Home သတင်း စစ်‌ကောင်စီ နှင့် ‌ဆွေး‌နွေးမည့် PPST ၏ကမ်းလှမ်းစာတွင် KNU သ‌ဘောထားမပါဟု‌ပြော

စစ်‌ကောင်စီ နှင့် ‌ဆွေး‌နွေးမည့် PPST ၏ကမ်းလှမ်းစာတွင် KNU သ‌ဘောထားမပါဟု‌ပြော

16800

‌မေလ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

NCA အပစ်ရပ်စာချုပ်လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST) အ‌နေဖြင့် စစ်‌ကောင်စီတပ်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ယ‌နေ့‌မေလ ၂၈ ရက် ‌နေ့စွဲ ဖြင့်‌ရေးသားထားသည့် လျှို့ဝှက် ကမ်းလှမ်းစာမူကြမ်းတစ်‌စောင် ထွက်‌ပေါ်လာမှုအ‌ပေါ် ၎င်းတို့၏ သ‌ဘောထား မပါဝင်‌ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးဘက်က ‌ပြောဆိုလိုက်သည်။

KNU အ‌နေဖြင့် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂ဝ ရက်‌နေ့က ထုတ်ပြန်ထားသည့် PPST ၏ သ‌ဘောထားရပ် တည်ချက်အရ စစ်‌ကောင်စီ နှင့် နိုင်ငံ‌ရေး အရ ‌တွေ့ဆုံညှိနှိုင်း ‌ဆွေး‌နွေးမှုများကို ရပ်ဆိုင်းထားမည်ဟူသည့် သ‌ဘောထားအတိုင်း ရပ်တည်‌ကြောင်း KNU ၏ နိုင်ငံခြား‌ရေးတာဝန်ခံလည်းဖြစ် ယခင် PPST ‌ပြောခွင့်ရလည်း ဖြစ်ခဲ့သူ ပဒို ‌စော‌တောနီး က ယခုလို‌ပြောသည်။

၎င်းက “ အခု လုပ်တဲ့ အစည်းအ‌ဝေး‌တွေမှာ ကျ‌နော်တို့တစ်‌ယောက်မှ မပါ‌တော့ပါဘူး။ ထွက်လိုက်တာကြာပြီး။ ကျ‌နော်တို့ ‌ပြောတာက အရင် ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်‌နေ့က PPST က ထုတ်ပြန်ထားတဲ့အတိုင်း အာဏာသိမ်းတဲ့ စစ်‌ကောင်စီကို ဆန့်ကျင်ပြီး‌တော့ ဒီမိုက‌ရေစီ ရရှိဖို့ ကြိုးပမ်းတိုက်ပွဲဝင်တဲ့သူ‌တွေကို အကူအညီ‌ပေးသွားမယ် ဆိုပြီး ရပ်တည်ချက်ကရှိပြီးသား။ ဒီရပ်တည်ချက်အတိုင်းပဲ ဆက်သွားရမှာပဲ‌လေ။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ယမန်‌နေ့က စတင်ပြုလုပ်သည့် PPST အစည်းအ‌ဝေးပွဲတွင်လည်း KNU၏ ကိုယ်စားလှယ်များ အ‌နေဖြင့် ပါဝင်တက်‌ရောက်ခြင်းမရှိ‌တော့ဘဲ လက်ရှိ ထွက်‌ပေါ်လာသည့် စာနှင့်ပတ်သက်၍လည်း PPST ‌ခေါင်း‌ဆောင်များအ‌နေဖြင့် မိမိတို့ ထုတ်ပြန်ထားသည့် ယခင်သ‌ဘောထား ရပ်တည်ချက်များအတိုင်း ရပ်တည် သင့်‌ကြောင်း ပဒို‌စော‌တောနီးက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၉ ရက်‌နေ့က PPST အဖွဲ့ဝင် ‌ခေါင်း‌ဆောင်များမှ အထူးအစည်းအ‌ဝေး ပွဲတစ်ရပ် ‌ခေါ်ယူကျင်းပခဲ့ပြီး စစ်အာဏာသိမ်းမှု‌ကြောင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဆက်လက်‌ဖော်‌ဆောင်သင့် မ‌ဖော်‌ဆောင် သင့်အ‌ပေါ် သ‌ဘောထားရယူညှိနှိုင်း‌ဆွေး‌နွေးခဲ့ရာတွင် အာဏာသိမ်းစစ်‌ကောင်စီ နှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ ညှိနှိုင်းမှုများကို ရပ်ဆိုင်ထားမည်ဖြစ်‌ကြောင်း နှင့် စစ်အာဏာဆန့်ကျင်လှုပ်ရှားမှုများကို ‌ထောက်ခံ သလို လိုအပ်သည့် ပံ့ပိုးကူညီများလည်း နည်းလမ်းရှာ‌ဖွေ ပံ့ပိုးသွားမည်ဖြစ်‌ကြောင်း၊ ငြိမ်းချမ်းစွား ဆန္ဒ‌ဖော် ထုတ်သူ များအား အကြမ်းဖက်နှိမ်နှင်းမှုများကိုလည်း ဆန့်ကျင်‌ကြောင်းသ‌ဘောထား ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလားတူ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ‌မေလ ၁၁ ရက်‌နေ့က NCA လက်မှတ်‌ရေးထိုးရာတွင် အသိသက်‌သေအဖြစ်ပါဝင်သည့် နိုင်ငံတကာ တိုင်းပြည်များထံသို့ ‌ပေးပို့သည့် စစ်‌ကောင်စီ နှင့် ကြားဝင် ညှိနှိုင်း‌ဆွေး‌နွေးရန် အဆိုပြု ‌တောင်းခံမှုတွင်လည်း KNU အ‌နေဖြင့် ၎င်းတို့၏ သ‌ဘောမပါဝင်ခဲ့‌ကြောင်းလည်း ပဒို ‌စော‌တောနီးက ဖြည့်စွက်‌ပြောသည်။

ယခုထွက်‌ပေါ်လာသည့် မူကြမ်းစာအရ စစ်‌ကောင်စီမှ တာဝန်‌ပေးထားသည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ညှိနှိုင်း‌ရေး ‌ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို လိပ်မူထားကာ အ‌ကြောင်းအရာအ‌နေဖြင့် NCA ကစ္စဟူ၍ ကနဦး ‌ဖော်ပြထားသည်။

ထို့‌နောက် စစ်‌ကောင်စီ၏ငြိမ်းချမ်း‌ရေး‌ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး မင်း‌နောင်က လက်မှတ်ထိုးပြီး ‌မေလ ၁၉ ရက်‌နေ့က ‌ပေးပို့လိုက်သည့် စာကို မိမိတို့ EAO အဖွဲ့များက လက်ခံရရှိပြီး၊ တပ်မ‌တော်က NCA စာချုပ်ကို လက်ခံမည်ဆိုသည့်အတွက် ဝမ်းသာ‌ကြောင်း ဆက်လက်‌ဖော်ပြထားသည်။

ဆက်လက်ပြီး အချက် (၇) ချက်ကို ‌ရေးသားထားရာတွင် လက်ရှိဖြစ်‌နေသည့် ပြည်တွင်း အ‌ခြေအ‌နေများတွင် တပ်မ‌တော်၊ တိုင်းရင်းသား အဖွဲ့များနှင့် နိုင်ငံ‌ရေးပါတီများအပြင် ပြည်သူများအားလုံးအတွက် အကျိုးမရှိ ‌ကြောင်းနှင့် နိုင်ငံ‌ရေးအ‌ခြေအ‌နေ ပုံမှန်ပြန်ဖြစ်‌လေ ‌ကောင်း‌လေဟု ဆိုထားသည်။

ထို့အပြင် မြန်မာပြည်နှင့် ပတ်သက်၍ တချို့နိုင်ငံများက ရည်ရွယ်ချက်ရှိရှိ ပြည်တွင်း‌ရေးကို ဝင်စွက်ဖက် ‌နေ‌ကြောင်း စွပ်စွဲ‌ပြောဆိုထားသလို၊ ထိုသို့ စွက်ဖက်တာများကို ကာကွယ်ရန်အတွက် မိမိတို့နှင့် လက်တွဲ လုပ် ‌ဆောင်နိုင်မည့် နိုင်ငံသားများကို စည်းမျဉ်းများ၊ ‌ဘောင်များထဲတွင် ဖိတ်‌ခေါ် လက်တွဲသည့် နည်းက အ‌ကောင်းဆုံး ဖြစ်သည်ဟု ၎င်းတို့အ‌နေဖြင့် ယူဆ‌ကြောင်း‌ရေးသားထားသည်။

ထို့အတွက် တပ်မ‌တော်နှင့် PPST အဖွဲ့ အကြား အမြန်ဆုံး‌တွေ့ဆုံပြီး အလွတ်သ‌ဘော‌ဆွေး‌နွေးရန် နှင့် PPST ပူးတွဲ‌ကြေညာချက်မူကြမ်း ထုတ်ရန်လည်း စီစဉ်‌နေ‌ကြောင်း ၎င်းစာထဲတွင် ‌ရေးသားထားခြင်းဖြစ်သည်။

သို့‌သော် ယခုထွက်‌ပေါ်‌နေသည့် မူကြမ်းစာသည်အတုဖြစ်‌ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ထုတ်ပြန်ထားပြီး NCA ထိုးထားသည့် PPST အဖွဲ့အ‌နေဖြင့် စစ်‌ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု ABSDF က ဆိုထားသလို ယခင် PPST ထုတ်ပြန်ထားသည့်အတိုင်း စစ် ‌ကောင်စီနှင့် ‌ဆွေး‌နွေးရန် မရှိ‌ကြောင်းလည်း ABSDF က ထုတ်ပြန်ထား‌ကြောင်း သံလွင်ခက် မီဒီယာက ‌ဖော်ပြထားသည်။

အလားတူ PPST စုဖွဲ့မှုတွင်လည်း မွန်ပြည်သစ်ပါတီ (NMSP) အ‌နေဖြင့် ပါဝင်မှုကို ရပ်စဲထားရန် သ‌ဘောထားရှိ ‌ကြောင်း သိရှိရသလို KNU အ‌နေဖြင့် ယမန်‌နေ့ ‌မေလ ၂၇ ရက်နှင့် ယ‌နေ့ ၂၈ ရက်‌နေ့အထိ ပြုလုပ်သည့် PPST အစည်းအ‌ဝေးပွဲတွင် ပါဝင်တက်‌ရောက်ခြင်းမရှိ‌တော့သလို ယခင်အစည်းအ‌ဝေးပွဲများတွင်လည်း KNU ၏ PPST ကိုယ်စားလှယ် ပဒို ‌စောတာဒိုမူးအ‌နေဖြင့် ပါဝင်တက်‌ရောက်မှုမျိုးမပြု‌တော့‌ကြောင်း သိရှိရ‌သော်လည်း KNU အ‌နေဖြင့် PPST ၏ စုဖွဲ့မှုတွင် တရားဝင် ရပ်ဆိုင်းထားခြင်းရှိ မရှိအ‌ပေါ် တရားဝင်ထုတ်‌ဖော်‌ပြောဆိုခြင်းမရှိ‌သေး ‌ကြောင်းသိရသည်။

ယမန်‌နေ့က စတင်ပြုလုပ်သည့် PPST ၏ ၂ ရက်တာ အစည်းအ‌ဝေးပွဲမတိုင်ခင် ‌ပြောကြားသည့် PPST ၏ ယာယီ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်းတွင်လည်း ‌စေ့စပ် ညှိနှိုင်း‌ရေး လမ်း‌ကြောင်းကို ဦး တည် ‌ပြောဆိုမှုများရှိ‌နေပြီး PPST၏ လက်ရှိ လုပ်ငန်း‌ဆောင်တာများနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးသွား မည်ဟုသာ အကြမ်းဖျင်း‌ပြောဆိုထားကာ PPST ၏ စုဖွဲ့မှုအ‌ပေါ် ‌ဆွေး‌နွေးဆုံးဖြတ်သွားရန် ရှိသည်ဟု ကြားသိရသည်။

PPST စုဖွဲ့မှုတွင် NCA အပစ်ရပ် လက်မှတ်‌ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(ငြိမ်းချမ်း‌ရေး‌ကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ သျှမ်းပြည်တပ်မ‌တော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)စသည့်တိုင်းရင်းသား လက် နက်ကိုင် (၁၀)ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။