Home သတင်း မဲ‌ဆောက်မြို့ မယ်‌တောင်ရွာရှိ မြန်မာလုပ်သား ၁၀ဝ ဝန်းကျင်ခန့် ကိုဗစ်ပိုး‌တွေ့ရှိ

မဲ‌ဆောက်မြို့ မယ်‌တောင်ရွာရှိ မြန်မာလုပ်သား ၁၀ဝ ဝန်းကျင်ခန့် ကိုဗစ်ပိုး‌တွေ့ရှိ

1100

ဇွန်လ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ-ထိုင်းနယ်စပ် မဲ‌ဆောက်မြို့‌တောင်ဘက် မယ်‌တောင်(အလယ်)‌ကျေးရွာ မြန်မာအလုပ်သမားတစ် ဦးထံမှ Covid – 19 ကူးစက် ‌ရောဂါပိုး စတင်‌တွေ့ရှိရာမှ အစပြု၍ လက်ရှိအချိန်တွင် ကိုဗစ်ပိုး‌တွေ့ရှိသူ ၁၀ဝ ‌ကျော်သွားပြီဟု သိရှိရသည်။

ထိုင်းနိင်ငံ မဲ‌ဆောက် မြို့ အပြင်ဖက် မယ်‌တောင်‌ကျေးရွာရှိ မစိုးတန်းလျားတွင် ‌နေထိုင်အလုပ်လုပ်ကိုင်‌နေသူ မြန်မာ အမျိုး သမီးတစ်ဦး၌ ဇွန်လ ၂၅ ရက်‌နေ့က ကိုဗစ်ပိုးစတင် ‌တွေ့ရှိခဲ့၍ ထိစပ်သူ မြန်မာလုပ်သား ၈ဝဦး ခန့်ကို ထိုင်းအာဏာပိုင်များက Lockdown (အပြင်မထွက်ခိုင်းခြင်း)ချကာ Qurantine ဝင်ထားခိုင်းပြီး ကျန်းမာ‌ရေးစစ်‌ဆေးမှုပြုလုပ်ခဲ့ရာ ထိစပ်သူအား လုံးနီးပါး ကိုဗစ်ကူးစက်ခံထားရသည်ဟု ယမန်‌နေ့ ထိုင်းကျန်းမာ‌ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မဲ‌ဆောက်မှာ Covid-19 ပိုးမ‌တွေ့ဘဲ လအ‌တော်ကြာ ထိန်းထားနိုင်‌ပေမဲ့ မြန်မာလုပ်သား အမျိုးသမီးတစ်ဦး Positive ဖြစ်ခဲ့ ပါတယ်။ ခုက‌တော့ ထိစပ်သူ‌တွေကိုမိမိ‌နေအိမ် ဧရိယာထဲမှာ ‌လော့‌ဒေါင်းချ စစ်‌ဆေးခဲ့တာ အားလုံးနီးပါး Positive ဖြစ်‌နေ တယ်”ဟု ဆိုသည်။

‌နောက်ဆက်တွဲ သတင်အ‌နေဖြင့်တန်းလျား အနီးတွင်ရှိ‌သော ဆင်နှစ်‌ကောင်အထည်ချုပ်စက်ရုံ နှင့် အနီးဝန်းကျင်ရှိ ‌နေသူများ ကလည်း Covid- 19 ကူးစက်ခံရနိုင်‌ချေရှိ‌နေ၍ စိုးရိမ်မှုမြင့်တက်လျက် ရှိသလို လက်ရှိတွင် Covid-19‌ရောဂါ ပိုး စတင်‌တွေ့ရှိခဲ့ ‌သော တန်းလျားနှင့် မီတာနှစ်ရာခန့်သာ‌ဝေးသည့် C &C စက်ရုံကိုလည်း ‌လော့‌ဒေါင်းချထား ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ တွင် ယမန်‌နေ့ ဇွန်လ ၂၆ရက်‌နေ့ည‌နေထိ စစ်‌ဆေး‌သောလူ (၈၄၀) ဦးအနက် (၄၅၂)ဦးမှာ ကိုဗစ်ပိုး‌တွေ့ရှိဟု ထိုင်းနိုင်ငံဘက်ကလာ‌သော သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံအတွင်း ဇွန် ၂၆ ရက်‌နေ့ နံနက် ပိုင်းထိ Covid -19 ပိုး‌တွေ့လူနာသစ် ၄၁၆၁ ဦး ‌တွေရှိ‌ကြောင်း ၊ အဆိုပါ Covid ပိုး‌တွေ့လူနာများအနက် အပြင်လူ ၄၀၈၉ ဦး နှင့် ‌ထောင်အတွင်းရှိ‌နေသူ ၇၂ ဦး ပါဝင်ပြီး ‌သေဆုံး ၅၁ ဦးအထိရှိပြီဖြစ်‌ကြောင်း ထိုင်းကျန်းမာ‌ရေးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ Covid- 19 ‌ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မား‌နေချိန် တရားမဝင် နိုင်ငံဖြတ်‌ကျော်ဝင်‌ရောက်မှုများ မရှိ‌စေ‌ရေးအတွက် ထိုင်း-မြန်မာ နယ်ခြား ‌သောင်ရင်းမြစ် ကမ်းတ‌လျှောက်တွင် ထိုင်းမြင်းစီးတပ်ကလည်း လုံခြုံ‌ရေးတင်းကြပ်စွာ‌ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။