Home အယ်ဒီတာ့အာဘော် အကြမ်းဖက်မှုအံတုကာ ကိုယ်ပိုင်အနာဂတ် တည်‌ဆောက်‌နေသည့် သူရဲ‌ကောင်းပြည်သူများ (အယ်ဒီတာ့အာ‌ဘော်)

အကြမ်းဖက်မှုအံတုကာ ကိုယ်ပိုင်အနာဂတ် တည်‌ဆောက်‌နေသည့် သူရဲ‌ကောင်းပြည်သူများ (အယ်ဒီတာ့အာ‌ဘော်)

2120

အယ်ဒီတာ့အာ‌ဘော်

၂၀၂၁ခုနှစ်၏ ‌ဖေ‌ဖော်ဝါရီ ‌နွေဦး‌တော်လှန်‌ရေးမှာ တစ်လတာခရီးအထိ ‌ပေါက်‌ရောက်ခဲ့‌ပေပြီ။ စစ်အာဏာရှင် အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံး‌ရေးအတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ‌ကျေးရွာများ၌ လှည်း‌နေ ‌လှေ‌အောင်း မြင်း‌ဇောင်းမကျန် တိုင်းရင်းသားပြည်သူလူထုမှာ တစ်စိတ်တစ်ဝမ်းတည်း အတူလက်တွဲကာ အကြမ်းမ ဖက်၊ လက်နက်မဲ့စွာ တိုက်ပွဲဝင်‌နေကြသည်။

ပြည်တွင်းစစ် နှစ် ၇၀‌ကျော်အတွင်း မည်သို့မျှ ထင်မှတ်မထားခဲ့မိသည့် ရှစ်‌လေးလုံးနှင့် မတူ‌သော ဤလူထုတိုက်ပွဲကြီး ကို မည်သူမျှ အသိအမှတ်မပြု၍ မရ။ အိမ်နီးချင်းအ‌ရှေ့‌တောင်အာရှနိုင်ငံများသာမက ကမာ္ဘ့နိုင်ငံကြီးများကပါ အံ့ဩစွာ အချိန်ပြည့် ‌စောင့်ကြည့်ဝန်းရံ‌နေရသည်အထိ ဟန်ချက်ညီစွာ ဖြစ်တည်လာ‌သော လူထုလှုပ်ရှားမှုကြီးဖြစ်‌ပေသည်။ မတရား‌သော၊ အဓမ္မကျင့်စဉ်ကို ‌ခေတ်အဆက်ဆက် အဖိနှိပ်ခံ‌နေခဲ့ရသည့် တိုင်းပြည်ကြီးကို လူငယ်၊ လူထုအားဖြင့် ‌တော်လှန်ကယ်တင်‌နေကြသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့။ နိုင်ငံ‌တော်အတိုင်ပင်ခံ၊ နိုင်ငံ‌တော် သမ္မတနှင့် ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားလှယ်များ အပါ အဝင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံ‌တော်ကို အ‌ရေး‌ပေါ် အ‌ခြေအ‌နေ တစ်ဖက်သတ် ‌ကြေညာခဲ့သည်။ ရုပ်သံလိုင်းများ ဖြတ်‌တောက်မှု၊ အင်တာနက်လိုင်းများ ဖြတ်‌တောက်မှုအ ပြင် ဆက်သွယ်မှုများကို မလုံခြုံ‌အောင် ‌နှောက်ယှက်ခဲ့သည်။ ၎င်း‌နောက် NLD ပါတီ‌ခေါင်း‌ဆောင်များ၊ UEC တာဝန်ရှိ သူများ၊ မဲရုံတာဝန်ခံများနှင့် တက်ကြွလှုပ်ရှားသူများကို ဆက်တိုက် ဖမ်းဆီးလာခဲ့သည်။

‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့။ ရန်ကုန်၊ ‌နေပြည်‌တော်၊ မန္တ‌လေးမြို့များတွင် ဖမ်းဆီးခံ ‌ခေါင်း‌ဆောင်အားလုံး ပြန်လွှတ်‌ပေးရန် နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင် အလိုမရှိသည့် ဆန္ဒပြမှု စတင်ခဲ့ရာမှ ပြည်နယ်နှင့် တိုင်း‌ဒေသကြီး များရှိ ‌နေရာအသီးသီးမှ ပြည်သူလူထု၏ ဆန္ဒပြပွဲများမှာ အား‌ကောင်းလာခဲ့သည်။ (၂၂၂၂၂) တစ်ပြည်လုံး ဆန္ဒပြပွဲကြီး နှင့် ‌ဖေ‌ဖော်ဝါရီ ၂၈ရက် Milk Tea Alliance လူထုလှုပ်ရှားမှုမှာလည်း သမိုင်းဝင်‌နေ့များဖြစ်ခဲ့သည်။ သို့‌သော် ငြိမ်းချမ်း စွာ ဆန္ဒပြသူအချို့သာမက သာမန်ပြည်သူအချို့ အပြစ်မဲ့စွာ ‌သွေး‌မြေကျခဲ့ရမှုများမှာ ယ‌နေ့ နည်းပညာဆက်သွယ်‌ရေး ‌ခေတ်တွင် ကမာ္ဘကြီးအတွက် မှတ်တမ်းများနှင့် သက်‌သေထူခဲ့ကြပြီးဖြစ်သည်။

၂၁ရာစု နည်းပညာ‌ခေတ်တွင် မျိုးဆက်သစ်လူငယ်များနှင့် ဌာန‌ပေါင်းစုံ ဝန်ထမ်းများက ၎င်းတို့၏ ‌နေ့စဉ် ချီတက်ဆန္ဒ ပြမှုကို မပျက်မကွက် လှုပ်ရှားလျှက်ရှိကြသကဲ့သို့ သတင်းမီဒီယာများကလည်း တာဝန်‌ကျေပြွန်စွာ သတင်းတင်ဆက် ‌နေကြသည်။ တိုင်းရင်းသားပြည်သူလူထုသည် စစ်‌ကောင်စီ၏ လူစုခွဲဖြိုခွင်းမှုနှင့် နည်းမျိုးစုံ‌သော အကြမ်းဖက် တိုက် ခိုက်မှုများကြားက မိမိတို့၏ ဆန္ဒပြ သပိတ်စစ်‌ကြောင်းကို အသွင်‌ပြောင်းကာ မိမိတို့လိုလားသည့် ဦးတည်ချက်ပန်းတိုင် ‌ရောက်သည်အထိ မရပ်မနားတမ်း လှုပ်ရှားလာခဲ့ကြသည်မှာ ထူးခြား‌ပြောင်‌မြောက်မှုပင်ဖြစ်သည်။

နိုင်ငံတနံတလျားရှိ ‌နေရာအသီးသီးတွင် လူထုတိုက်ပွဲမှာ အရှိန်အဟုန် ကြီးမားစွာ စနစ်တကျ ချီတက်‌နေဆဲဖြစ်သလို အသက်နှင့်ထပ်တူ ထိခိုက်နစ်နာ ‌ပေးဆပ်မှုများ ရှိခဲ့သည်။ ထိုအ‌ခြေအ‌နေ၊ အခင်းအကျင်း အားလုံးကို နိုင်ငံတကာ သတင်းစာမျက်နှာများအထိတိုင် အသိ‌ပေးနိုင်ခဲ့သလို ကုလသမဂ္ဂ ‌ခေါင်း‌ဆောင်များထံသို့လည်း ကိုယ်စားပြုတင်ပြသူ များ ရှိနှင့်ပြီးဖြစ်သည့်အတွက် ဤသည်မှာ စွန့်စားမှုများကြားက ရရှိခဲ့သည့်ရလဒ်များပင် ဖြစ်သည်။

ယ‌နေ့မြန်မာပြည်သည် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူငယ် Generation-Z (G Z)နှင့် CDM ပြည်သူ့ဝန်ထမ်းများ၏ နိုင်ငံ‌ရေး‌တွေး‌ခေါ်‌မြော်မြင်မှုမှာ အစုအဖွဲ့ကိုယ်စားပြု မဟုတ်‌တော့ဘဲ တစ်ဦးချင်း‌ခေါင်း‌ဆောင်များအဖြစ် မည်သည့် အာဏာရှင်ကိုမျှ အလိုမရှိ‌တော့‌ကြောင်းနှင့် စစ်မှန်‌သော ဒီမိုက‌ရေစီကိုသာ အလိုရှိ‌ကြောင်း ၎င်းတို့၏ အနာဂတ်‌မျှော် လင့်ချက်အတွက် သူရဲ‌ကောင်းဆန်ဆန် ငြိမ်းချမ်းစွာ၊ ယဉ်‌ကျေးစွာ၊ စနစ်ကျစွာ တဆင့်ချင်း ချီတက်‌နေကြသည်။

မိမိတို့၏ ဒီမိုက‌ရေစီ အနာဂတ်ကို အကြမ်းဖက်မှုများ အံတု၊ တိုက်ပွဲဝင်ကာ ကိုယ်တိုင် တည်‌ဆောက်ယူ‌နေကြသည့် တိုင်းရင်းသားပြည်သူလူထု ဝန်ထမ်း‌ကောင်းများနှင့် အနာဂတ် မျိုးဆက်သစ်များ အားလုံးကို နိုင်ငံ့သူရဲ‌ကောင်းများ အဖြစ် ဂုဏ်ပြုအပ်ပါသည်။