Home သတင်း ‌ဝေါ်‌လေ‌ဒေသ သတ်ဖြတ်မှုဖြစ်စဉ် စစ်‌ကောင်စီက အရပ်သားအသွင် ‌ထောက်လှမ်းမှု‌ကြောင့် ဟု KNDO စစ်ဦးစီးချုပ် ရှင်းလင်း‌ပြောဆို

‌ဝေါ်‌လေ‌ဒေသ သတ်ဖြတ်မှုဖြစ်စဉ် စစ်‌ကောင်စီက အရပ်သားအသွင် ‌ထောက်လှမ်းမှု‌ကြောင့် ဟု KNDO စစ်ဦးစီးချုပ် ရှင်းလင်း‌ပြောဆို

11807

ဇွန်လ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီ၏ သတင်းစာတွင် ဇွန်လ ၁၃ရက်‌နေ့က ‌ဖော်ပြထားသည့် ‌ဝေါ်‌လေ‌ဒေသ တံတားစီမံကိန်းလုပ်သားအချို့ သတ်ဖြတ်ခံရမှုတွင် ‌သေဆုံးသွားသူများမှာ အရပ်သားများမဟုတ်ဘဲ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ‌ဒေသတွင်း စုံစမ်း‌ထောက်လှမ်းမှုများ လုပ်‌ဆောင်သည့်အတွက်‌ကြောင့်ဖြစ်သည်ဟု ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် (KNDO) စစ်ဦးစီးချုပ်က ‌ပြောဆိုသည်။

‌မေလ ၃၁ရက်‌နေ့က မြဝတီခရိုင်အတွင်း ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ‌ဝေါ်‌လေမြို့၊ ကနဲ‌လေး- ‌မော်ခီးသွား ကားလမ်း‌ပေါ်ရှိ အူးဟူ‌ချောင်းတံတားတည်‌ဆောက်‌ရေးလုပ်ငန်းတွင် အပြစ်မဲ့ အလုပ်သမား ၂၅ဦးကို KNDO က သတ်ဖြတ်ခဲ့သည်ဆိုပြီး စစ်‌ကောင်စီ၏ သတင်းထုတ်ပြန်ချက်အ‌ပေါ် ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်‌စောနယ် ဒါးမြက ယခုလို ပြန်လည်ရှင်းလင်း ‌ပြောဆိုခြင်းဖြစ်သည်။

“‌သေဆုံးသူအားလုံးက အရပ်သားလို့ သူတို့‌ပြောတာ အမှန်က အရပ်သားမဟုတ်ဘူး။ အားလုံး စစ်သား‌တွေချည်းပဲ။ သူများ ဝင်ရှုပ်လို့မရ‌အောင် မိသားစု‌တွေနဲ့ သူတို့လွှတ်တာ။ ဒီအချိန်မှာ လမ်း မလုပ်နဲ့ ‌ပြောတယ်။ ဘယ်သူလုပ်ခိုင်းတာ လဲ‌မေး‌တော့ အ‌ပေါ်က ခိုင်းတာလို့ ‌ပြောတယ်။ တို့‌တွေ အဝင်အထွက်ကို သူတို့သတင်းယူပြီး ပို့တယ်။ သူတို့‌တွေကို မဖမ်းရင် ကျ‌နော်တို့လုံခြုံ‌ရေးအတွက် အဆင်မ‌ပြေ‌တော့ဘူး။ အမှန်‌တော့ သူတို့ကို ဘာမှမလုပ်ချင်ဘူး။ ဒါ‌ပေမယ့် စစ် တပ်ဘက်က အချိန်တိုအတွင်းမှာ ကျ‌နော်တို့ကို လာတိုက်ခိုက်တယ်။ ဖမ်းထားချိန်မှာ သူတို့ လှမ်းပစ်ခတ်တယ်။ သူတို့ လူ‌တွေ ထိတာလည်း ရှိတယ်။ သူတို့က‌လေး‌တွေကို‌တောင် လုံခြုံ‌အောင် ပြန်ထား‌ပေးရတယ်။”ဟု KNDO စစ်ဦးစီးချုပ် က ဇွန်လ ၁၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် ‌ဒေသတည်ငြိမ်‌အေးချမ်းမှု မရှိသည့်အတွက် ၎င်း‌ဒေသ၌ ဖွံ့ဖြိုး‌ရေးလုပ်ငန်း ဝင်‌ရောက်လုပ်ကိုင်ခြင်း မပြုလုပ်ရန် KNDO ဘက်မှ မကြာခဏ သွား‌ရောက် သတိ‌ပေး‌ပြောဆို‌သော်လည်း စစ်‌ကောင်စီဘက်မှ ‌ဆောက်လုပ် ‌ရေးလုပ်သားအသွင်ဖြင့် နယ်‌မြေစိုးမိုးမှုနှင့် ‌ဒေသအတွင်းရှိ သတင်းအချက်အလက်များ ပို့‌ဆောင်ရန်အတွက် ‌စေလွှတ် ခြင်းကို စစ်‌ဆေး‌တွေ့ရှိရ‌ကြောင်း KNDO ဘက်က ‌ပြောဆိုသည်။

ယင်းသို့ ဖမ်းဆီးစစ်‌ဆေးရာ၌ ဖမ်းဆီးခံရသူများနှင့်အတူ စစ်‌ကောင်စီတပ်ဖွဲ့၏ စစ်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်များ၊ စစ် ‌ကောင်စီ အမှတ်အသား ရာထူးတံဆိပ်များ၊ အလံများနှင့် သတင်း‌ပေးပို့သည့် တယ်လီဖုန်းများကိုပါ KNDO ဘက်မှ သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် တံတား‌ဆောက်လုပ်သူများသည် စစ်‌ကောင်စီမှ ‌စေလွှတ်ထားသည့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များဖြစ်ပြီး ထိုသူများနှင့် မိသားစုဝင်များကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားသည့်‌နောက်ပိုင်းတွင် စစ်‌ကောင်စီတပ်မှ KNDO ဌာနရှိရာ‌နေ ရာသို့ လက်နက်ကြီးများနှင့် ဆက်တိုက် ပစ်ခတ်သည့်အပြင် BGF တပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းကာ ၎င်းတို့ဌာန‌နေရာကို လာ‌ရောက်တိုက်ခိုက်ခြင်းလည်းရှိသည်ဟု ၎င်းက ဆက်လက်‌ပြောဆိုသည်။

“သူတို့လူ‌တွေကို ဖမ်းသွားတဲ့အချိန်မှာ ပြန်အ‌ကြောင်းကြားပြီး ‌အေး‌အေး‌ဆေး‌ဆေး လာ‌ဖြေရှင်းရင် ရတယ်။ ဘာမှမ ဖြစ်ဘူး။ ကျ‌နော်တို့ဖမ်းထားတာ အပြစ်မဲ့လူထု‌တွေပဲဆိုပြီး အဲလိုလာမ‌ပြောဘဲ အခုက အဲဒီလူ‌တွေကိုဖမ်းထားပြီး စစ် ‌ဆေး‌မေးမြန်း‌တောင် မအားဘူး။ စစ်တပ်ဘက်က လက်နက်ကြီး‌တွေနဲ့ တစ်ရက်နှစ်ရက် ဆက်တိုက်လာပစ်‌တော့ ဘယ်လိုမှ လုပ်လို့မရ‌တော့ဘူး။”ဟု ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြက ‌ပြောသည်။

KNDO က ဖမ်းဆီး‌ခေါ်‌ဆောင်ထားကာ စစ်‌ဆေးချိန်တွင် စစ်‌ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် အဖမ်းခံရသူထဲမှ ၂ဦးမှာ ထွက်‌ပြေးလွတ်‌မြောက်သွားပြီး‌နောက် ကျန်သူများ၊ အမျိုးသမီး၊ က‌လေးငယ်များကို ပြန်လွှတ် ‌ပေးလိုက်သည့်အပြင် စစ်‌ကောင်စီနှင့် အပြန်အလှန် ပစ်ခတ်မှုတွင် KNDO ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု ‌ပြောသည်။

သို့‌သော် စစ်‌ကောင်စီ၏သတင်းတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ‌ဒေသဖွံ့ဖြိုး‌ရေးနှင့် လမ်းပန်းဆက်သွယ်‌ရေး ‌ကောင်းမွန်‌စေရန်အတွက် နယ်‌မြေခံတပ်မှ တာဝန်ယူ‌ဆောက်လုပ်လျက်ရှိသည့် ‌ဝေါ‌လေမြို့၊ ကနဲ‌လေး‌ကျေးရွာအနီး ကနဲ‌လေး- ‌မော်ခီးသွားကားလမ်း‌ပေါ်ရှိ အူးဟူ‌ချောင်းတံတား တည်‌ဆောက်‌ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်‌နေသည့် အပြစ်မဲ့ အရပ်သား အလုပ်သမား ၄၇ဦးအား ‌မေ ၃၁ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ ‌စောပါဝါး ဦးစီးသည့်အ ဖွဲ့က အ‌ကြောင်းမဲ့ ဖမ်းဆီး‌ခေါ်‌ဆောင်ပြီး အချို့အား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည် ဟု ထုတ်ပြန်ထားသည်။

ထို့‌နောက် ဇွန်လ ၁ရက်‌နေ့နှင့် ၉ရက်‌နေ့တို့တွင် KNDO က ဖမ်းဆီး‌ခေါ်‌ဆောင်ခံရသူများထဲမှ အမျိုးသား ၆ဦး၊ အမျိုး သမီး ၆ဦး၊ က‌လေးငယ် ၁ဝဦး၊ စုစု‌ပေါင်း ၂၂ဦး ပြန်လည်လွတ်‌မြောက်လာခဲ့သလို ‌သေဆုံးသူ ၂၅ဦး၏အ‌လောင်း ပြန် လည်‌တွေ့ရှိသည့်အတွက် အပြစ်မဲ့ပြည်သူများကို အ‌ကြောင်းမဲ့ သတ်ဖြတ်မှု‌ကြောင့် တပ်မ‌တော်စစ်‌ကြောင်းများမှ လိုက်လံရှာ‌ဖွေ ‌ဖော်ထုတ်‌ချေမှုန်းနိုင်‌ရေးအတွက် လိုအပ်သည့် လုံခြုံ‌ရေးလုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်လျက်ရှိ ‌ကြောင်း စစ်‌ကောင်စီပိုင် သတင်းဌာန၏ ထုတ်ပြန်ထားချက်တွင် ‌ဖော်ပြထားသည်။

မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်‌မြေ ထဲတွင် တည်ရှိသည့်အ‌ပေါ် ‌ကေအဲန်ယူ ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက “ဒါက တပ်ကိစ္စမို့လို့ တပ်မဟာကို ‌တော့ အချက်အလက် စု‌ဆောင်းခိုင်းထားပြီး GHQ(စစ်ဌာနချုပ်) နဲ့ GOC (စစ်ဦးစီးချုပ်)ထံကို တင်ပြထားခိုင်းတယ်။ ထို နည်းတူ ကျ‌နော်တို့ခရိုင်အ‌နေနဲ့လည်း ဗဟိုကို တင်ပြထားတာ ရှိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူတွင် ဌာန ၁၄ခုရှိသည့်အနက် တပ်ဖက်ဆိုင်ရာအားဖြင့် KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်အပြင် KNDO-ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်မှာလည်း ‌ကေအဲန်ယူ၏ တပ်ဖက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည့်အတွက် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟိုနှင့် ခရိုင်တာဝန်ရှိသူများကလည်း စုံစမ်းစစ်‌ဆေးမှုများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရှိရသည်။