Home သတင်း ၇၃ နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့နှင့် စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲ‌လေး‌ကေ့‌ကော်မြို့တွင် ပြုလုပ်

၇၃ နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့နှင့် စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲ‌လေး‌ကေ့‌ကော်မြို့တွင် ပြုလုပ်

2121

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌နေ‌နော်

ယ‌နေ့ကျ‌ရောက်သည့် (၇၃) နှစ်‌မြောက် ကရင်အမျိုးသား‌နေ့အခမ်းအနားနှင့် စစ်အာ ဏာသိမ်းမှု ကန့်ကွက်ပွဲကို မြဝတီမြို့၏ ‌တောင်ဘက် ၁ဝ မိုင်ခန့်အကွာ မြဝတီခရိုင် ‌လေး‌ကေ့‌ကော်မြို့သစ် ‌ကော်သဝါ‌ဈေးကွင်းတွင် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက် နံနက် ၁ဝ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကရင်တိုင်းရင်းသား ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး အခမ်းအနားတွင် ကရင်အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံအား ရှင်းလင်း‌ပြောကြားခြင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး မှ‌ပေးပို့လာ‌သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ ကရင်အမျိုးသားသီချင်းသံပြိုင်သီဆို၍ ကရင်တိုင်းရင်းသားအလံ‌တော်အား အ‌လေးပြုခဲ့ကြပါသည်။

၎င်း‌နောက် လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော စစ်အာဏာသိမ်းမှုအား ကန့်ကွက်ရှုတ်ချသည့်အ‌နေနဲ့ ‌ကြွေး‌ကြော်သံ (၇)ရပ်ဖြစ်‌သော “စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဖျက်သိမ်း‌ရေး၊ ဖမ်းဆီးထားသူများလွှတ်‌ပေး‌ရေး၊ ‌ဆွေး‌နွေးညှိနှိုင်း‌ဖြေရှင်း‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေး ၊ မဟာလူမျိုးကြီးဝါဒ အလိုမရှိ အစရှိသည့် ‌ကြွေး‌ကြော်သံပြိုင်သံပြိုင်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ထိုသို့‌နောက် ‌လေး‌ကေ့‌ကော် ၊ မဲ့‌ထော်သ‌လေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ‌သေ‌ဘောဘိုး၊ အစရှိသည့် ‌ကျေးရွာများမှ ကရင်တိုင်းရင်းသား ၁၀၀ဝ ‌ကျော်ခန့် ပူး‌ပေါင်း၍ မြဝတီမြို့တွင်းသို့ ချီတက်လှည့်လည်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေး ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

မြဝတီမြို့တွင် ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့၌
၅ ရက်‌မြောက်‌နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒပြပွဲကို လူဦး‌ရေ ၅ ‌သောင်းဝန်းကျင်ဖြင့် ဆက်လက်ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် ယ‌နေ့နံနက် ၉ နာရီခန့်က မြဝတီ အမှတ် ၁ ချစ်ကြည်‌ရေးတံတားထိပ် ဘုရင့်‌နောင်လမ်းမကြီး ‌ပေါ်တွင် ဆန္ဓ‌ဖော်ထုတ်မှုပြုလုပ် စု‌ဝေး‌နေစဉ် ဆန္ဒပြဦး‌ဆောင်သူ ကိုထွန်းမြင့်နိုင် အပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ၎င်းတို့လွတ်‌မြောက်‌ရေးအတွက် မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံး‌ရှေ့ ဘုရင့်‌နောင်လမ်းမ‌ပေါ်တွင် ပြည်သူလူထု ရာနှင့်ချီ၍ ‌တောင်းဆို ဆန္ဒ‌ဖော်ထုတ်လျက်ရှိ‌ကြောင်း သိရသည်။