌နေဖြင့်လည်း ဘဝ လုံခြုံမှုမရှိကြသလို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ‌ထောက်ခံအား‌ပေးသူ များမှာလည်း ခြိမ်း‌ခြောက်‌ပြောဆိုမှုများခံ‌နေရ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

၎င်း ဖားအံမြို့နယ် ၊ ဝဲပျံ‌ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်( တပ်မဟာ -၁) နယ်‌မြေထဲတွင်လည်း ပါဝင်‌နေပြီး လက်ရှိတွင် KNU အ‌နေဖြင့်လည်း ၎င်းခြိမ်း‌ခြောက်ခံရမှုရှိ‌နေသည့် ‌ဒေသခံများအတွက် တစ်စုံတစ်ရာ ကူညီ‌ဆောင်ရွက်‌ပေးနိုင်ခြင်းမျိုး မရှိ‌ကြောင်းနှင့် အဆိုပါ လာ‌ရောက်ခြိမ်း ‌ခြောက်‌ပြောဆိုသည့် BGF တပ်ရင်းနှင့်တာဝန်ရှိသူကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိ ‌သေး‌ပေ။