Home သတင်း DKBA ဌာနချုပ်ရာ ‌ကျေးရွာအထိ စစ်‌ကောင်စီတပ်ထိုး‌ဖောက်ဝင်‌ရောက်လာမှု‌ကြောင့် ‌ဒေသခံရွာသားများ တိမ်း‌ရှောင်‌နေကြ

DKBA ဌာနချုပ်ရာ ‌ကျေးရွာအထိ စစ်‌ကောင်စီတပ်ထိုး‌ဖောက်ဝင်‌ရောက်လာမှု‌ကြောင့် ‌ဒေသခံရွာသားများ တိမ်း‌ရှောင်‌နေကြ

1477

ဇွန်လ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ခွဲထွက် DKBA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြဝတီမြို့‌တောင်ဘက်ခြမ်း ဖလူး‌လေး‌ကျေးရွာအ‌ခြေစိုက် စစ်‌ကောင်စီတပ်ဖွဲ့ဝင် များသည် ယ‌နေ့၊ ‌နေ့လည်အချိန်တွင် အပစ်ရပ်စာချုပ်(NCA) ထိုးထားသည့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA ဌာနချုပ်ရှိရာ ‌သေ့‌ဘောဘိုး‌ကျေးရွာအထိ ထိုး‌ဖောက်ဝင်‌ရောက်‌နေရာယူလာသည့်အတွက် ထို‌ဒေသရှိ ‌ဒေသခံများမှာ နီးစပ်ရာသို့ တိမ်း‌ရှောင်‌နေကြရသည်ဟု သိရသည်။

အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို အပစ်ရပ် DKBA အဖွဲ့၏ အစီအစဉ်ဖြင့် ကုန်တင်ဆယ်ဘီးကား ၃ စီးဖြင့် ‌သေ့‌ဘောဘိုး ‌ကျေးရွာတွင် ဝင်‌ရောက်‌နေရာယူလာခြင်းဖြစ်ပြီး ယခုဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်ဖွဲ့နှင့် ဗိုလ်‌ကျော်သက် ဦးစီး‌သော ခွဲထွက် DKBA တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြသည့်အတွက် ‌သေ့‌ဘောဘိုး‌ကျေးရွာအုပ်စုအတွင်းရှိ ရာနှင့်ချီသည့် ‌ဒေသခံများမှာ နီးစပ်ရာ‌နေရာအနီးသို့ တိမ်း‌ရှောင်‌နေကြရသည်ဟု အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “ဒီ‌နေ့ ‌နေ့လည် ၁၂နာရီ‌လောက်မှာ ‌ရောက်လာတယ်။ ဆယ်ဘီးကား ၃ စီး၊ တပ်အင်အား ၁၀ဝ ‌ကျော်တယ်။ ‌ရောက်လာပြီး ‌သေ့‌ဘောဘိုး ရပ်ကွက် ၄ ဘုရားကုန်းမှာ သွား‌ရောက်‌နေရာယူထားတယ်။ အခု‌တော့ အနီးအနားက ‌သေ‌ဘောဘိုး၊ ဆုံဆည်းမြိုင်၊ ‌တောင်နီရွာတ‌လျှောက်က ရွာသား‌တွေက‌တော့ ‌ဘေးလွတ်မယ်လို့ ယူဆတဲ့‌နေရာ‌တွေမှာ တိမ်း‌ရှောင်ကြကုန်ပြီး၊ အိမ်မှာ အမျိုးသား အချို့ပဲတယ်။ အချို့ဆို ညကတည်းက တိမ်း‌ရှောင်သွားကြတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အပစ်ရပ် DKBAအဖွဲ့ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်‌မေးမြန်းရာတွင် ဌာနချုပ်ရှိရာ ‌သေ့‌ဘောဘိုး‌ကျေးရွာတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌ရောက်ရှိလာသည်မှာ ကြားသိရ‌ကြောင်း၊ ခရီးလွန်‌နေသဖြင့် ယင်းဖြစ်စဉ်အ‌သေးစိတ်ကို မသိရှိရ‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ပြန်လည်‌ပြောဆိုသည်။

ဇွန်လ ၁ ရက်မှ ၂ ရက်‌နေ့အထိ ခွဲထွက် (DKBA)အဖွဲ့နှင့် စစ်‌ကောင်စီတပ်၊ BGF ပူး‌ပေါင်းအဖွဲ့တို့ကြား ဖြစ်ပွား‌နေသည့် တိုက်ပွဲ‌ကြောင့် မြဝတီ‌တောင်ဘက်ခြမ်း ဖလူး‌ကျေးရွာနှင့် အနီးဝန်းကျင် ‌ကျေးရွာများရှိ ‌ဒေသခံပြည်သူ ၆၀ဝ ခန့်မှာ ‌သောင်ရင်းမြစ်ကို ဖြတ်‌ကျော်၍ ထိုင်းဘက်သို့ စစ်‌ဘေး‌ရှောင်‌နေရသလို အချို့မှာ နီးစပ်ရာသို့ တိမ်း‌ရှောင်‌နေကြရသည်။

ယ‌နေ့ ဇွန်လ ၃ ရက်‌နေ့တွင် ခွဲထွက် (DKBA)အဖွဲ့နှင့် စစ်‌ကောင်စီ၊ နယ်ခြား‌စောင့်တပ် ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများမရှိ‌တော့‌သော်လည်း ‌ဒေသခံရွာသားများမှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြဆဲဖြစ်သည်ဟု သိရသည်။