Home သတင်း လူမျိုး‌ပေါင်းစုံ သပိတ်စစ်‌ကြောင်း စုရပ်‌ပြောင်း ချီတက်ဆန္ဒပြ

လူမျိုး‌ပေါင်းစုံ သပိတ်စစ်‌ကြောင်း စုရပ်‌ပြောင်း ချီတက်ဆန္ဒပြ

1944

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ် စစ်‌ကြောင်းသည် ရန်ကုန်မြို့၊ ‌မြေနီကုန်း တံတား‌အောက်တွင် စုရပ်လုပ် ချီတက်ဆန္ဒထုတ်‌ဖော်ရန် ကနဦး စီစဉ်ထား‌သော်လည်း လက်ရှိ လုံခြုံ‌ရေးအ‌ခြေအ‌နေအရ ပဒုမ္မာလမ်းတွင်စုရပ်လုပ်ပြီး ချီတက်ဆန္ဒထုတ်‌ဖော် သွားမည်ဖြစ်သည်။

” ကျ‌နော်တို့ မ‌နေ့က လုံခြုံ‌ရေး ကိစ္စတိုင်ပင်ထားတယ်၊ တခုခုဆို ထွက်မ‌ပြေးကြပါနဲ့၊ စုစုစည်းစည်း ရင်ဆိုင်ကြမယ်၊ ရိုးရာ လက်‌ဝှေ့ အဖွဲ့ကလည်းလုံခြုံ‌ရေး ယူ‌ပေးထားပါတယ်” ဟု သပိတ်‌ကော်မတီ တာဝန်ရှိသူ တဦးက ‌ပြောသည်။
လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ် စစ်‌ကြောင်းသည် ယ‌နေ့တွင်ကျ‌ရောက်သည့် မွန်အမျိုးသား‌နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန္ဒထုတ်‌ဖော် သွားမည် ဖြစ်သည်။

လက်ရှိ ‌မြေနီကုန်း တံတား‌အောက်တွင် စစ်ကားများ၊ ရဲများက အဆင်သင့်‌နေရာယူထားသလို တံတား‌အောက်သို့ လာရာလမ်းထိပ်များတွင်လည်း ရဲများက ‌နေရာယူထားသည်ကို‌တွေ့ရသည်။