Home သတင်း စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းလုံခြုံ‌ရေးအဖွဲ့မှ ပစ်ခတ်‌သောကျည် အရပ်သား ၂ ဦး ထိမှန်ခဲ့

စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းလုံခြုံ‌ရေးအဖွဲ့မှ ပစ်ခတ်‌သောကျည် အရပ်သား ၂ ဦး ထိမှန်ခဲ့

9565

‌မေလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့၏ ‌တောင်ဘက် မြဝတီ-မဲ‌ထော်သ‌လေး သွားကားလမ်း မီး‌လောင်‌ချောင်းတံတားရှိ စစ် ‌ကောင်စီတပ်နှင့် BGF အဖွဲ့ ပူး‌ပေါင်းစစ်‌ဆေး‌ရေးဂိတ်မှ လမ်း‌ပေါ်တွင် ယာဉ်‌ကြောပိတ်ဆို့ ရှာ‌ဖွေစဉ် ရပ်တန့်မ‌ပေး ဘဲ ‌မောင်း‌ပြေးသည့် ယာဉ်အား လိုက်လံပစ်ခတ်စဉ် အရပ်သား ၂ ဦး ‌သေနတ်ထိမှန်ခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ ‌မေလ ၂၈ ရက် ‌နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မြဝတီ-မဲ‌ထော်သ‌လေး သွားကားလမ်း ‌ဒေသအ‌ခေါ် (မာမီဂိတ်အလွန်) မီး‌လောင်‌ချောင်း တံတား အနီးရှိ စစ်‌ကောင်စီတပ်နှင့် BGF ပူး‌ပေါင်းအဖွဲ့မှ ယာဉ်‌ကြောပိတ်ဆို့ ရှာ‌ဖွေမှုများ ပြုလုပ်‌နေစဉ် ကြက်‌သွေး‌ရောင် ဆလွန်းကားတစ်စီးမှာ ရပ်မ‌ပေးဘဲ ‌မောင်း‌ပြေးသဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်‌နေပြည်သူများက ‌ပြောသည်။

ထိုသို့ ပစ်ခတ်ရာတွင် ယာဉ်‌ပေါ်ပါ အရပ်သား ၁ ဦးနှင့် လမ်းတွင် သွားလာ‌နေသည့် ဆိုင်ကယ်တက္ကစီ ‌မောင်းသူ ၁ ဦးတို့မှ ‌သေနတ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယခုအခါ သကင်္န်းညီ‌နောင်ရှိ တပ်မ‌တော်စစ်‌ဆေးရုံတွင် ‌ဆေးဝါးကုသမှုခံယူ‌နေ‌ကြောင်း ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ‌ပြောသည်။

၎င်းအပြင် အဆိုပါ စစ်‌ကောင်စီ လုံခြုံ‌ရေးအဖွဲ့၏ ပစ်ခတ်မှု‌ကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် ‌သေဆုံးခဲ့ သည်ဟု ‌ဒေသခံပြည်သူတစ်ချို့က ‌ပြော‌နေကြ‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးသန့် သတင်းအတည်ပြုချက် မရ‌သေး‌ပေ။

ယ‌နေ့ နံနက်ပိုင်းမှစ၍ စစ်‌ကောင်စီတပ်လုံခြုံ‌ရေးနှင့် BGF ပူး‌ပေါင်းအဖွဲ့မှ ယခုအခင်းဖြစ်‌နေရာအပါအဝင် မြဝတီမြို့ပြင်နှင့် မြို့အဝင်‌နေရာများတွင် လုံခြုံ‌ရေးတင်းကြပ်ထားပြီး ရှာ‌ဖွေစစ်‌ဆေးမှုများ ပြုလုပ်လျက်ရှိ‌နေ ‌ကြောင်း သိရသည်။