Home သတင်း CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ ‌နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်‌ရောက်ရှာ‌ဖွေ

CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ ‌နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်‌ရောက်ရှာ‌ဖွေ

1530

မတ်လ ၁ဝ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့ မတ်လ ၉ ရက်‌နေ့က ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ -CRPH မှ ခန့်အပ်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ ‌နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်‌ရောက်ရှာ‌ဖွေမှုပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မန်းဝင်းခိုင်သန်း၏ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မန်းဘခိုင်လမ်းရှိ ‌နေအိမ် အား ယ‌နေ့ မတ်လ ၉ ရက်‌နေ့ မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များမှ ဝင်‌ရောက်ရှာ‌ဖွေမှုများ ပြုလုပ်ခဲ့သည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများက ‌ပြောသည်။

“ရဲတပ်ဖွဲ့ ကား ၃ စီးခန့်ဖြင့် မွန်းလွဲ ၂ နာရီ‌လောက်က လာကြတာပါ ။ အခု‌တော့ သူတို့ပြန် သွားကြပါပြီး။ ဘာ‌တွေပါသွားလဲဆိုတာ‌တော့ အတိအကျ မသိရဘူး”ဟု ပြည်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

CRPH မှ ဒုသမ္မတအဖြစ် ခန့်အပ်ခြင်းခံရ‌သော မန်းဝင်းခိုင်သန်းသည် ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး ‌ကောက်ပွဲ၌ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အနိုင်ရကိုယ်စားလှယ်ဖြစ်ပြီး ယခင်က အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်း‌ဆောင်ခဲ့သူလည်း ဖြစ်သည်။