ခေတ်သစ်ပညာရေးကို စတင်ဖြန့်ဝေခြင်း
S.မင်းခိုက်သူ (P.T.N)
သာသနာပြုများခေတ်သစ်ပညာရေးစတင်ခြင်း
အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ မသိမ်းပိုက်မီကပင် တိုင်းရင်းသားတို့သည် ခရစ်ယာန်သာသနာပြု
များ၏ ပညာရေးလုပ်ငန်းများနှင့် ထိတွေ့ခဲ့ကြပြီးဖြစ်သည်ဟု သမိုင်းပညာရှင်များက ဆိုကြသည်။ စတင်ဖြန့်ဖြူးလာသူများမှာ ဥရောပတိုက်က သာသနာပြုများ ဖြစ်ကြသည်။ ယင်းတို့၏သင်ကြားမှုမှာ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဘုန်းတော်ကြီးများ သင်ကြားပေးလာခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးရွယ်ရည်ချက် ကဲ့သို့ပင် ဘာသာရေးအပေါ်တွင် အခြေခံလျက်ရှိသည်။
အဂင်္လိပ်မြန်မာစစ်ပွဲပြီးသည့်အခါ အင်းဝတွင်နေသော နှစ်ခြင်းသာသနာပြု ဆရာယုဒသန်သည် ရန်ကုန်သို့ ပြန်လာပြီး မိမိဇရပ်ကိုဖျက်သိမ်း၍ ကျိုက္ခမီသို့ပြောင်းရွေ့သည်။ အဂင်္လိပ်ပိုင်ဖြစ်သွားသော ရခိုင်ကမ်းမြောင်ဒေသနှင့် တနသင်္ာရီကမ်းမြောင်ဒေသတို့တွင် ဘာသာရေးလွတ်လပ် ခွင့်ရှိသည်ဟု ယူဆသဖြင့် ကျိက္ခမီသို့ပြောင်းခြင်းဖြစ်သည်။ ၁၈၂၆ခုတွင်ကျိုက္ခမီ၌ ဆရာယုဒသန်၏ဇနီးက စာသင်ကျောင်းဖွင့်လှစ်သည်။ ၁၈၂၇ခုနှစ်တွင် ယင်းကျောင်းကို မော်လမြိုင်သို့ ပြောင်းရွှေ့သည်။ ၁၈၂၆ခု၊နိုဝင်ဘာတွင် ဆရာဝေ့ဒ်နှင့်ဇနီး၊ ၁၈၂၇ခု၊ဧပြီ၂၃ရက်တွင် ဆရာဘို့ဒ်မန် နှင့်ဇနီးတို့ရောက်လာသဖြင့် သာသနာပြုအင်အား ကောင်းလာသည်။
သူတို့သည် ကျိက္ခမီအထက်၂၅မိုင်ဝေးသော မော်လမြိုင်သို့ပြောင်းရွေ့သည်။ အဂင်္လိပ်စစ်တပ်ရှိသဖြင့် လုံခြုံမှုရှိ၍ လူအများအပြားလည်း ပြောင်းရွေ့လာကြသည်။ ဆရာယုဒဿန်သည် ပြည်၊ရန်ကုန်၊ ကရင်ပြည်နယ်သို့ လှည့်လည်၍ သာသနာပြုသည်။ ထိုမှစ၍ ဘာသာရေးနှင့်အတူ ပညာရေးကိုပါ သင်ပြပြီး ပြန့်ပွားလာခဲ့လေသည်။ သို့တွက်ကြောင့် နှစ်ခြင်းသာသနာသည် ဘုရားကျောင်းနှင့် သာသနာပြု စာသင်ကျောင်းများစွာကို မြန်မာနိုင်ငံအနှံ့ တည်ထောင်၍ သာသနာပြုနိုင်ခဲ့လေသည်။
စင်စစ် ဆရာယုဒသန်ထက် သာသနာပြုစောသူများလည်း ရှိလေသည်။ ညောင်ရမ်းခေတ် ဒုတိယ
နောက် ဆုံးမင်းဆက် တနဂင်္နွေမင်း(၁၇၁၃-၁၇၃၃)လက်ထက်တွင် အီတလီပြည်ရောမမြို့ ရဟန်းမင်း ကလိဖင့်သည် ခင်ကြီးဖာသာ စီဂျီကဲလ်ချီနှင့် သူ၏လက်ထောက် ဖာသာဗစ်တိုနီတို့ကို ၁၇၁၉ခုနှစ်တွင် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ တရုတ်နိုင်ငံမှတဆင့် ၁၇၂၁ခုနှစ်တွင် မြန်မာပြည်သို့ ရောက်ရှိလာကြသည်။ ဖာသာကယ်လချီသည် မီလမ်ရှိစိန့်အလက်ဇန္ဒား ကောလိပ်ကျောင်းအုပ်ကြီးဖြစ်သည်။ သိပံ္ပပညာအသင်အပြနှင့် ကျောင်းအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စအဝဝတို့တွင် အလွန်ကျွမ်းကျင် နှံ့စပ်သောကြောင့် အသက်၃၂နှစ်အရွယ်ကပင် ကောလိပ်ကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့သည်။ သူသည်မြန်မာနိုင်ငံသို့ ရောက်လာသည်မှာ ဆရာယုဒသန်ထက် စောလေသည်။
မြန်မာနိုင်ငံသို့ ရောက်လာသောအခါ မွန်ဘာသာနှင့် မြန်မာဘာသာ စကားစာပေတွေကို ဦးစွာသင်
၏။ ထို့နောက် ဖာသာကယ်လချီက ပဲခူးတွင်နေခဲ့ပြီး ဖာသာဗစ်တိုနီက အင်းဝသို့ဆန်တက်ခဲ့သည်။ သူတို့နှစ်ဦးသည် မကြာမီတွင် အင်းဝတနဂင်္နွေမင်းထံသို့ သွားရောက်ခဲ့ကြသည်။ မင်းနှင့်တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေသဖြင့် စက်မှုလုပ်ငန်းတည်ဆောက်ရန်နှင့် သူတို့အတွက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်းကိုပါ တည်ဆာက်ရန်ကို ခွင့်ပြုရုံတွင်မက တည်ဆောက်မှု ကုန်ကျစရိတ်များကိုလည်း တနဂင်္နွေမင်းက ခွင့်ပြုပေးခဲ့သည်။
အင်းဝ၊၁၁ရက်၊မတ်လ ၁၇၂၃ခုနှစ်တွင် ဖာသာကဲယ်လ်ချီက ရောမရှိဖာသာဂျင်နရယ်ကလော်ဒီယို စတျာဒါ ရဟန်းမင်းထံသို့ပေးပို့သော စာတစောင်၌ တနဂင်္နွေမင်းသည် အနောက်နိုင်ငံများမှ ပန်းချီဆေးရေ အတတ်၊ အထည်ရက်လုပ်မှုအတတ်၊ ဖန်ချက်အတတ်၊ နက္ခတ်ဗေဒင်အတတ်၊ စက်မှုအတတ်၊ ပထဝီအတတ် စသည့်ပညာရပ်များ၌ ကျွမ်းကျင်သူများကို အလိုရှိနေကြောင်း၊ သဘာဝ သယံဇာတ ပစ္စည်းများကို တိုးတက်ထုတ်လုပ်ရေး အတွက် ဘုရင့်ကျေးတော်မျိုး၊ ကျွန်တော်မျိုးများကို သင်ကြားပေးနိုင်မည့် ကျွမ်းကျင်သူ ဥရောပသားများကို တနဂင်္နွေမင်းက အလိုရှိကြောင်း စသည်ဖြင့် ဖော်ပြပါရှိလေသည်။(စာမော်ကွန်း၊ ဒေါက်တာမျိုးသန့်၏ တနဂင်္နွေမင်းနှင့် သိပ္ပံပညာဆောင်းပါး။ ၁၉၈၅ခု၊ဇွန်လ)
ခင်ကြီးကဲလ်ချီ၏ ကြိုးပမ်းချက်ဖြင့် မြန်မာနိုင်ငံ၌ ရိုမန်ကက်သလစ် သာသနာပြုကျောင်း တစ်ကျောင်း
တည်ထောင်ကာ ဥရောပကျမ်းဂန်စာအုပ်များကို စတင်သင်ကြားခဲ့လေသည်။ ၁၇၄ဝပြည့်နှစ်ခန့်တွင် ဘာနတိုက်အသင်းတော်ဝင် သာသနာပြုများသည် သံလျင်တွင်ကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်။ သို့သော် ဟံသာဝတီနှင့်အင်းဝတို့ ဖြစ်ကြသော စစ်ပွဲတွင် အဆိုပါကျောင်းများ ပျက်စီးသွားလေသည်။ ဤသို့ဖြင့် ၁၈ရာစု စောစောပိုင်းတွင် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော ခရစ်ယာန်သာသနာပြုများ၏ ပညာရေးလုပ်ငန်းများ စတင်ခဲ့ပြီးနောက်မှ ယာယီအားဖြင့် ရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် တိုးတက်လာခြင်း မရှိဟုဆိုရပါမည်။ အခြေအနေ ငြိမ်သက်သွားသောအခါ ၁၇၆ဝပြည့်နှစ် လောက်တွင် ရိုမန်ကက်သလစ် သာသနာပြုများသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး သာသနာပြုကြသည်။
၁၈၄၂ခုနှစ် နောက်ပိုင်း၌ ရိုမန်ကက်သလစ် သာသနာပြုကျောင်းများ တိုးပွားများလာသည်။ အထူးသဖြင့် မင်းတုန်းမင်းကြီး လက်ထက်တွင် မင်းကြီး၏ခွင့်ပြုချက်ဖြင့် သာသနာပြုရေးနှင့် ပညာသင်ကြားရေးပင်ဖြစ်သည်။ ရိုမန်ကက်သလစ်တို့အား ကိုလိုနီအဂင်္လိပ်အစိုးရ လက်ထက်တွင် ဘုရားကျောင်းနှင့် သာသနာပြုစာသင်ကျောင်း တည်ဆောက်ခွင့် ရရှိလေသည်။ ထို့ကြောင့် ဘုရားကျောင်းနှင့် သာသနာပြုစာသင်ကျောင်းများစွာကို တည်ထောင်လာနိုင်ခဲ့ကြလေသည်။
ခရစ်ယာန်သာသနာပြု (Missionary) မစ်ရှင်နရီသည် မြန်မာ့ပညာရေးကို စတင်အုတ်မြစ်ချပေး ခဲ့သည်ဟု ဆိုနိုင်ပါသည်။
အဂင်္လိပ်နှင့်မြန်မာတို့သည် စစ်ပွဲသုံးကြိမ်ဖြစ်ပွားသည်။ ၁၈၂၄/၂၆ခုနှစ်တွင် ပထမအဂင်္လိပ် မြန်မာစစ်ပွဲပြီးသည့်အခါ တနသင်္ာရီသံလွင်ဒေသနှင် ရခိုင်ဒေသကို အဂင်္လိပ်တို့အားပေးလိုက်ရသည်။ ထိုအခါ နှစ်ခြင်းသာသနာပြု ဆရာယုဒသန်သည် တနသင်္ာရီသံလွင်ဒေသတွင် ပါဝင်သောမွန်ပြည်နယ် ကျိက္ခမီနှင့် ကရင်ပြည်နယ်တို့သည် သာသနာပြုနှင့် ခေတ်သစ်ပညာရေးလုပ်ငန်းကို စတင်သင်ကြား ဖြန့်ဝေသည့်အပြင် တနသင်္ာရီဒေသလည်း ဖြန့်ဝေပေးသည်။ ထိုစဉ်က အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာ နိုင်ငံရှိ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ဒေသတို့သည် ခေတ်သစ်ပညာရေးကို စတင်သင်ကြားမှု မရှိသေးဘဲ ဘုန်းတော်ကြီးသင် ပညာရေးကိုသင်ကြား နေကြတုန်းပင် ရှိသေးသည်။
ထို့နောက် ၁၈၅၂/၅၃ခုနှစ်တွင် ဒုတိယအဂင်္လိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပြီးသည့်ခါ အောက်မြန် မာနိုင်ငံရှိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ဒေသတို့သည် အဂင်္လိပ်တို့အားပေးလိုက်ရပါ သည်။ ထိုအခါ ခရစ်ယာန်သာသနာပြုလုပ်ငန်းနှင့် ပညာရေးလုပ်ငန်းသည် အောက်မြန်မာနိုင်ငံဒေသသို့ ဆက်လက်ပြီး ဆောင်ရွက်ခွင့်ရသဖြင့် သာသနာရေးနှင့် ခေတ်သစ်ပညာရေးသည် ယင်းဒေသသို့ တိုးတက်ပြန့်ပွားလာခဲ့သည်။ သို့သော်လည်း အောက်မြန်မာနိုင်ငံသည် ဘုန်းတော်ကြီးသင် ပညာရေးမှာ ပျောက်ကွယ်ခြင်း မရှိဘဲ ဆက်လက်ပြီး သင်ကြားလျက်ပင် ရှိပါသည်။
ထို့ကြောင့် မြန်မာ့ပညာရေးသည် နှစ်မျိုးနှစ်စား တွေ့ရပါသည်။ “သာသနာပြုများ၏ပညာရေး” နှင့် အစဉ်အလာအရ ကျင့်သုံးလာသော “ဘုန်းတော်ကြီးသင်ပညာရေး” ဟူ၍ ပင်ဖြစ်သည်။ တစ်နည်းပြောရလျှင် အနောက်တိုင်းပညာရေးနှင့် အရှေ့တိုင်းပညာရေးပင် ဖြစ်သည်။ ယင်းနှစ်မျိုးနှစ်စား ပညာရေးသည် ၁ဝနှစ်ကျော်မျှ ကျင့်သုံးခဲ့ပြီးမှ မြန်မာ့ပညာရေးကို အုပ်စိုးသူ အဂင်္လိပ်အစိုးရ၏ ပညာရေးစနစ်အဖြစ် စတင်လာသည်ကို တွေ့ရပါသည်။
အဂင်္လိပ်ခေတ် ကိုလိုနီပညာရေးစတင်ခြင်း
ဗြိတိသျှအာဏာပိုင်တို့သည် မြန်မာ့ပညာရေးကို ၁ဝနှစ်ကျော်မျှ လျစ်လျူရှုထားခဲ့ပြီးနောက် ၁၈၆၇
ခုနှစ်သို့ရောက်မှသာ ပညာရေးဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈၇၆ခုနှစ်အထိ ပညာရေးဌာန ဟူ၍ သီးသန့်ဖွဲ့စည်းထားခြင်း မရှိခဲ့သဖြင့် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ပညာရေးရာ ဆောင်ရွက်မှုများမှာ အကွဲကွဲအပြားပြား ဖြစ်နေခဲ့ကြရသည်။
ပညာရေးဌာန စတင်ဖွင့်လှစ်စဉ်က ပညာမင်းကြီး မစ္စအက်စ်ဟောက်တစ်ဦးနှင့် စာရေးသူတစ်ဦး
သာရှိခဲ့သည်။ ပညာမင်းကြီးသည် ရန်ကုန်၌ အထက်တန်းကျောင်းဟူ၍ တစ်ကျောင်းမှ မရှိသဖြင့် အစိုးရ အထောက်အပံ့ခံ အလယ်တန်းကျောင်း နှစ်ကျောင်းကိုရွေးပြီး အထက်တန်းကျောင်း အဖြစ် အဆင့်မြင့်ပေးခဲ့သည်။ ထိုကျောင်းများမှာ မော်လမြိုင်မြို့မှ အလယ်တန်းကျောင်းတစ်ကျောင်းနှင့် ရန်ကုန်မြို့မှ ဒိုင်အိုစီစင် အလယ်တန်းကျောင်းများဖြစ်ကြသည်။
မြန်မာနိုင်ငံ၌ ဗြိတိသျှတို့ စတင်ကျင့်သုံးသော ပညာရေးစနှစ်မှာ ၁၈၃၅-ခုနှစ်က အိန္ဒိယနိုင်ငံ တွင် မစ္စတာမက္ကောလေး တင်သွင်းသည့်ပညာရေး အစီရင်ခံစာအပေါ်၌ အခြေခံထားသည်။ ၁၈၅၄-ခုနှစ်တွင် အရှေ့အိန္ဒိကုမ္ပဏီသည် မက္ကောလေး၏ အကြံပေးချက်ကို အနည်းငယ်ပြုပြင်၍ အိန္ဒိယနိုင်ငံ၌ လက်ခံကျင့်သုံးခဲ့သည်။ အိနိ္ဒယအုပ်ချုပ်ရေးကို ဗြိတိသျှပါလီမန်သို့ လွှဲပြောင်းပေးပြီးသည့် ၁၉၅၉-ခုနှစ် နောက်ပိုင်းအထိ ဗြိတိသျှအစိုးရသည် အရှေ့အိနိ္ဒယ ကုမ္ပဏီ၏ ပထမမူလ ပညာရေးစနစ်ကိုပင် ဆက်လက်ကျင့်သုံးခဲ့သည်။
မစ္စတာမက္ကောလေး၏ အကြံပေးချက်အပေါ်၌ အခြေခံသောပညာရေးစနစ်သည် မြန်မာနိူင်ငံကို ကျွန်သက်ရှည်အောင် အဓိကရည်ရွယ်ထားသောစနစ် ဖြစ်သည်ဟု ဆိုပါသည်။ ယင်းအခြေခံမူ သုံး
ရပ်မှာ-
၁။အရှေ့တိုင်းပညာရပ်နှင့်စာပေကိုအားပေး ချီမြောက်မည့်အစား ]]အနောက်တိုင်းပညာရပ်}}နှင့်အဂင်္လိပ် စာကို အားပေးချီးမြင့်ရန်။
၂။အဂင်္လိပ်ဘာသာစာပေကို သင်ကြားမှုမဏ္ဍိုင်အဖြစ် အသုံးပြုရန်။
၃။အသားရောင်အားဖြင့် ညိုသော်လည်း အဂင်္လိပ်စာပေကို တတ်ကျွမ်းပြီး အဂင်္လိပ်တို့ကဲ့သို့တွေးခေါ်
ကာ အဂင်္လိပ်စိတ်ပေါက်နေသော လူတန်းစားတရပ် မွေးထုတ်၍ ထိုလူတန်းစားကို တိုင်းရင်းသား
လူမျိုးများနှင့် အုပ်စိုးသူတို့ အကြာတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်စေရန် တို့ဖြစ်သည်။
ဗြိတိသျှတို့ သင်ကြားပေးသည်ဆိုသော “အနောက်တိုင်းပညာ” ဆိုသည်မှာ အမှန်အားဖြင့် ဂဏန်းသချင်္ာ တတ်မြောက်ခြင်းကိုပင် ဆိုလိုသည်။ ဗြိတိသျှအရာရှိတို့သည် အနောက်တိုင်းပညာကို အသုံးဝင်သည့်ပညာဟု အဆိုပြုကြသည်။ အထက်ပါ အချက်အလက်များအရ အဂင်္လိပ်စာသင်ကျောင်း
များသည် ကျဉ်းမြောင်းသော အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကိုသာ ဦးတည်ခဲ့သည်ဟု ပညာ ရှင်များက သုံးသပ်ပြ ထားသည်ကို တွေ့ရပါသည်။ ကျောင်းသားများအား မွန်မြတ်သော ရည်မှန်းချက်များကို မပေးစွမ်းနိုင် ခဲ့ဟုလည်း ဆိုပါသည်။
ဗြိတိသျှတို့သည် အထောက်အပံ့စနစ်ဖြစ် ပညာရေးကို စတင်အကောင်အထည် ဖော်ခဲ့သည်။ စနစ်အရ ဘုန်းကြီးကျောင်းများနှင့် အိမ်ကျောင်းများသည် တိုင်းရင်းသား ဘာသာသင်ကျောင်းများ အဖြစ် ရောက်ရှိလာသည်။ ခရစ်ယာန်သာသနာပြုကျောင်းများမှာ အဂင်္လိပ်မြန်မာနှစ်ဘာသာသင် ကျောင်းများ အဖြစ်သို့တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။ ယင်းသို့ဖြစ်ရသည်မှာ ဗြိတိသျှ အစိုးရ၏ မူဝါဒပေါ်လ စီအရ အဂင်္လိပ်ဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ် အသုံးပြုထားခြင်း ကြောင့်ဟု ဆိုပါသည်။
အထောက်အပံ့ခံ စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုခြင်းမှာ အိန္ဒိယနိုင်ငံ၌ ဤစနစ်သည်ငွေ ကုန်သက်သာ၍ ထိရောက်မှု ရှိခဲ့ခြင်းကြောင့် အလားတူပင် မြန်မာနိုင်ငံ၌လည်း အောင်မြင်လိမ့်မည် ဟုယူဆသည့် အတွက်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဗြိတိသျှတို့သည် ပညာရေးအတွက် ငွေကြေးထောက်ပံ့မှုမှာ မဖြစ်စလောက်သာရှိခဲ့သဖြင့် ကျောင်းများကို မတိုးချဲ့နိုင်ချေ။
အဂင်္လိပ်ခေတ်တွင် ပညာရေးသည် အမျိုးမျိုးပြုပြင် ပြောင်းလဲလျက်ရှိသည်။ အုပ်ချုပ်သူ အဂင်္လိပ်
အစိုးရတို့၏ ပေါ်လစီအတိုင်း လုပ်ဆောင်ကြရသည်ဟု ဆိုရပါမည်။
အဂင်္လိပ်ခေတ် လောကဓာတ်ကျောင်းများပေါ်ပေါက်လာခြင်း
ဗြိတိသျှအစိုးရခေတ်တွင် အထက်တန်းကျောင်းများ စတင်ပေါ်ပေါက်လာရသည့် အခြေခံ အကြောင်းရင်းမှာ ခရစ်ယာန်သာသနာပြုမှ စတင်ခဲ့သည်ဟုဆိုပါသည်။ ပထမဦးစွာ ခရစ်ယာန်သာ သနာပြုကျောင်းများသည် မြန်မာနိုင်ငံ၌ သာသနာပြုကြရင်း ထိုစဉ်က ကမ္ဘာ့ခေတ်မီပညာဟု သတ် မှတ်ကြသော လောကဓာတ်ဆိုင်ရာ သိပ္ပံဘာသာရပ်၊ ဂဏန်းသချင်္ာဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ် စသည်တို့ကို သင်ကြားပို့ချပေးကြသည်။ ယင်းကဲ့သို့ ခေတ်မီသော ဘာသာရပ် များသည် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထိုအခါ အဂင်္လိပ်တို့ကိုယ်တိုင် ထိုဘာသာရပ်ပါဝင်သော လောကဓာတ်ကျောင်းများကို ဖွင့်လှစ်ပေးလာခဲ့ရ လေသည်။
ထို့နောက် အုပ်စိုးသူအဂင်္လိပ်အစိုးရတို့သည် သူတို့၏ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားချောမောစွာ
လည်ပတ်စေရန်လည်းကောင်း၊ မြန်မာတိုင်းရင်းသားများအား အလုပ်အကိုင်ခန့်ထားပေးသည်ဟု အထင်ခံရ စေရန်လည်းကောင်း ထိုလောကဓာတ်ကျောင်းထွက်များကို စာရေး၊ စာချီအဖြစ်ခန့်အပ်ပြီး အစိုးရဝန်ထမ်းများ ဖြစ်လာခဲ့ကြသည်။ စင်စစ် ယင်းကိုလိုနီပညာရေးစနစ်သည် အသက်မွေးမှု အထောက်အကူ မပြုသော စာရေးဖြစ်ရုံ သက်သက်(ဝါ)ကျွန်ဖြစ်နိုင်ရုံ သက်သက်ကိုသာ ပေးစွမ်းသော ပညာရေးဟု ပညာရှင်များက သုံးသပ်ကြသည်။
ထို့ပြင် လောကဓာတ်ကျောင်းဆိုသည်မှာ ထိုခေတ်သုံးစကားဖြစ်ပြီး “ကိုလိုနီအစိုးရက ပြဌာန်း
သော သင်ရိုးညွှန်းတမ်းအရ သင်ကြားသောကျောင်း” ကို “လောကဓာတ်ကျောင်း” ဟုခေါ်ဆိုသည်။ ဗြိတိသျှ တို့သည် ၁၉၀ဝပြည့်နှစ် နောက်ပိုင်းတွင် ဘုန်းကြီးကျောင်းပညာရေးကို လောကဓာတ်ကျောင်း ပညာရေးဖြင့် အစား ထိုးခဲ့ရာ ဘာသာရေး သင်ကြားပို့ချမှုဖက်တွင် အထူးဆုတ်ယုတ် သွားသည်ဟု သုံးသပ်ထားသည် ကိုလည်း တွေ့ရလေသည်။
၁၈၉၁ခုနှစ်တွင် အထက်မြန်မာနိုင်ငံ၌ ရွာတစ်ရွာလျှင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိခဲ့သော်လည်း အောက်မြန်မာနိုင်ငံတွင် ရွာပေါင်း(၁၀ဝ)လျှင် (၇၅)ရွာ၌ ကျောင်းမရှိတော့သည့် အဖြစ်သို့ရောက်ရှိခဲ့ရသည်။ ပြည်သူလူထုများသည် ဘာသာရေး ကိုင်းရှိုင်းမှုဖက်၌ ရှေးကကဲ့သို့ လေးလေးနက်နက် မရှိတော့ဘဲဖြစ်လာ ခဲ့ကြသည်။ ဘာသာရေးဆုတ်ယုတ်မှုမှာ အထက်မြန်မာနိုင်ငံထက် အောက်မြန်မာနိုင်ငံ၌ ပို၍ဆိုးရွားလာသည်။
ဘာသာရေးဆုတ်ယုတ်မှု၏ အခြားအကြောင်း တစ်ရပ်မှာ ပြည်သူလူထု၏ စီးပွားရေး ကြပ်တည်းမှု ပင်ဖြစ်သည်။ လူငယ်လူရွယ်များမှာ ဘာသာယဉ်ကျေးမှုနှင့် ကင်းကွာလာပြီး အကျင့်စာရိတ္တလည်း အလွန် ပျက်ပြားလာခဲ့သည်။ တိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ ထုံးစံတို့ကို အနောက်တိုင်းယဉ်ကျေးမှု ဓလေ့ထုံးစံတို့က လွှမ်းမိုးလာခဲ့သည်ဟု ပညာရှင်များက မှတ်ချက်ပြုကြသည်။
အဂင်္လိပ်အစိုးရ၏ အခြေခံကျောင်းများ စတင်တိုးတက်လာခဲ့သလို သာသနာပြုကျောင်းသည်လည်း
အောက်မြန်မာနိုင်ငံ မြို့ရွာများစွာတွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိလာခဲ့လေသည်။ သို့တွက်ကြောင့် ထိုစဉ်က အဂင်္လိပ်ခေတ်တွင် ကျောင်းအမျိုးအစား သုံးမျိုးရှိခဲ့သည်ကို တွေ့ရလေသည်။
(၁)အဂင်္လိပ်ကျောင်း (angloschools) ၊ ဤကျောင်းမျိုးသည် အနောက်တိုင်းသားအတွက် အထူးသဖြင့် စီစဉ်ထားခြင်းဖြစ်သည်။
(၂)အဂင်္လိပ်မြန်မာကျောင်း (anglo-vemacular school) ၊ ဤကျောင်းများသည် အဂင်္လိပ် စာရော၊ ဗမာစာပါ အဓိကထားပြီး သင်ကြားကြသည်။ အဂင်္လိပ်ဘာသာမှာ ပထမအဓိကဘာသာ အဖြစ်နှင့် မြန်မာစာမှာမူ ဒုတိယအဓိကဘာသာအဖြစ် ထားရှိသည်။
(၃)တိုင်းရင်းသားကျောင်း (vemacular school) ၊ ဤကျောင်းများသည် ကျေးလက်တော ရွာတိုင်း လိုလိုမှာ ရှိကြပြီး အချို့မြို့များတွင်လည်း ရှိကြသည်။ အထူးသဖြင့် ဆင်းရဲသူ/ဆင်းရဲသား များ အတွက် ဖွင့်လှစ်ထားသည့် ကျောင်းများပင်ဖြစ်ကြသည်။
ထို့ကြောင့် အဂင်္လိပ်ခေတ်တွင် အပေါ်၌ တင်ပြခဲ့သလို မြန်မာနိုင်ငံပညာရေးကို ခေတ်မီသည့် ပညာရေးဖြစ်လာစေရန် စတင်အုတ်မြစ်ချ ပေးခဲ့သည်မှာ ခရစ်ယာန်သာသနာပြု (Missionary) မစ်ရှင်နရီ များပင်ဖြစ်ပြီး အဂင်္လိပ်ကိုလိုနီ အစိုးရက အသိအမှတ်ပြု၍ ပညာရေးကျောင်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိရလေသည်။
S.မင်းခိုက်သူ (P.T.N)
မှီငြမ်း။ ။(၁)အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှုသမိုင်းအကျဉ်း။
နိုဝင်ဘာလ၊ ၁၉၇၀-ပြည့်နှစ်၊ စာပေဗိမာန်ပုံနှိပ်တိုက်။
(၂)ကရင့်တော်လှန်ရေးသမိုင်း။ ဖူးစကောလယ်တော။