Home သတင်း ဖားအံတွင် လိုင်စင်မဲ့‌မော်‌တော်ယာဉ်အသုံးပြုသူများ အ‌ရေးယူ‌တော့မည်ဟု စစ်‌ကောင်စီ လိုက်လံ‌ကြေငြာ

ဖားအံတွင် လိုင်စင်မဲ့‌မော်‌တော်ယာဉ်အသုံးပြုသူများ အ‌ရေးယူ‌တော့မည်ဟု စစ်‌ကောင်စီ လိုက်လံ‌ကြေငြာ

3588

ဇွန်လ ၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့တွင် ယာဉ်မ‌တော်တဆမှုများ ‌လျော့ကျ‌စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအ‌ကြောင်းပြ၍ မှတ်ပုံတင်ထားခြင်း မရှိသည့် (လိုင်စင်မဲ့)‌မော်‌တော်ယာဉ် အသုံးပြုသူများကို စစ်‌ဆေး‌တွေ့ရှိပါက အ‌ရေးယူ ‌ဆောင် ရွက်မည်ဟု စစ်‌ကောင်စီထုတ်ပြန်ပြီး ဇွန်လ ၂ရက်၊ ညပိုင်းတွင် ရပ်ကွက်များ၌ ‌အော်လံ(အသံချဲ့စက်)ဖြင့် လိုက်လံ‌ကြေငြာခဲ့သည်ဟု မြို့‌ပေါ်‌နေ ပြည်သူများထံမှ သိရသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့်(လိုင်စင်မဲ့) ‌မော်‌တော်ယာဉ် အသုံးပြုသူ ယာဉ်‌မောင်းများကို စစ်‌ဆေး‌တွေ့ရှိလျှင် အ‌ရေး ယူ ‌ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် ‌မော်‌တော်ဆိုင်ကယ်အသုံးပြုသူများကိုလည်း စစ် ‌ဆေး‌တွေ့ရှိပါက ‌ဒေသလိုင်စင် လုပ်‌ဆောင်ရမည်ဖြစ်‌ကြောင်း သတိ‌ပေး ‌ပြောဆိုထားသည်။

အဆိုပါသတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များကို ယခု ဇွန်လ ၇ရက်‌နေ့မှ စတင်၍ စစ်‌ဆေး အ‌ရေးယူ‌တော့မည်ဖြစ်သည့်အပြင် ထိုစည်းကမ်းချက်များကို မလိုက်နာပါက ဥပ‌ဒေနှင့်အညီ အ‌ရေးယူ‌ဆောင် ရွက်သွားမည်ဟု ရပ်ကွက်အတွင်း သတိ‌ပေး ‌ပြောဆိုထားသည်။

ဖားအံမြို့ခံတစ်ဦးက “စစ်‌ကောင်စီဘက်က အ‌ကြောင်းပြချက်အမျိုးမျိုးလုပ်ပြီး လိုက်တင်းကြပ်တယ်။ သူတို့လိုက်ဖမ်း တာ လူ‌တွေက ‌ကြောက်ရတဲ့အထဲ ဒီလို ကား၊ ဆိုင်ကယ်‌တွေ ထပ်ဖမ်းမယ်ဆို‌တော့ လူထု‌တွေက ဘယ်မှ မသွားလာရဲ ‌တော့ဘူး ။ ဖားအံမှာက သိတဲ့အတိုင်းပဲ without ‌တွေနဲ့ပဲ သွားလာတာများတယ်။ ရွာက လူ‌တွေလည်း မြို့ထဲ လာမရဲ ‌တော့ဘူး။ အားလုံးက ‌ကြောက်‌နေရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လိုက်‌ကြေငြာထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်ထဲတွင် ‌သောက်စားမူးယစ်ပြီး ယာဉ် ‌မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်း‌မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်စီးသူများ ဦးထုပ်ကို စနစ်တကျ‌ဆောင်းရန်နှင့် (၂)ဦး ထက် ပိုမစီးရန်၊ ဆူညံသည့်အိတ်‌ဇောများ တပ်ဆင်အသုံးမပြုရန်နှင့် ဆိုင်ကယ်‌နောက်ကြည့်မှန် တပ်ဆင်ရမည့်အပြင် ဆိုင်ကယ်နှင့်အတူ ယာဉ်လိုင်စင်(ဝှီးတက်)ပါရမည်ဖြစ်‌ကြောင်းလည်း သတ်မှတ်ထားသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သ‌ဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံ‌ရေးရုံးများ တည်ရှိ‌နေသည့်အတွက် အချို့‌မော်‌တော်ယာဉ်များမှာ ‌ဒေသဆိုင်ရာ အဖွဲ့အစည်းလက်မှတ်ထုတ်‌ပေးသည့် လိုင်စင်နှင့် သွားလာလျက်ရှိကာ အဖွဲ့အစည်းလိုင်စင် ထုတ်‌ပေးခြင်းမှန်ပါက ယခင်အစိုးရလက်ထက်တွင် ‌မောင်းနှင်ခွင့်‌ပေးထားသည်။

ယခင်အစိုးရလက်ထက်တွင် ဖားအံမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတွက် လမ်းပိတ်စစ်‌ဆေးခဲ့စဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ အဖွဲ့စုံ ပူး‌ပေါင်းပါဝင်စစ်‌ဆေးမှုရှိခဲ့‌သော်လည်း အာဏာသိမ်းပြီး ယခု စစ်‌ကောင်စီလက်ထက်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်‌ဆေးရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ခြင်းရှိမရှိကိုမူ မသိရ‌သေး‌ပေ။

လက်ရှိအချိန်တွင် ဖားအံမြို့ အဝင်အထွက်များကိုလည်း လုံခြုံ‌ရေးအ‌ကြောင်းပြု၍ စစ်‌ကောင်စီတပ်ဘက်မှ ‌ရှောင်တ ခင် စစ်‌ဆေးမှုများ မကြာခဏ ပြုလုပ်သည့်အတွက် အချို့‌ကျေးရွာ‌နေ လူထုများမှာ မြို့‌ပေါ်သို့ သွား‌ရောက်‌ဈေးဝယ်ယူ ရန် စိုးရိမ်‌နေကြသည်။