Home သတင်း မြဝတီမြို့တွင် ဖမ်းဆီးခံရသူ ၈ဝ ခန့်ရှိပြီး အများစုမှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

မြဝတီမြို့တွင် ဖမ်းဆီးခံရသူ ၈ဝ ခန့်ရှိပြီး အများစုမှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

1921

မတ်လ ၁ဝ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ ‌ဖေ‌ဖော် ဝါရီလ ဒုတိယအပတ်မှစကာ မတ်လ ၉ ရက်‌နေ့အထိ ဖမ်းဆီးခံရသူ လူဦး‌ရေ (၈၀) ဝန်းကျင် ခန့်ရှိပြီးအများစုမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးခံရသူများထဲတွင် မတ်လ ၈ ရက်‌နေ့က ဖမ်းဆီးခံရသူများအနက် (၄) ဦးမှာအ သက် (၁၈) နှစ် မပြည့်‌သေးသူများဖြစ်၍ မတ်လ ၉ရက်‌နေ့က အာမခံဖြင့်လွှတ်‌ပေးခဲ့ ‌သော်လည်းအမှုဆက်လက်ရင်ဆိုင်ရဦးမည်ဟု ဖမ်းဆီးခံရသူများအား အခမဲ့ ဥပ‌ဒေအကူအညီ ‌ပေး‌နေ‌သော အကျိုး‌ဆောင်‌ရှေ့‌နေက ‌ပြောသည်။

“ဖမ်းဆီးခံရသူ ၈ဝ ဝန်းကျင်ထဲမှာ အများစုက ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှု ဖွင့်ခံထားရသလို သဘာဝ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပ‌ဒေ ပုဒ်မ ၂၅ဖြင့် အမှုဖွင့်ခံရသူ ၁ ဦး နှင့်ပုဒ်မ ၁၄၄ ‌ဖောက်ဖျက်မှုဖြင့် ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ခံရသူ ၁ ဦး ရှိပါတယ်။”ဟု အခမဲ့ ဥပ‌ဒေ အကူအညီ‌ပေး‌နေသည့် အကျိုး‌ဆောင်‌ရှေ့တစ်ဦးက ‌ပြောသည်။

လက်ရှိ မြဝတီမြို့တွင်း၌ မတ်လ ၁ ရက်‌နေ့မှစ၍ ‌နောက်ပိုင်းရက်များတွင် ဆန္ဒ‌ဖော်ထုတ်ရန် စတင်လူစုစဉ်တွင် ဖမ်းဆီးခြင်းခံ‌နေရ၍ ဆန္ဒပြပွဲများ ပြုလုပ်နိုင်ခြင်းမရှိခဲ့‌ပေ။