Home သတင်း ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်မြန်မာလုပ်သား များအား မြဝတီနယ်စပ်တွင် တစ်ရက်ခြား၍ လူဦး‌ရေ (၂၀၀)စီသာ ပြန်လည်လက်ခံ။

ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်မြန်မာလုပ်သား များအား မြဝတီနယ်စပ်တွင် တစ်ရက်ခြား၍ လူဦး‌ရေ (၂၀၀)စီသာ ပြန်လည်လက်ခံ။

1529

‌မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်၊‌ကေအိုင်စီ

ကမာ္ဘ့ကပ်‌ရောဂါ Covid. 19 တတိယလှိုင်းအဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ‌ရောဂါကူးစက်မှု မြင့်မား‌နေ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်လာမည့် ‌နေရပ်ပြန်မြန်မာလုပ်သားများကို တစ်ရက်ခြား၍ လူဦး‌ရေ၂၀ဝ စီသာ ကြိုဆိုလက်ခံလျှက်ရှိ‌ကြောင်း သိရသည်။

ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့ သို့‌ရောက်ရှိလာ‌သော‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများအား ၂၀၂ဝခုနှစ်မတ်လ ၂၃ရက်‌နေ့မှစတင်ကာ ချစ်ကြည်‌ရေးတံတား အမှတ်(၂)က ကြိုဆိုလာခဲ့ရာ ထိုင်းနိုင်ငံတွင် တ‌ကျော့ပြန်

Covid- 19 ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့၍၂၀၂၁ ခုနှစ် ‌မေလ ၅ ရက်‌နေ့မှစ၍ ‌နေ့စဉ် လူဦး‌ရေ(၂၀၀)နှုန်းဖြင့်လက်ခံ ကြိုဆိုခဲ့သည်။ ထို့‌နောက် နယ်စပ်တွင် ကြိုဆို‌နေရာချထား‌ရေး အခက်အခဲများရှိ‌နေ၍ ၂၀၂၁ နှစ် ‌မေလ ၁ဝ ရက်‌နေ့မှစ၍ တစ်ရက်ခြားလျှင် လူဦး‌ရေ(၂၀၀) နှုန်း ဖြင့် ကြိုဆိုလက်ခံမှုအား ပြန်လည်ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။

“လတ်တ‌လောမှာကြိုဆိုလက်ခံ‌ရေး၊ ‌နေရာချထား‌ရေးစတဲ့အခက်အခဲ‌တွေ‌ကြောင့် ‌မေလ၁ဝ ရက်‌နေ့ကစ၍ တစ်ရက်ခြားပြီး လူဦး‌ရေ ၂၀ဝစီဘဲ လက်ခံ ကြိုဆိုပါတယ်။ ဝင်‌ရောက်လာတဲ့ မြန်မာနိုင်ငံသား‌တွေကို testkitနဲ့စစ်‌ဆေးပါတယ်။ covid positive အ‌ဖြေထွက်ရင် မဲကနယ် covid Centre ကိုပို့တယ်။

Negative ဆိုရင်‌တော့ QuarantineCentre ‌တွေဖြစ်တဲ့ ‌ကျောက်လုံးကြီးစင်တာ၊ ‌ရွှေမြဝတီ ‌ဈေးသစ်၊ကုန်သွယ်‌ရေး Q.centre ‌တွေကိုပို့‌ဆောင်‌ပေးပါတယ်။ သုံးရက်ပြည့်ရင် sweb ယူပြီးရန်ကုန်ပို့ပြီး အ‌ဖြေက negative ဆိုရင်‌တော့ မိမိ‌နေရပ်ဆီ ပြန်ပို့‌ပေးပါတယ်။

စားစရိတ်၊ သွားစရိတ်‌တွေက‌တော့ အလုပ်သမား‌တွေက အကုန်အကျ ခံရမှာဖြစ်ပါတယ်”ဟု မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်‌ရေး တံတား BCF.Zone မှ တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့်ကိုဗစ်ကာလ ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ‌နေရပ်ပြန်လာသူများအားပြီးခဲ့သည့် ၂၀၂ဝခုနှစ် မတ်လ ၂၁ ရက်‌နေ့ မှစတင်ကြိုဆိုလက်ခံခဲ့ရာ(၁၂-၅-၂၀၂၁)အထိ ‌နေရပ်ပြန်လာသူ လူဦး‌ရေ ၁သိန်း ၈‌သောင်း‌ကျော်ထိ လက်ခံ‌ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခင်ကာလက ပြန်လာသူများထဲတွင် ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိမှု နည်းခဲ့‌သော်လည်း ယခုအခါ ကိုဗစ် တတိယလှိုင်းအဖြစ် ထိုင်းနိုင်ငံမှာ‌ရောဂါကူးစက်မှုမြင့်မားလာချိန်မှာ‌တော့ ဧပြီလ တတိယအပတ်မှစ၍ ‌မေလ ၁၂ ရက်‌နေ့ထိ မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သားများအနက် ၆၅ ဦးတွင် Covid. 19 ‌ရောဂါပိုး ‌တွေ့ရှိခဲ့‌ကြောင့် မြဝတီမြို့နယ် စီမံ‌ကောင်စီ အဖွဲ့ဝင်တစ်ဦး က ‌ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့မှ ပြန်လာသူများမှာ လည်း ယခင်ကလို မိမိအစီစဉ်ဖြင့် ပြန်လာ၍မရဘဲ ပွဲစားများအား ဘတ်၃၀၀ဝ မှ၈၀၀ဝအထိ‌ပေးကာ ဟန်‌ဆောင် အဖမ်းခံပြီး‌နေရပ်သို့ပြန်လာ‌နေရ‌ကြောင်း‌နေရပ်ပြန်လာသူများထံမှ သိရသည်။