Home သတင်း တိမ်း‌ရှောင် ခိုလှုံလာမည့် သူများအား အကာအကွယ်‌ပေးရန် ထိုင်းနိုင်ငံကို HRW တိုက်တွန်း

တိမ်း‌ရှောင် ခိုလှုံလာမည့် သူများအား အကာအကွယ်‌ပေးရန် ထိုင်းနိုင်ငံကို HRW တိုက်တွန်း

1311

မတ်လ ၁ဝ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော မြန်မာနိုင်ငံတွင် ဖြစ်ပွား‌နေသည့် ‌ဒေသတွင်း အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုအ‌ပေါ် အကြမ်းဖက် ဖြိုခွင်းမှုများနှင့် ညပိုင်းစီးနင်းဖမ်းဆီးမှုများ‌ကြောင့် နယ်စပ်‌ဒေသများတို့ တိမ်း ‌ရှောင်ခိုလှုံ လာနိုင်မည့် မြန်မာနိုင်ငံသားများကို အကာအကွယ်‌ပေးရန် လူ့အခွင့်အ‌ရေး ‌စောင့် ကြည့်‌ရေး (HRW)အဖွဲ့က ထိုင်းနိုင်ငံကို ယ‌နေ့ တိုက်တွန်း‌ပြောဆိုလိုက်သည်။

ထိုင်းအာဏာပိုင်များအ‌နေဖြင့် ထိုင်း-မြန်မာနယ်ခြားများကို ဖြတ်‌ကျော်ဝင်‌ရောက်လာမည့် မြန်မာ နိုင်ငံသားများကို အစစ်အ‌ဆေးမရှိ ပြန်လည်နှင်ထုတ်မှုများမပြုလုပ်ရန်နှင့် ‌ဒေသတွင်း မတည်ငြိမ်မှု များ‌ကြောင့် ခိုလှုံခွင့် ‌တောင်းခံလာသူများအားလုံးကို အကာအကွယ်‌ပေးသင့်‌ကြောင်း HRW ၏ ဒုက္ခသည်နှင့် ‌ရွှေ့‌ပြောင်းသူများ အခွင့်အ‌ရေးဆိုင်ရာ ဒါရိုက်တာ Bill Frelick ယခုလို‌ပြောသည်။

၎င်းက “ထိုင်းအာဏာပိုင်‌တွေအ‌နေနဲ့ မြန်မာပြည်က‌နေ ထွက်‌ပြေးလာကြတဲ့သူ‌တွေကို အတင်းပြန် နှင်လွှတ်တာ မျိုးမလုပ်သင့်ဘူး။ အကာအကွယ်‌ပေးမှု အသည်းအသန် လိုအပ်‌နေတဲ့ မြန်မာ ပြည် က အကြမ်းဖက်ဖြိုးခွင်းခံရတဲ့ နိုင်ငံ‌ရေး ခိုလှုံခွင့် ‌တောင်းခံသူ‌တွေကို ထိုင်းအစိုးရ အ‌နေနဲ့ ချက်ချင်း ခွင့်ပြု‌ပေးသင့်တယ်”ဟု ယ‌နေ့ထုတ်ပြန်သည့် HRW၏ ထုတ်ပြန်ချက်၌ ထိုသို့‌ပြောဆိုထားသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်ခြားမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်သို့ ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်း အာဏာပိုင်များမှ ပြန်လည်‌မောင်းထုတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး HRWမှ ယခုလို တိုက်တွန်းချက် ထွက်‌ပေါ်လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်း မငြိမ်မသက်ဖြစ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ခိုလှုံလာမည့် မြန်မာနိုင်ငံသားများကို လက်ခံကူညီထားရန် ထိုင်းအစိုးရအ‌နေဖြင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့ နယ် တွင် ‌နေရာ (၇) ‌နေရာပြင် ဆင်ထား‌ကြောင်း ယမန်‌နေ့က ထိုင်းအာဏာပိုင်များ၏ ‌ပြောကြားချက် အ‌ပေါ် ထိုင်းမီဒီယာများတွင် အကျယ်တဝင့်‌ဖော်ပြထားကြသည်။

အဆိုပါ ၇ ‌နေရာမှာ ထာ့‌ဆောင်ယန်းမြို့နယ် ဘန့်ဆွန်အွဲ့‌ကျေးရွာအုပ်စုရှိ ‌ဘောလုံးကွင်းနှင့် ထာ့ ‌ဆောင်ယန်း စာသင်‌ကျောင်းတွင်၂ ‌နေရာ၊ မယ်လမတ်မြို့နယ်ထဲရှိ မဲ့ကျ‌လောအုပ်စု ဝမ်းဖာ ‌ကျေးရွာ အမှတ် ၁၉ ‌လှေဆိပ်တွင် ၁ ‌နေရာ ၊ ဖုပ်ဖရမြို့နယ် ဝါ‌လေအုပ်စု ‌မော်‌ကေထိုင်းရွာ စာသင်‌ကျောင်းနှင့် ဝါ‌လေ‌ကျေးရွာစီမံခန့်ခွဲ‌ရေးရုံးထဲတွင် ၂ ‌နေရာ၊ မဲ‌ဆောက်မြို့နယ် မယ်ပ ‌ကျေးရွာ အုပ်စုရှိ နယ်စပ် ၅ မြို့နယ်အားကစားကွင်းနှင့် ထာ့ဆိုင်လွတ်အုပ်စုရှိ နယ်ခြား‌စောင့်တပ် အမှတ် (၃၄၆) ‌ဘောလုံးကွင်းတို့ ပါဝင်သည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို ထိုင်းစစ်တပ်မှ အဓိကဦး‌ဆောင်၍ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေပြီး နိုင်ငံတကာ NGO အဖွဲ့အစည်းများကို အဓိက ဖိတ်‌ခေါ်၍ စီစဉ် အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်‌နေ‌ကြောင်း နယ်စပ်အ‌ခြေစိုက် လူးသားချင်းစာနာ‌ထောက်ထားမှု ‌ပေး‌နေသည့်အဖွဲ့အစည်းများက အတည်ပြု‌ပြောဆိုသည်။

“စိုးရိမ်စရာ ကြီးကြီးမားမားရှိ‌နေတဲ့အ‌ပေါ်မှာ ထိုင်းအစိုးရ အ‌နေနဲ့ကလည်း ကြိုတင်ပြင် ဆင်ထား တာမျိုးပါ။ တကယ်လို့ကိစ္စက ဖြစ်လာပြီးဆိုရင် ဘယ်လို လုပ်‌ဆောင်သွားမလဲဆိုတာကို‌တော့ သူတို့သတ်မှတ်ထားတဲ့ ‌နေရာ‌တွေရှိတယ်။ ‌နောက်ပြီးအ‌ရေး‌ပေါ် အ‌ခြေအ‌နေ‌တွေ ဖြစ်လာပြီး ဆိုရင်လည်း ကိုဗစ်ကာကွယ်‌ရေးအတွက်ပါ၊ ကျန်းမာ‌ရေးဌာနကပါ လက်တွဲ ပါဝင်လာ ဖို့ ပြင်ဆင် ထားတဲ့အ‌နေအထားဖြစ်ပါတယ်”ဟု ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် လူးသားချင်း စာနာ‌ထောက် ထားမှု ‌ပေး‌နေသည့်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ စစ်‌ကောင်စီ၏ အမိန့်‌ပေးမှုကို လက်မခံနိုင်ဘဲ Civilian Disobedience Movement (CDM) လုပ်‌ဆောင်‌နေကြသည့် ရဲဝန်ထမ်းများအ‌နေဖြင့် မြန်မာအိမ်နီးချင်းနိုင်ငံ အိန္ဒိယဘက်သို့ ထွက်‌ပြေးခိုလှုံသူ များလည်းရှိခဲ့သည်။ အဆိုပါ ထွက်‌ပြေးခိုလှုံသူများကို ပြန်လည် လွှဲအပ်‌ပေးရန် အတွက်လည်း အိန္ဒိယနိုင်ငံကို စစ်‌ကောင်စီမှ ‌တောင်းဆိုထား‌ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားဖြတ်‌ကျော်ကာ ခိုလှုံခွင့်‌တောင်းခံသူမရှိ‌သေး ‌သော် လည်း နယ်စပ်‌ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ အုပ်ချုပ်နယ်‌မြေများအတွင်း ဝင် ‌ရောက်ခိုလှုံသူများရှိ‌နေပြီးဖြစ်သလို ထပ်မံဝင်‌ရောက်နိုင်‌ခြေရှိသည်ဟုလည်း သိရသည်။