Home သတင်း ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်းတွင် ညအချိန် ကင်း‌ထောက်‌လေယာဉ် လာ‌ရောက်ပျံဝဲ

‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်းတွင် ညအချိန် ကင်း‌ထောက်‌လေယာဉ် လာ‌ရောက်ပျံဝဲ

4069

‌မေလ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့‌တောင်ပိုင်းရှိ ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေဘက်တွင် ‌မေလ ၁၃ရက်၊ ညသန်း‌ခေါင်အချိန်၌ ‌လေယာဉ် လာ‌ရောက်ပျံဝဲသွား‌ကြောင်း ကိုယ်တိုင်ကြားသိရသည့် ‌ဒေသခံများနှင့် နယ်‌မြေလုံခြုံ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

“‌လေယာဉ်က မ‌နေ့ည ၁၂နာရီ‌လောက်မှာ လာပျံသွားတယ်။ ညဘက်မို့ အသံ‌တော့ အ‌တော်ကျယ်တယ်။ သိပ်‌တော့ မကြာဘူး။ ပုံမှန်ဆို ‌လေယာဉ်‌တွေ ညဘက်ပျံရင် မီး‌ရောင်‌လေး‌တော့ ‌တွေ့ရတယ်‌လေ။ အခုက အသံပဲကြားရပြီး ‌လေယာဉ်ကိုကျ‌တော့ မမြင်ရဘူး။”ဟု ‌ဒေသခံရွာသူတစ်ဦးက ‌ပြောသည်။

အဆိုပါ ‌လေယာဉ်ပျံဝဲသွားသည်ကို လုံခြုံ‌ရေးအရ ‌စောင့်ကြည့်‌နေသည့် နယ်‌မြေခံ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ လည်း ကြားသည့်အတွက် ထွက်ကြည့်‌သော်လည်း မမြင်ရ‌သော်လည်း ၎င်းတို့ကြားလိုက်ရသည့် အသံလှိုင်းအရ ‌တောင် ကြာအင်းရွာဘက်မှ ပျံသန်း‌ရောက်ရှိလာပြီး ‌ကော့ကရိတ်မြို့ဘက်သို့ လှည့်ပျံသွားခြင်းဖြစ်‌ကြောင်း ခန့်မှန်းခဲ့ကြသည်။

KNLA တပ်မဟာ(၆) တပ်မှူးတစ်ဦးက “ညက ၁ဝနာရီ‌လောက်မှာ အရင်ဆုံး ဒရုန်း(‌မောင်းသူမဲ့ယာဉ်) လာပျံတယ်။ အဲဒါပြီး‌တော့ ၁၂းဝ၃အချိန်‌လောက် ‌လေယာဉ်သံ ထပ်ကြားရတယ်။ ခန့်မှန်းတာက‌တော့ သူတို့‌တွေ တစ်ခုခုလုပ်ဖို့ ‌နေရာကို လာ‌လေ့လာကြည့်ထားတဲ့ သ‌ဘောပဲ။ သူတို့ရဲ့ ကင်း‌ထောက်‌လေယာဉ်‌တွေက ‌နောက်ဆုံး‌ပေါ်‌တွေမို့ ညကြည့် မှန်ဘီလူးနဲ့က ‌အောက်ကိုမြင်ရနိုင်တယ်။”ဟု မှတ်ချက်ပြု ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ် အပါအဝင် ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေတွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ‌လေယာဉ်ပျံသန်းမှု မရှိခဲ့ဘဲ ယခု လာ‌ရောက်ပျံသန်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။