Home သတင်း ‌ကြေညာထားသည့်အတိုင်း ‌ရွေး‌ကောက်ပွဲပြန်လုပ်မည်ဟု စစ်‌ကောင်စီ၏‌ကော်မရှင်‌ပြော

‌ကြေညာထားသည့်အတိုင်း ‌ရွေး‌ကောက်ပွဲပြန်လုပ်မည်ဟု စစ်‌ကောင်စီ၏‌ကော်မရှင်‌ပြော

1821

‌ဖေ‌ဖေါ်ဝါရီ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

အ‌ရေး‌ပေါ်ကာလ တစ်နှစ်ပြီး‌နောက် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲပြန်လုပ်မည်ဖြစ်ပြီး နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေပိုင်းဆိုင်ရာများနှင့် လိုအပ်သည်များကို အကြံပြုနိုင်‌ကြောင်း အာဏာသိမ်းစစ်‌ကောင်စီကဖွဲ့ထားသည့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က‌ပြော‌ကြောင်း သိရသည်။

အဆိုပါ ‌ကော်မရှင်သစ်နှင့် နိုင်ငံ‌ရေးပါတီများ‌တွေ့ဆုံပွဲကို ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၂၆ ရက်) တွင် ‌နေပြည်‌တော်ရှိ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ရုံး၌ကျင်းပခဲ့ပြီး ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့သည်များနှင့်ပတ်သက်၍ အစည်းအ‌ဝေးသွားတက်ခဲ့သူ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဌ ‌စောမြတ်ထွဋ်ဝင်း ယခုလို‌ပြောသည်။

“အ‌ခြေအ‌နေသိရ‌အောင် တာဝန်‌ပေးလို့ ကျ‌နော်သွားတက်တယ်။ ‌ထွေ‌ထွေထူးထူး‌တော့ မရှိဘူး။ သူတို့‌ပြောတာ ‌ကြေညာထားတဲ့အတိုင်း ‌ရွေး‌ကောက်ပွဲ ပြန်လုပ်မယ်။ ဥပ‌ဒေ‌တွေဘာ‌တွေ အကြံပြုချင်တာရှိလဲ ဆိုပြီး‌ပြောတယ်။ တချို့ တိုင်းရင်းသား ပါတီ‌တွေက ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ ခက်ခက်ခဲခဲနိုင်ထားတာ ဒါ‌တွေ ကိုဘယ်လို ပြန်လုပ်‌ပေးမလဲ‌မေးတယ်။ သူတို့က ‌တော့‌ကြေညာထားတဲ့ အတိုင်းပဲ ‌ရွေး‌ကောက်ပွဲ ပြန်လုပ်မယ်လို့ ‌ပြောတယ်” ၎င်းက ‌ပြောသည်။

ထို့ပြင် ‌ကော်မရှင်အ‌နေဖြင့် ယခင်က ဥပ‌ဒေများကို ‌ကျော်လွန်ပြီး ညွှန်ကြားချက်များ ထုတ်ခဲ့သည့်အတွက် ရှုပ်‌ထွေးမှုများ ရှိခဲ့‌ကြောင်း ပြန်ကျင်းပမည့်‌ရွေး‌ကောက်ပွဲတွင် ထိုသို့မဖြစ်‌စေရန် စီစဉ်သွားရန်ရှိသည်ဟု‌ပြော‌ကြောင်း သိရသည်။

လက်ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ ရုံးများကို ဝင်‌ရောက်စစ်‌ဆေးခြင်းများရှိ‌နေသလို နိုင်ငံ‌ရေးပါတီများကို အ‌ရေးယူရန် ရှိမရှိ ‌မေးမြန်းမှုများကိုလည်း ‌ကော်မရှင်က ဥပ‌ဒေအတိုင်သား ‌ဆောင်ရွက်သွားမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း ‌စောမြတ်ထွဋ်ဝင်းက ဆက်‌ပြောသည်။

“ပါတီ‌တွေကို အ‌ရေးယူဖို့ရှိလား ဆိုတာကိုလည်း ‌မေးကြတယ်။ သူတို့က ဘာမှပြန်မ‌ပြောဘူး။ ဥပ‌ဒေအတိုင်းပဲတဲ့ စစ်‌နေတယ်။ ‌နေ့တိုင်းအလုပ်လုပ်‌နေတယ်လို့ ပဲ‌ပြောတယ်။ ရက်ခြား ရက်ခြား ထုတ်ပြန်‌နေတယ်။ ဥပ‌ဒေနဲ့အညီ ‌ဆောင်ရွက်သွားမယ်လို့ ‌ပြောတယ်” ဟု ၎င်းက ‌ပြောသည်။

‌ကော်မရှင်သစ်နှင့် နိုင်ငံ‌ရေးပါတီများ‌တွေ့ဆုံပွဲသို့ ပါတီ ၅၃ ပါတီ တက်‌ရောက်ခဲ့ပြီး ကရင်ပါတီများဖြစ်‌သော ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီတို့ တက်‌ရောက်ခဲ့မှုအ‌ပေါ် ကရင်လူမှုအဖွဲ့အစည်း ၁၅ ဖွဲ့က ကန့်ကွက်‌ကြောင်း ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၂၆ ရက်တွင်သ‌ဘောထားထုတ်ပြန်‌ပြောဆိုထားသည်။

ထားဝယ်မြို့အ‌ခြေစိုက် ကရင်လူမှုအဖွဲ့တခုဖြစ်သည့် တာက‌ပေါအဖွဲ့၏အကြံ‌ပေး ‌နော်ပိသ‌လောက “‌ဖေ‌ဖော်ဝါရီ တစ်ရက်က စစ်တပ်က အာဏာသိမ်းကတည်းက ကျမတို့ ပြည်သူ‌တွေက အစိုးရတစ်ရပ်အ‌နေနဲ့ အသိအမှတ်မပြုသလို ဆက်ဆံမှုလည်းမလုပ်ဘူး။ ဒါ‌ပေမဲ့ ကရင်ပါတီ သုံးပါတီကသွားပြီး အဆက်အဆံလုပ်တဲ့အတွက် ‌နောင်အခါ ဒီပါတီ‌တွေနှင့် ကျမတို့ ပူး‌ပေါင်း‌ဆောင်ရွက်မှာမဟုတ်သလို ‌ထောက်ခံအား‌ပေးသွားမှာ လည်းမဟုတ်ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်က ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းလိုက်ပြီး‌နောက် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ‌ကော်မရှင်သစ်အ‌နေဖြင့် တရားဝင်နိုင်ငံ‌ရေးပါတီများနှင့်‌တွေ့ဆုံပွဲကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သလို ကရင်ပြည်သူများက ‌ကော်မရှင်သစ်နှင့် သွား‌တွေ့သည့် ကရင်သုံးပါတီကို ‌ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။