Home သတင်း မြဝတီခရိုင် ‌ဝေါ‌လေရဲစခန်း တိုက်ခိုက်ခံရပြီး(GE)တပ် လုပ်ငန်းခွင် ‌နေအိမ်တဲများ မီးရှို့ခံရ

မြဝတီခရိုင် ‌ဝေါ‌လေရဲစခန်း တိုက်ခိုက်ခံရပြီး(GE)တပ် လုပ်ငန်းခွင် ‌နေအိမ်တဲများ မီးရှို့ခံရ

2858
Photo: CJ

ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့၏ ‌တောင်ဘက် မိုင် ၅ဝ ခန့် အကွာရှိ ‌ဝေါ‌လေမြို့ရဲစခန်းကို ယ‌နေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို စစ်‌ကောင်စီ၏ စစ်‌မြေပြင်အင်ဂျင်နီယာ (GE)တပ်၏ ‌နေအိမ်တဲများကိုလည်း မီးရှို့သွားသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယ‌နေ့ ဇွန်လ ၂ ရက် နံနက် ၄ နာရီခွဲဝန်းကျင်ခန့်က ‌ဝေါ‌လေမြို့ရှိ ရဲစခန်းကို လက်နက်ကိုင်အဖွဲ့ တစ်ခုက RPG ဖြင့် လာ‌ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်‌ကောင်စီ GE တပ် လုပ်ငန်းခွင် အ‌ခြေချ ‌နေရာများတွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး‌နောက် ‌နေအိမ်တဲများကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ဝေါ‌လေမြို့ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရဲစခန်းရယ် ‌ဆောက်လုပ်‌ရေး လမ်းတံတား တပ် အ‌ခြေချ‌နေရာ‌တွေကို ဒီ‌နေ့ မနက် မိုးမလင်းခင်ကစ၍ ပစ်ကြ၊ ခတ်ကြတာ အခု မနက် ၉ နာရီအချိန်ထိ လက်နက်ငယ် ပစ်ခတ်သံအနည်းငယ်ကြား‌နေရပြီး လက်နက်ကြီး ၂ လုံးလဲ ထပ်ပစ်သံကြားရတယ် ဘယ်‌နေရာ‌တွေကို ထိမှန်သွားလဲ‌တော့ မသိဘူး” ဟု ၎င်း‌ဝေါ‌လေမြို့ ‌ဒေသခံက ‌ပြောသည်။

မြဝတီမြို့၏‌တောင်ဘက် ၁ဝ မိုင်ခန့် အကွာ ဖလူး‌ကျေးရွာအနီးတွင်လည်း ယမန်‌နေ့ ဇွန်လ ၁ ရက်‌နေ့က တိုက်ပွဲများဖြစ်ခဲ့သလို ယ‌နေ့ ဇွန်လ ၂ ရက်‌နေ့တွင်လည်း ထပ်မံပစ်ခတ် တိုက်ခိုက်မှုများ ရှိ‌နေဆဲဖြစ်သည်။ ထိုပစ်ခတ်မှုများ‌ကြောင့် ရာနှင့်ချီ‌သော ‌ဒေသခံပြည်သူများမှာ ‌သောင်ရင်းမြစ်ဖြတ်‌ကျော်ကာ ထိုင်းဘက်ခြမ်းသို့ စစ်‌ဘေး‌ရှောင် ‌နေရသလို နီးစပ်ရာ ရွာများသို့လည်း တိမ်း‌ရှောင်‌နေရမှုများ ရှိ‌နေသည်။

Photo: CJ