Home သတင်း ‌ကျောင်းများပြန်လည်ဖွင့်နိုင်‌ရေး ပညာ‌ရေးမှူးရုံးမှ ‌ကျောင်းပြန်တက်မည့် ‌ကျောင်းဆရာ/မဦး‌ရေ လိုက်‌ကောက်

‌ကျောင်းများပြန်လည်ဖွင့်နိုင်‌ရေး ပညာ‌ရေးမှူးရုံးမှ ‌ကျောင်းပြန်တက်မည့် ‌ကျောင်းဆရာ/မဦး‌ရေ လိုက်‌ကောက်

2377

ဧပြီလ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လာမည့် ဇွန်လတွင် အ‌ခြေခံပညာ‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်‌ရေးကို စစ်‌ကောင်စီက စီစဉ်‌နေသည့် အ တွက် သက်ဆိုင်ရာ ပညာ‌ရေးမှူးရုံးမှ စာသင်မည့် ‌ကျောင်းဆရာ/မ ဦး‌ရေ အမည်စာရင်း လိုက်‌ကောက် ‌နေသည်ဟု သက်ဆိုင်ရာ ‌ကျောင်းဆရာ/မများထံမှ သိရသည်။

မြို့နယ်ပညာ‌ရေးမှူးရုံးမှ သက်ဆိုင်ရာ‌ကျောင်းအုပ်ထံ အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ‌ကျောင်းဆရာ/ ဆရာမဦး‌ရေနှင့် မပါဝင်သည့် ဦး‌ရေ စာရင်း‌ကောက်ယူသည့်အပြင် ‌ကျောင်းအတွင်း COVID-19 ‌ရောဂါကာကွယ်‌ရေးအတွက် ပြင်ဆင်ထားသည့်အ‌ခြေအ‌နေနှင့် ‌ကျောင်ဆရာ/မ မွမ်းမံသင်တန်းပျက်ကွက် ရသည့် အ‌ကြောင်းအရင်းများကို လိုက်လံ‌ကောက်ယူ‌နေသည်ဟု ဖားအံမြို့နယ်ရှိ ‌ကျောင်းအုပ်ဆရာမများထံမှ သိရသည်။

အမည်မ‌ဖော်လိုသူ ဖားအံမြို့နယ်မှ ‌ကျောင်းအုပ်ဆရာမတစ်ဦးက “ဆရာ/ဆရာမ သင်တန်းမှာ မတက်တဲ့ ဆရာ/မဦး‌ရေက အရမ်းများတယ်။ အခု CDM ဝင်တဲ့စာရင်း‌တွေ လိုက်‌ကောက်တယ်။ ပြီး‌တော့ ဘာ‌ကြောင့် သင်တန်းမတက်တာလဲ‌ပေါ့၊ အဲဒါ‌တွေလာ‌မေးတယ်။ ကျမတို့က စစ်အာဏာရှင်လက်‌အောက်မှာ လုံးဝ တာဝန် မထမ်း‌ဆောင်ဘူးလို့ အပြတ်‌ပြောထားလိုက်တယ်။ ခိုး‌ကြောင်ခိုးဝှက်နဲ့ ကျမတို့ သင်တန်းမတက်နိုင်ဘူး၊ ပြည် သူ‌တွေလိုလားတဲ့တစ်‌နေ့မှပြန်တက်မယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဆို‌သော်လည်း ‌ကျောင်းသား/သူများ အားလုံး ‌ကျောင်းပြန်တက်ကြမည် မဟုတ်သလို ‌ကျောင်းသားမိဘများအ‌နေဖြင့်လည်း စစ်အာဏာရှင်လက်‌အောက်တွင် ၎င်းတို့၏ သားသမီး များကို ‌ကျောင်းမတက်‌စေလိုသည့် မိဘများရှိသည်ဟု ၎င်းက ဆရာမက ဖြည့်စွက်‌ပြောသည်။

တက္ကသိုလ်၊ ဒီဂရီ၊ ‌ကော့လိပ်များကို ‌မေလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်‌ရေးနှင့် အ‌ခြေခံပညာ‌ကျောင်းများကို ဇွန်လဆန်းပိုင်းတွင် အမြန်ဖွင့်လှစ်နိုင်‌ရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီ၂၄ ရက်‌နေ့တွင် ပြည်နယ် စစ်‌ကောင်စီအဖွဲ့ဝင်နှင့် ပညာ‌ရေးဌာနရှိတာဝန်ရှိသူများသည် စစ်‌ကောင်စီရုံး၌ လုပ်ငန်းအစည်းအ‌ဝေး တစ်ရပ်ပြု လုပ်ကာ ‌ကျောင်းသူ/‌ကျောင်းသားများရာနှုန်းပြည့် ‌ကျောင်းပြန်တက်နိုင်‌ရေး အား‌ပေးနိုး‌ဆော်သွားမည့် အ‌ကြောင်းနှင့် ‌ကျောင်းဆရာ/မ အင်အားမပြည့်ပါက ပြန်လည် ဖြည့်နိုင်‌ရေး ကိစ္စများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် CDM လှုပ်ရှားမှုတွင် ပါဝင်ရင်း တိမ်း‌ရှောင်‌နေရသည့် ‌ကျောင်း/ဆရာမနှင့် ‌ကျောင်းသူ ‌ကျောင်း သားများ ပြန်လာနိုင်‌ရေးကိုလည်း အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ကြသလို CDM ပြုလုပ်ရန် ခြိမ်း‌ခြောက်ခံရပါ က သက်ဆိုင်ရာကို တိုင်ကြားနိုင်ပြီး ထိထိ‌ရောက်‌ရောက် အ‌ရေးယူ‌ဆောင် ရွက်သွားမည့်အ‌ကြောင်း ကရင် ပြည်နယ် စစ်‌ကောင်စီဥက္ကဋ္ဌ၏ ‌ပြောကြားချက်ကို ကိုးကား၍ ပြည်နယ် ပြန်/ဆက်က ဧပြီ ၂၄ ရက်‌နေ့တွင် သတင်း‌ရေးသား‌ဖော်ပြထားသည်။

CDM ဝင်သည့်အတွက် တိမ်း‌ရှောင်ရသည့် ‌ကျောင်းဆရာမတစ်ဦးက “စစ်အာဏာရှင်‌တွေက လူစိတ်မရှိလို့ ပြည်သူ‌တွေကို လိုက်သတ်တယ်၊ လိုက်ဖမ်းတယ်။ အခု ‌ကျောင်းပြန်ဖွင့်မယ်ဆို‌တော့ ‌ရှောင်‌နေရတဲ့‌ကျောင်း ဆရာ/မ‌တွေကို အ‌ရေးမယူဘူး၊ ပြန်‌ခေါ်တယ်လို့ ဘယ်‌လောက်‌ပြော‌ပြော ကျမတို့က သူတို့ကို ဘယ်အခါမှ မယုံကြည်ဘူး။ သူတို့အုပ်ချုပ်တာကို ကျမတို့မလိုချင်လို့ CDM ဝင်တာ သူတို့အုပ်ချုပ်‌နေသ‌ရွေ့ အလုပ်ပြန် မလုပ်ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် CDM လှုပ်ရှားမှုအတွင်း ပါဝင်မှု‌ကြောင့် စစ်‌ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံရသည့် ‌ကျောင်းဆရာမ ဦး‌ရေ ၄ ဦး ထက်မနည်းရှိ‌နေပြီဖြစ်သည့်အပြင် တိမ်း‌ရှောင်‌နေရသည့် ‌ကျောင်းဆရာ/မ ဦး‌ရေ ရာနှင့်ချီရှိသည်ဟု သိရသည်။