Home သတင်း ‌ကော့ကရိတ်မြို့ ဗုံး‌ပေါက်ကွဲမှုတွင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး ဒဏ်ရာရ။

‌ကော့ကရိတ်မြို့ ဗုံး‌ပေါက်ကွဲမှုတွင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး ဒဏ်ရာရ။

2231
Photo: .‌ကော့ကရိတ်မြို့ဆန္ဒပြမှုမှာ လုံခြုံ‌ရေး‌ဆောင်ရွက်‌နေသည့် စစ်‌ကောင်စီ ရဲတပ်ဖွဲ့။

ဧပြီလ ၁ ရက် ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့တွင် ယမန်‌နေ့ မတ် ၃၁ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်ကလက်ပစ်ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်သား နှစ်ဦး နှင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

‌ကော့ကရိတ်မြို့မရဲစခန်းအနီး မြန်မာ့စီးပွား‌ရေးဘဏ်တွင် စစ်‌ကောင်စီအဖွဲ့၏ ရဲ နှင့် တပ်မှ လုံခြုံ‌ရေး‌ဆောင်ရွက်‌နေစဉ် ဆိုင်ကယ်စီးလာသူ တစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာလုံခြုံ‌ရေးသတင်းအဖွဲ့ နှင့် နီးစပ်သူထံမှ သိရသည်။

ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားပြီး‌နောက် လက်နက်ငယ် ပစ်ခတ်သံ အချက် ၅ဝ ‌ကျော်ကြားရ‌ကြောင်း ‌ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ရက် ည ၈ နာရီ‌ကျော်ခန့်ကလည်း ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရုံးအား ဆိုင်ကယ်စီးလာသူတစ်ဦးမှ လက်ပစ်ဗုံးဖြင့်ပစ်‌ပေါက်ခဲ့ရာ ဗုံးသီးမှာ ရုံးအတွင်းသို့ မ‌ရောက်ဘဲ ရုံးအ‌ရှေ့ ‌ရေ‌မြောင်းဖုံးအနီး ‌ပေါက်ကွဲခဲ့၍ လူထိခိုက်ဒဏ်ရာရခြင်း‌တော့ မရှိခဲ့ပါ။

ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်‌ရေး လူထုလှုပ်ရှားများကို ‌ကော့ကရိတ်မြို့တွင်း၌ မပြုလုပ်နိုင်ဘဲ မြို့ပြင်‌ကျေးရွာများတွင်သာ ‌ဆောင်ရွက်‌နေကြခြင်းဖြစ်သည်။

ထိုသို့အလားတူပင် မြဝတီမြို့တွင်း၌လည်း စစ်‌ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်‌ရေးအဆင့်ဆင့် နှင့် တပ်အာဏာသိမ်းမှုကို ‌ထောက်ခံ‌သော အဖွဲ့အစည်းတစ်ချို့၏ သတင်း‌ပေးမှုများ‌ကြောင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှုများပြုလုပ်ရန် စတင်စုစည်းစဉ်မှာပင် အဖမ်းခံရမှုများနှင့် ‌နေအိမ် လူ‌နေရပ်ကွက်အထိ လိုက်လံဖမ်းဆီးခံရမှုများ ရှိ‌နေသည်။