Home သတင်း ခလယ်-တံခွန်တိုင်ရွာတွင် လာ‌ရောက်တပ်စွဲထားသည့်‌ကောင်စီတပ်များ မူလ‌နေရာပြန်သွားရန် ရွာသားများလိုလား

ခလယ်-တံခွန်တိုင်ရွာတွင် လာ‌ရောက်တပ်စွဲထားသည့်‌ကောင်စီတပ်များ မူလ‌နေရာပြန်သွားရန် ရွာသားများလိုလား

4014

ဧပြီ ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ရွာရဲစခန်းတွင် လာ‌ရောက်တပ်စွဲထားသည့် စစ်‌ကောင်စီတပ်များ ၎င်းတို့မူလ‌နေရာသို့ ပြန်သွားကြရန် ‌ဒေသခံရွာသားများက လိုလား‌နေကြသည်။

ရဲစခန်းတွင် ယခုလဆန်းပိုင်းကတည်းက ၎င်းတို့တပ်ဖွဲ့‌ရောက်လာပြီး‌နောက် သွားလာသူများကို စစ်‌ဆေး‌မေးမြန်း မှုများလုပ်‌ဆောင်သည့် အတွက် ‌ဒေသခံရွာသားအများအစု ရာဘာအစီးခြစ်လုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများ ရပ်နားထားလိုက်ပြီး ‌ဒေသ အတွင်း စစ်ပွဲပြန်လည်ဖြစ်ပွား လာမည်ကိုလည်း စိုးရိမ်သည်ဟု ရွာသားများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့အဖွဲ့‌ရောက်လာကတည်းက ညအချိန်ရာဘာအစီးသွားခြစ်တာ၊ လယ်‌တောဆင်းတာ‌တွေ မသွားရဲကြ‌တော့ဘူး။ ပစ်မ လားခတ်မလား ‌ကြောက်တယ်‌လေ။ လုံခြုံမှုမရှိ‌တော့သလို ဖြစ်လာတယ်။ တိုက်ပွဲပဲဖြစ်‌တော့မလား၊ ‌ပြေးရလွှားရ‌တော့မလား။ က‌လေးငယ်‌တွေနဲ့ဆို‌တော့ အရမ်း‌ကြောက်တယ်။ နှစ် ၅ဝ လုံးလုံး တိုက်ပွဲကြားမှာ ဖြတ်လာခဲ့ရပြီးပြီ။ ပြန်သွားကြဖို့ ‌မေတ္တာ ရပ်ခံပါတယ်” ဟု ဝင်း‌ရော်‌ဒေသခံ ‌နော်ကုကုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရော်‌ဒေသ တံခွန်တိုင်ရဲစခန်းဝင်း၌ ပြီးခဲ့သည့် ဧပြီ ၅ ရက်၊ ည ၇းဝဝ နာရီအချိန်တွင် စစ်‌ကောင်စီတပ်ဖွဲ့များနှင့် နယ်ခြား ‌စောင့်တပ်ဖွဲ့တို့ ပူး‌ပေါင်းတပ်စွဲ‌နေရာယူပြီး‌နောက် ရွာသားအများစု ညအချိန်လုပ်ငန်းခွင့် မသွားရဲ‌တော့သည့်အပြင် နိုင်ငံ့ဝန် ထမ်းများ၊ ဒီမိုက‌ရေစီအ‌ရေး‌တောင်းဆိုသူအများစု စစ်‌ဆေး‌မေးမြန်းခံရမည်ကို စိုးရိမ်သည့်အတွက် ရွာမှ စွန့်ခွာ‌ပြေး‌ရှောင်ရမှုများ လည်းရှိ‌ကြောင်း ‌ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

နိုင်ငံ‌တော်အာဏာအရပ်ရပ်အား စစ်တပ်မှ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် သိမ်းယူပြီး‌နောက် နိုင်ငံတစ်ဝှမ်း ဒီမိုက‌ရေစီနှင့် ဖက်ဒ ရယ်အ‌ရေး‌တောင်းဆိုဆန္ဒထုတ်‌ဖော်မှုများဖြစ်လာပြီး ဝင်း‌ရော်‌ဒေသတွင်လည်းသပိတ်စစ်‌ကြောင်းဖွဲ့စည်းကာ ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုမှုများလည်း ရှိသည်။